ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲ ကျင်းပ
yangonmedia.com
|
2019-04-01




ကီယက်ဗ်၊ မတ် ၃၁


ယူကရိန်းနိုင်ငံတွင် မတ် ၃၁ ရက်က သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မဲရလဒ်ကောက်ယူမှုများ မပြီးဆုံးသေးသော်လည်း လက်ရှိယူကရိန်းသမ္မတ ပက်ထရိုပိုရိုရှန်ကိုနှင့် ဗလာဒီမာဇာလင်စကီတို့ နှစ်ဦးအား လူကြိုက်များ နေသည်ဟု မတ် ၃၁ ရက် သတင်းများအရ သိရသည်။


ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲစနစ်သည် ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်သော စနစ်ဖြစ်သည်။အကယ်၍ ကော်မရှင်ကြေညာချက်အရ မည်သူမျှ မဲဆန္ဒ ၅ဝ ရာခိုင်နှုန်းကျော်မရရှိဘဲအနိုင်အရှုံး မပြတ်သားပါက ဧပြီ ၂၁ ရက်တွင် ထပ်မံကျင်းပမည့် ဒုတိယအကျော့ရွေး ကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ကြရမည်ဖြစ်သည်။



ယူကရိန်းနိုင်ငံသည် ခရိုင်းမီးယားကျွန်းဆွယ် ပင်လယ်နက်ဒေသရှိ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှားနိုင်ငံ၏ ၂ဝ၁၄ ခုနှစ်တွင် သိမ်းပိုက်ခံခဲ့ရသော နိုင်ငံဖြစ်သည်။ နိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ၌ ခွဲထွက်ရေးသမားများ ဆူပူလှုပ်ရှား နေသည်ဟု ရုရှားကအကြောင်းပြသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂစာရင်းများအရ ယင်းသိမ်းပိုက်မှုတွင် လူပေါင်း ၉၅ဝဝ ခန့် သေဆုံးခဲ့ရပြီး ၃၃၂၁ ဦးမှာအရပ်သားများဖြစ်ကြသည်။ ပက်ထရိုပိုရိုရှန်ကိုသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်အားအဓိကအတိုက်အခံပြုဆန့်ကျင်နေသူဖြစ်သည်။

Ref: CNN

#DEMOCRACYTODAY





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..