Lotayamm

မြေကမ္ဘာနေ့အတွက် ရည်ရွယ်ကာ အီဖယ်လ်တာဝါကို အမှောင်ချ
yangonmedia.com
|
2019-04-01




ပဲရစ်၊ မတ် ၃၁


ယခုနှစ်တွင် ကျရောက်သည့် မြေ ကမ္ဘာနေ့အတွက် ရည်ရွယ်ပြီး အများပြည်သူကို ဆွဲဆောင်မှု ပြုလုပ်သည့်အနေဖြင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကမ္ဘာကျော် အီဖယ်လ်တာဝါကို မတ် ၃၁ ရက်တွင် အမှောင်ချခဲ့ကြောင်းသိရသည်။ ရာသီဥတု ပြောင်းလဲမှုနှင့် ကမ္ဘာဂြိုဟ် အတွက် လူသားများပြုလုပ်သည့် ခြိမ်း ခြောက်မှုများကို အရေးယူဆောင်ရွက်ရေး တွန်းအားပေးရန် ပတ်ဝန်းကျင်ရေးရာအ ဖွဲ့(WWF)မှ စီစဉ်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အခမ်းအနားကို (၁၃) ကြိမ်မြောက် ကျင်းပသည့်အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ ည ၈ နာရီ မိနစ် ၃ဝ အချိန် တွင် ကျင်းပကြခြင်းဖြစ်သည်။


ယင်းကျင်းပမှုများထဲတွင် နယူးယောက် မြို့ရှိ အင်ပါယာစတိတ် အဆောက်အအုံ၊ ဘရာဇီးရှိ ခရစ်တော်ရုပ်တုကြီးနှင့် ဆစ်ဒနီ အော်ပရာခန်းမတို့လည်း ပါဝင်ကြသည်။ အီဖယ်လ်တာဝါကို အမှောင်မချမီ ပဲရစ်မြို့တော်ဝန် အန်နီဟီဒါဂိုနှင့် အငယ်တန်း ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဘွန်နီ ပွိုင်ဆန်တို့သည် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းကျ ဆင်းလာမှုတို့အကြောင်း အများပြည်သူတို့နှင့် ဆွေးနွေးပွဲပြုလုပ်ရန် သက်တမ်းအ နှစ် ၁၃ဝ ရှိ တာဝါအောက်ခြေသို့ ရောက် ရှိခဲ့ကြသည်။ ၂ဝဝ၇ ခုနှစ်မှစတင်ကာ နှစ်စဉ် မြေ ကမ္ဘာနေ့ကို ကျင်းပလာခဲ့ပြီး ယခုအချိန်တွင် နိုင်ငံနှင့် နယ်မြေပေါင်း ၁၈ဝ ကျော်တွင်ကျင်းပ နေကြပြီဖြစ်ကြောင်း စီစဉ်သူ များက ဆိုသည်။

Ref: Reuters

#DEMOCRACYTODAY





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..