Lotayamm

အမေရိကန်နိုင်ငံက ဗဟိုအမေရိက သုံးနိုင်ငံကို ကူညီထောက်ပံ့ပေးနေမှုများ ရပ်ဆိုင်း
yangonmedia.com
|
2019-04-01




ဝါရှင်တန်၊ မတ် ၃၁


အမေရိကန်နိုင်ငံသည် အယ်လ်ဆာဗေဒို၊ ဂွါတီမာလာနှင့် ဟွန်ဒူးရပ်စ်နိုင်ငံများအား ကူညီ ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ကူညီမှုများအား ရပ်ဆိုင်းလိုက် ကြောင်း ယင်းနိုင်ငံများသည် အမေရိကန်နိုင်ငံအတွင်းသို့ တရားဝင် ရွှေ့ပြောင်းလိုသူများအား မတားဆီးသည့်အပြင်အမေရိကန်-မက္ကဆီကိုနယ်စပ်တံတိုင်း တည်ဆောက် နေခြင်းများအား ခြိမ်းခြောက်ခြင်း များပြုလုပ်ခဲ့ကြကြောင်း အမေရိ ကန်သမ္မတဒေါ်နယ်ထရန့်က မတ် ၂၉ ရက်ကထုတ်ဖော်ပြောဆိုလိုက် ကြောင်း မတ် ၃၁ ရက်သတင်းများ အရသိရှိရသည်။


ယင်းသုံးနိုင်ငံမှ ရွှေ့ပြောင်းခိုလှုံသူများသည် အ မေရိကန်နိုင်ငံတောင်ဘက်နယ် စပ်များမှတစ်ဆင့် ပြီးခဲ့သောရက် ပိုင်းများအတွင်းက ဝင်ရောက်လာခဲ့ကြသည်ဟုလည်း စွပ်စွဲပြောဆိုလိုက်သည်။ နောက်ထပ်လည်း တရားမဝင်ထပ်မံ ဝင်ရောက်ရန် နယ်စပ်တွင် စုဝေးစခန်းချပြင်ဆင် နေကြသည်ဟုလည်း ထုတ်ဖော် ပြောဆိုလိုက်သည်။



ယင်းကြောင့် တစ်ပတ်အတွင်းတောင်ဘက်နယ်စပ်များအား ပိတ်ရန်စဉ်းစားနေပြီဖြစ်သည်ဟုလည်း သမ္မတဒေါ်နယ်ထရန့်က ထုတ် ဖော်ပြောဆိုလိုက်သည်။ အမေရိကန်တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့တွင် ဒီမိုကရက်ပါတီမှဦး ဆောင်ကာ ဆန္ဒပြပွဲများပြုလုပ် ရန်စီစဉ်နေပြီဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရန့်က တောင်ဘက် နယ်စပ်ပိတ်ရန် စီစဉ်နေခြင်းသည် အဆင်ခြင်မဲ့ခြင်းဖြစ်သည်ဟု အ မေရိကန်အထက်လွှတ်တော် နယူး ဂျာစီပြည်နယ်အမတ် ဘော့မီနန် ဒက်(စ်) ကထုတ်ဖော်ပြောဆိုလိုက်သည်။

Ref:CNN

#DEMOCRACYTODAY





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..