ကင်ဂျွန်နမ် လုပ်ကြံခံရခံရမှုမှ ဗီယက်နမ်အမျိုးသမီး မေလတွင် ပြန်လည်လွတ်မြောက်မည်
popolay.com
|
2019-04-01

မြောက်ကိုရီးယားခေါင်းဆောင်၏ ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ “ကင်ဂျွန်နမ်”အားအဆိပ်ငွေ့ဖြင့် လုပ်ကြံသတ်ဖြတ်မှုအတွက် စွပ်စွဲဖမ်းဆီးထားသော ဗီယက်နမ်အမျိုးသမီး “Doan Thi Huong”အား ပြစ်ဒဏ်လျော့ပေါ့ရန်အသနားခံခဲ့ပြီးနောက် လာမည့် မေလတွင် ပြန်လည်လွတ်မြောက်ဖွယ်ရာရှိကြောင်း သူမရဲ့ ရှေ့နေက ပြောဆိုလိုက်ပါတယ်။

“ကင်ဂျွန်နမ်”အားအဆိပ်နဲ့ လုပ်ကြံမှုအတွက် တရားရင်ဆိုင်ရာ မလေးရှားတရားရုံးမှာပဲအမှုကို ဂျူရီလူကြီးများအား ဆုံးဖြတ်ရန် လွှဲပြောင်းခဲ့ပြီးနောက် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် မျှတမှုရှိကြောင်း ကြိုဆိုလိုက်ပါတယ်။

“Doan Thi Huong” ဟာ စတင်ဖမ်းခံရစဉ် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီကစပြီး ထောင်ထဲမှာ ၃ နှစ်နဲ့ ၄ လ ထိမ်းသိန်းခံထားရပြီးဖြစ်ပါတယ်။ ဒါပေမယ့် မေလမှာ ကွင်းလုံးကျွတ်ပြန်လည် လွတ်မြောက်လာမယ့်အမိန့်စာ တရားဝင်မထွက်လာသေးပါဘူး။

“မေလ ပထမတ်မှာပဲ Doan Thi Huongအိမ်ပြန်ရမှာပါ” လို့ သူမရဲ့ ရှေ့နေ Hisyam The Poh Teik က ရှာအလမ်တရားရုံးရဲ့အပြင်ဘက်မှာ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

သူမနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့အင်ဒိုနီးရှားအမျိုးသမီးကို ပြီးခဲ့တဲ့လက ပြန်လွှတ်ပေးခဲ့ပေမယ့် သူ့ကိုတော့ ဆက်ပြီးတရားစွဲဆိုထားခဲ့တာဖြစ်ပါတယ်။အမျိုးသမီးနှစ်ဦးစလုံးက လူသတ်မှုအတွက် ငြင်းဆိုခဲ့ကြပြီး သူတို့ဟာ နောက်ကွယ်က ကြိုးကိုင်ကြံစည်သူတွေရဲ့ ဓါးစာခံဖြစ်ခဲ့ရတယ်လို့အခိုင်အမာ ပြောဆိုရင်ဆိုင်ခဲ့ကြပါတယ်။








“အခုလို တရားမျှတတဲ့အဆုံးအဖြတ်အတွက် ကျမဝမ်းသားပါတယ်၊ ဘက်မလိုက်တဲ့ ဆုံးဖြတ်ချက်အတွက် မလေးရှားအစိုးရကိုလည်း ကျေးဇူးတင်ပါတယ်” လို့ Doan Thi Huong က ပြောကြားခဲ့ပါတယ်။




Some text some message..