Lotayamm

“အလုပ်ရရန် သေချာမည့် Interview ဖြေနည်း (၅) ချက်”
lunge.media
|
2019-03-25



ဒီဆောင်းပါးက အဓိကအားဖြင့်တော့ အခုမှ အလုပ်စလုပ် ၊ Interview တွေစဖြေကြမယ့် လူငယ်တွေအတွက် ရည်ရွယ်ပါတယ် ။ ပြောရရင် အလုပ်တစ်ခု ဝင်ခွင့်ရခြင်း ၊ မရခြင်းက မိမိရဲ့ Interview ဖြေဆိုပုံ နဲ့ 60% လောက်ထိ တိုက်ရိုက်အချိုးကျနေပါတယ် ။

ဒီအတွက် အလုပ် Interview ဖြေရမယ့် Shortlist ထဲ ကိုယ်ပါပြီဆို အောက်ပါ အချက်တွေကို ကြိုတင်ပြင်ဆင် လေ့လာဖို့ လိုအပ်ပါတယ် ။

(၁) လုပ်ငန်းခွင်အကြောင်းကို အစုံအလင်သိရှိနေပါစေ

ကိုယ်ဝင်မယ့် အလုပ်က ဘယ်လို Company လဲ ၊ ဘယ်လို အဖွဲ့အစည်း လဲ ဆိုတာသေချာသိရှိသွားဖို့လိုပါတယ် ။ Employer တော်တော်များများက သူတို့ဆီ အလုပ်လာလျှောက်တဲ့ လူတွေက သူတို့လုပ်ငန်းခွင်အကြောင်းကို သေချာ သိရှိရဲ့လား ဆိုတာကို Interview မေးခွန်းတွေထဲ ထည့်မေးတတ်ပါတယ် ။

(၂) မိမိ အကြောင်းကို ကောင်းမွန်စွာပြောပြတတ်အောင် လေ့ကျင့်ပါ

ကိုယ့်အကြောင်းကိုယ် ပြောပြရတာ အလွယ်ဆုံးဆိုပေမယ့် Interview ရောက်တဲ့အခါမှာတော့ အလွဲလွဲ အချော်ချော် တွေဖြစ်တတ်ပါတယ် ။ အဲ့လိုမဖြစ်ရအောင် Interview မဖြေခင်ကတည်းက ကိုယ့်ဖက်က သူတို့ကို ဘာတွေပြောပြချင်လဲ ဆိုတာသေချာပြင်ဆင်သွားပါ ။

(၃) Interview နေ့မှာ အပြုအမူ အမှားတွေမလုပ်မိအောင် ဂရုပြုပါ

Interview အချိန်မတိုင်ခင် ၁၀ မိနစ် ကြိုစောပြီး လာပါ ။ Interview ဖြေနေစဉ်အတွင်း ဖုန်းပိတ်ထားပါ ။ Employer ဖက်က မေးခွန်းမေးနေစဉ်မှာ စကားဖြတ်မပြောပါနဲ့ ။

(၄) ကိုယ်ရည်ကိုယ်သွေး ထုတ်ပြတတ်ပါစေ

ကိုယ်လျှောက်မယ့် Position နဲ့ပတ်သတ်ပြီး ဘယ်လောက် အတွေ့အကြုံ ရှိတယ် ၊ ဘာတွေလုပ်ဖူးတယ် ၊ နောက်ထပ်လည်း ဒီ Profession နဲ့ပတ်သတ်ပြီး ပိုပြီး တိုးတတ်အောင် ကြိုးစားသွားမယ့် အကြောင်း ပြောပြပါ ။

(၅) မိမိဖက်က သေချာတဲ့ အာမခံချက်ပေးပါ

ပြောရရင် Employer တွေဆိုတာလည်း သူတို့ လုပ်ငန်းခွင်မှာ အကောင်းမွန်ဆုံး စွမ်းဆောင်ပေးနိုင်မယ့် ဝန်ထမ်းကိုပဲ အလုပ်ခန့်လိုကြတာပါ ။ အဲ့အတွက် ကိုယ့်ဖက်က သူတို့ လုပ်ငန်းအတွက် ဘယ်လို အထောက်အကူ ပေးမည်ဖြစ်ကြောင်း ၊ အစွမ်းကုန်ကြိုးစားနိုင်မည်ဖြစ်ကြောင်း အာမခံချက်ပေးဖို့လိုပါတယ် ။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..