သားရဲကွီးနဲ့ လှယမငျး (Beauty and The Beast) ပုံပွငျရဲ့နောကျကှယျက စိတျထိခိုကျဖှယျ ဖွဈရပျမှနျ
yoyarlay.com
|
2018-09-18



နတ်သမီးတစ်ပါးက ကျိန်စာတိုက်လို့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကြီးအဖြစ် ပြောင်းလဲသွားခဲ့ရတဲ့ မင်းသားလေးဟာ တစ်စုံတစ်ယောက်ရဲ့ အချစ်စစ် အချစ်မှန်ကိုရမှ လူအဖြစ်ပြန်ပြောင်းလို့ရမယ်ဆိုတဲ့

ဒဏ္ဍာရီပုံပြင်လေးကို လူအတော်များများ ကြားဖူးနေကြမှာပါ။ နောက်ဆုံးမှာတော့ မင်းသမီးလေးရဲ့အချစ်ကိုရသွားလို့ မင်းသားလေးလည်းလူပြန်ဖြစ်ပြီး မင်းသမီးလေးနဲ့ ပျော်ရွှင်စွာ အသက်ထက်ဆုံးပေါင်းဖက်သွားကြလေသတည်းပေါ့။ ဒါပေမဲ့ အပြင်လောက က တကယ့်အဖြစ်အပျက်ကတော့ အခုလို စိတ်ချမ်းသာစရာကောင်းတာရောဟုတ်နေရဲ့လား…။

၁၇၄ဝ ခုနှစ်မှာ ပြင်သစ်စာရေးဆရာဖြစ်တဲ့ ကာဘရီး ဆူဇန် (Gabrielle-Suzanne) ဟာ ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်မှန် သားရဲကြီးနဲ့ လှယမင်းအကြောင်းစာအုပ်ကို ပထမဆုံး ထုတ်ဝေခဲ့ပါတယ်။ တကယ့်အပြင်က “သားရဲကြီး” ဆိုတာ ၁၅၃၇ ခုနှစ်က ကာနရီကျွန်းစုမှာ မွေးဖွားခဲ့တဲ့ ပေထရို ဂွန်ဆဗွန် (Petrus Gonsalvus) ဆိုတဲ့ လူတစ်ယောက်ပါ။ သမိုင်းမှာ မှတ်တမ်းတင်ထားမှုအရ သူဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံးသော သမန်းဝံပုလွေရောဂါ ( X ခရိုမိုဆုမ်းတွင် နောက်ထပ်ခရိုမိုဆုမ်း အပိုတစ်စုံပါရှိနေသောကြောင့် ပုံမှန်မဟုတ်ပဲ ခန္ဓာကိုယ်တွင် အလွန်အမင်း အမွေးအမှင်များ ထွက်ပေါ်စေသော ရောဂါလက္ခဏာစု) ကိုခံစားနေခဲ့ရတဲ့သူဖြစ်ပါတယ်။




အဲဒီခေတ်အခါက ဆေးပညာဗဟုသုတတွေ မထွန်းကားသေးတာကြောင့် ၁ဝ နှစ်သားပဲရှိသေးတဲ့ ပေထရိုကို သားရဲတိရစ္ဆာန်လို့ မှားယွင်းစွပ်စွဲကာ လှောင်အိမ်ထဲ ဖမ်းဆီးခေါ်ဆောင်ပြီး ပြင်သစ်ဘုရင် အွန်နရီ (၂) (King Henry II) ရဲ့နန်းတက်ပွဲအတွက် လက်ဆောင်အဖြစ် ပြင်သစ်ကို ပို့ဆောင်ခံခဲ့ရပါတယ်။




ဒါပေမဲ့လည်း ပြင်သစ်ဘုရင်အွန်နရီ(၂) က ပေထရိုကို ပညာသင်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သားရဲတိရစ္ဆာန်ပုံ ပေါက်နေတဲ့ ပေထရိုကို ပညာသင်လို့မရလောက်ဘူးလို့ ထင်ခဲ့ကြပေမဲ့ ညဏ်ကောင်းတဲ့ ပေထရိုဟာ လက်တင်ဘာသာအပါအဝင် အခြားဘာသာစကားအနည်းငယ်ကိုပါ တတ်မြောက်ခဲ့တဲ့အပြင် လူကုံထံတော်ဝင်အသိုင်းအဝိုင်းမှာ နေထိုင်ရမယ့် ကျင့်ဝတ်ထုံးတမ်းတွေကိုပါ လေ့လာနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဘုရင်ဟင်နရီနန်းသက်မှာ ပေထရိုဟာ ပြင်သစ်တော်ဝင်နန်းတော်မှာ အရေးပါတဲ့ သူတစ်ယောက် ဖြစ်ခဲ့ပေမဲ့လည်း ဟင်နရီဆုံးပါးသွားတဲ့နောက် သူကြင်ယာဖြစ်တဲ့ ဘုရင်မ ကက်သရင်းဒယ်မယ်ဒီချီ( Catherine de’Medici) နန်းတက်လာတဲ့အချိန်မှာတော့ ပေထရိုကို အိမ်မွေးတိရစ္ဆာန်သဖွယ် ဆက်ဆံခဲ့ပါတယ်။ အကျင့်တန်တယ်လို့နာမည်ကြီးတဲ့ ဘုရင်မကက်သရင်းဟာ “ဒီကောင်ကို မိန်းမချောချောရှာပေးပြီး သမန်းဝံပုလွေလို ကလေးမျိုးတွေမွေးလာရင်တော်တော်ရယ်ရမှာပဲ”ဆိုတဲ့အတွေးနဲ့ပေထရိုကို နန်းတွင်းကအပျိုတော်တစ်ယောက်နဲ့ ပေးစားခဲ့ပါတယ်။




ပေထရိုနဲ့သူ့ဇနီးဟာ ကလေး (၇) ယောက်ရခဲ့ပြီး ကလေးတွေထဲက (၄) ယောက်လောက်ဟာ ဘုရင်မကက်သရင်းဖြစ်စေချင်ခဲ့သလို သမန်းဝံပုလွေရောဂါ ခံစားခဲ့ရပါတယ်။ ဒါကြောင့်မို့ သူတို့မိသားစုဟာ ပြင်သစ်နန်းတွင်းတဝိုက်မှာ ဟာသဖျော်ဖြေရေးအနေနဲ့ အမြဲလှည့်လည်ပြသခံခဲ့ရပါတယ်။







ပုံတူပန်းချီကားတွေထဲမှာ သူတို့မိသားစုကို နန်းဝတ်နန်းစားနဲ့ကောင်းကောင်းမွန်မွန်မြင်ရပေမဲ့လည်း တကယ့်အပြင်မှာတော့ ဆပ်ကပ်ထဲက တိရစ္ဆာန်တွေလို ဟာသအနေနဲ့ပြသခြင်းခံရတာဖြစ်ပြီး ဥရောပတိုက်တစ်ခုလုံးက သိပ္ပံပညာရှင်တွေရဲ့အစမ်းသပ်ခံတွေအဖြစ် တစ်ဘဝလုံးနေသွားရတာဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ပေထရိုရဲ့သမန်းဝံပုလွေရောဂါခံစားနေရတဲ့ကလေးတွေကို တခြားတော်ဝင်မိသားစုတွေဆီကို လက်ဆောင်ပဏ္ဏာအဖြစ် ပို့ဆောင်ခြင်းခံရတာပဲ ဖြစ်ပါတယ်။







သားရဲကြီးနဲ့ လှယမင်း (Beauty and The beast) အကြောင်းဟာ ၁၉၉၇ မှာ အင်နီမေးရှင်းကာတွန်းကားအနေနဲ့ထွက်ရှိခဲ့ပြီး ၂၀၁၇မှာတော့ အမ်မာဝပ်ဆင်(Emma Watson)၊ ဒန်စတီဗင်(Dans Stevens) တို့နဲ့ ရုပ်ရှင်ဇာတ်ကားအဖြစ် ဒစ္စနေးက ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။

Ref: “The real life inspiration for the beauty and the beast”

Elsa (ရိုးရာလေး)




Some text some message..