လေပြင်းတိုက်ပြီး ဈေးဆိုင်ထီးကြီးနဲ့အတူပါသွားသူ (ရုပ်သံ)
popolay.com
|
2019-04-01

ရုပ်သံကိုကြည့်သူတိုင်း ကြက်သီးမွေးညှင်းထလောက်အောင် ဖြစ်ခဲ့ရပါတယ်။ မတ်လ ၂၅ ရက်နေ့က တူရကီနိုင်ငံတောင်ပိုင်းက မြို့တစ်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ရုပ်သံမှာ လေပြင်း တိုက်မှုကြောင့် လမ်းဘေးဈေးရောင်ရာမှာသုံးတဲ့အကြီးစားထီးကြီးနဲ့အတူအမျိုးသားတစ်ဦး မိုးပေါ်မြောက်တက် လွင့်ပါသွားခဲ့ပါတယ်။







ရုပ်သံမှာ လေပြင်းတိုက်နေတာကြောင့်အမျိုးသား ၃ ဦးအနီးနားမှာရှိတဲ့ ဈေးထီးကြီး (ထော်လီလှည်းမှာစိုက်ထား)အောက်ကို ဝင်ခိုရာမှာ လှည်းပေါ် ခြေထောက် တင်မီပြီး ၃ ဦးသားပါးသွားမလို ဖြစ်တုန်းမှာအမျိုးသားနှစ်ယောက်က ပြန်ဆင်းခဲ့ပါတယ်။ Ismet Icoz ဆိုသူ တစ်ယောက်ကတော့ ထီးကြီးနဲ့အတူအတော်မြင့်မြင့် ပါသွားခဲ့ပြီး ပြန်ခုန်ချခဲ့ရာမှာ ခြေချင်းဝတ်လည်ပြီး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံပို့ခဲ့ရကြောင်း ရိုက်တာ သတင်းကို ပြောကြားခဲ့ပါတယ်။





Some text some message..