April Fools’ Dayအကြောင်း စိတ်ဝင်စားစရာကောင်းတဲ့အချက်(၇) ချက်
shwemom.com
|
2019-04-01

April Fools’ Day ဟာ ရှေးဟောင်းရောမ ပွဲတော်တစ်ခုဖြစ်တဲ့ ဟီလာရီရာပွဲတော်နဲ့ ဆက်စပ်နေပါတယ်။ ဟီလာရီရာပွဲတော်မှာဆိုရင် လူတွေဟာ ရုပ်ဖျက်ပြီး ဝတ်ဆင်သွားလာကြပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာတော့ ဧပြီလ (၁)ရက်နေ့ကို April Fools’ နေ့အဖြစ် သတ်မှတ်ထားပြီး ၎င်းနေ့ဟာ လူ့သဘာဝထဲက ရယ်စရာအဖြစ်တွေကို ဖော်ညွှန်းတဲ့နေ့လည်း ဖြစ်နေပါတယ်။အောက်မှာဖော်ပြပေးထားတာတွေကတော့ April Fools’ Dayအကြောင်း သင်သိသင့်တဲ့အချက်(၇) ချက်ပဲ ဖြစ်ပါတယ်။


www.history.com

၁. April Fools’ Day ဟာ ဘယ်ကစခဲ့တယ်ဆိုတာ မသိရပေမယ့် ၎င်းနေ့ ဖြစ်တည်လာခဲ့တာအချိန်အတော်ကြာပြီလို့ မှတ်သားရပါတယ်။

၂.အချို့သမိုင်းပညာရှင်တွေကတော့ လွန်ခဲ့တဲ့ (၁၅၈၂) ခုနှစ်ထဲက April Fools’ စခဲ့တာပါတဲ့။

၃. ဗြိတိန်လူမျိုးတွေကတော့ April Fools’ နေ့မှာဆိုရင် တစ်ယောက်နဲ့ တစ်ယောက်အရမ်းခင်မင်ကြရင် ဒီလိုနေ့မျိုးမှာအပျော်သဘော ဇာတ်လမ်းတွေအမျိုးမျိုးထွင်ပြီး စနောက်ကြပါတယ်။

၄. April Fools’ နေ့ဟာ ရှေးခေတ်ရောမပွဲတော် ဟီလာရီရာနဲ့ ဆက်စပ်နေပါတယ်။

၅.ရှေးခတ်ဗြိတိန်မှာ နွေဦးရာသီရဲ့ ပထမဆုံးနေ့ဖြစ်တယ်လို့ သတ်မှတ်ထားတယ်ဆိုတဲ့အချက်နဲ့လည်း ဆက်နွယ်နေပါတယ်။

၆. စကော့တလန်မှာတော့ April Fools’ နေ့ကို (၂)ရက်တိုင်တိုင် ကျင်းပပါတယ်။အချင်းချင်းတွေ တစ်ယောက်နဲ့ တစ်ယောက် စိတ်မဆိုး ဆိုးအောင် မဟုတ်တမ်းတရား ပေါက်ကရတွေ ပြောဆိုပြီး နောက်ပြောင်လေ့ ရှိပါတယ်။

၇. ယနေ့ခေတ်မှာဆိုရင်တော့ မဟုတ်မမှန်တဲ့ သတင်းတွေကို လွှင့်ပြီး ခင်မင်ရာ သူငယ်ချင်းတွေတင် ဆေးထိုးတာမဟုတ်တော့ပဲအခြားလူတွေကိုပါအပျော်အနေနဲ့အရူးလုပ်တာတွေ ရှိလာပါတယ်။

လင်းလင်း (ShweMom)

Ref: indiatoday




Some text some message..