5 Reasons Why You Need to Try Barefoot Shoes
mmtimes.com
|
2019-05-09



ဒစ်ဂျစ်တယ်ငွေကြေး၊ Cryptocurrency များသည် ဗဟိုဘဏ်က တရားဝင်သတ်မှတ်ထားသည့် ငွေကြေး မဟုတ်ကြောင်းနှင့် လဲလှယ်ရောင်းဝယ်ခြင်းများ လုပ်ကိုင်ရန် မည်သည့်ငွေရေးကြေးရေးအဖွဲ့အစည်းကိုမျှ ခွင့်ပြုထားခြင်း မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ကမ္ဘာ့နိုင်ငံများကြားတွင် တရားဝင်ခွင့်ပြုသည့်နိုင်ငံများ ရှိသလို၊ တရားမဝင် ပိတ်ပင်ထားသည့် နိုင်ငံများလည်း ရှိနေသော ဒစ်ဂျစ်တယ်ငွေကြေး(Cryptocurrency) ရောင်းဝယ်မှုများကို မြန်မာပြည်တွင် ဈေးကွက်တစ်ခုအနေနှင့် လုပ်ဆောင်နေကြပြီလားဟု မေးရတော့မည် ဖြစ်သည်။

အကြောင်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဂျစ်တယ်ငွေကြေး (Cryptocurrency) များကို တရားဝင်သတ်မှတ်ထားခြင်း မရှိကြောင်းနှင့်(Cryptocurrency) လဲလှယ်ရောင်းဝယ်ခြင်းများ လုပ်ကိုင်ရန်လည်း မည်သည့်ငွေရေးကြေးရေးအဖွဲ့အစည်းကိုမျှ ခွင့်ပြုထားခြင်း မရှိဟု ယခုလ ၃ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်ကပါ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ရသည်အထိ ဖြစ်ခဲ့သောအဆိုပါဒစ်ဂျစ်တယ် ငွေကြေး(Cryptocurrency) ဝယ်ယူ စုဆောင်းမှုများသည် ယနေ့အချိန်တွင် တစ်စတစ်စ များပြား လာနေသည်ဟု ပြည်တွင်းငွေရေးကြေးရေး ကျွမ်းကျင် ပညာရှင်များက ပြောသည်။

လူပုဂ္ဂိုလ်တစ်ဦးချင်းကအွန်လိုင်းငွေစာရင်း (Account) ဖွင့်လှစ်ကာ ဝယ်ယူ နေကြခြင်းကြောင့် တရားဝင် ကိန်းဂဏန်းအရ ဖော်ပြရန် ခက်ခဲသော်လည်း ဝယ်ယူစုဆောင်းသူ ပမာဏ တိုးတက်လာလျက်ရှိသည်ဟု ၎င်းတို့က ဆိုသည်။

ဝယ်ယူစုဆောင်းသူပမာဏ များလာခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကပင် မေလ ၃ ရက်က ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။ ဒစ်ဂျစ်တယ်ငွေကြေး(Cryptocurrency) များသည် ဗဟိုဘဏ်က တရားဝင်သတ်မှတ်ထားသည့် ငွေကြေး မဟုတ်ကြောင်းနှင့် ဒစ်ဂျစ်တယ်ငွေကြေး လဲလှယ်ရောင်းဝယ်ခြင်းများလုပ်ကိုင်ရန် မည်သည့်ငွေရေး ကြေးရေးအဖွဲ့အစည်းကိုမျှ ခွင့်ပြုထားခြင်း မရှိကြောင်းကိုလည်း ထုတ်ပြန်ခဲ့သည်။

"တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားတာ မရှိတာကြောင့် ဒီအပေါ်မှာ ဝယ်ယူစုဆောင်းတာ၊ ရောင်းဝယ်တာတွေဟာ ဆုံးရှုံးနိုင်ခြေများပါတယ်။ တရားဝင် မဟုတ်ခြင်းကြောင့်ဘဲ တစ်ခုခုဆိုရင် ဘယ်အဖွဲ့အစည်းကမှ ဖြေရှင်းပေးနိုင်မှာလည်း မဟုတ်ပါဘူး"ဟုအမည်မဖော်လိုသူ ပြည်တွင်းငွေကြေး ပညာရှင် တစ်ဦးက ပြောသည်။

(Cryptocurrency) သည် လက်ဆုပ်လက်ကိုင်အဖြစ်အကောင်အထည် ဖော်ပြနိုင်ခြင်း မရှိသော်လည်း ချက်လက်မှတ်၊ ကူပွန်များကဲ့သို့ပင် ရောင်းဝယ်မှု လုပ်ကိုင်နိုင်သည့် ဒစ်ဂျင်တယ် ကုဒ်တစ်မျိုးဖြစ်သည်။ ပြည်တွင်းငွေကြေးတန်ဖိုး မတည်ငြိမ်မှုခြင်းနှင့် လွဲပြောင်းပေးချေးရန် လွယ်ကူမှုများကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် (Cryptocurrency)များကို ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်နိုင်သည့် ငွေကြေးများအဖြစ်အသုံးပြုမှုများ ရှိကြသည်။

ကမ္ဘာ့ဒစ်ဂျစ်တယ် ငွေကြေးဈေးကွက်တွင် ဒစ်ဂျစ်တယ်ငွေကြေးအမျိုးအစား ၂,၅၀ဝ ကျော်အထိ ရှိလာနေပြီး Bitcoin (BTC) Bitcoin Cash (BCH), Litecoin (LTC), Ethereum (ETH) တို့သည် ဈေးကွက်အတွင်း လူသိများသော ဒီဂျစ်တယ်ငွေကြေးများဖြစ်သည်။

Cryptocurrency သုံးစွဲနိုင်မှုအခြေအနေကို ကြည့်လျှင် တရုတ်၊အိန္ဒိယ၊အီကွေဒေါ၊အင်ဒိုနီးရှား၊ မော်ရိုကို၊ ဇမ်ဘီယာ၊ နီပေါနှင့် နီပေါနိုင်ငံများတွင် လုံးဝကန့်သတ်ထားကြောင်း ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဝက်ဘ်ဆိုက် ဃသငည.ိညေခန တွင် ဖော်ပြထားသည်။


Bitcoin ဈေးနှုန်းများသည် ဈေးကွက်တွင်ဆက်တိုက်ကျဆင်းလျက်ရှိသည်။

ထို့အတူအာဖဂန်နစ္စတန်၊ ပါကစ္စတန်၊အယ်လ်ဂျီးရီးယား၊ ဘိုလစ်းဗီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မက်ဆီဒိုးနီးယား၊ ဆော်ဒီအာရေဗျ၊ ဗာနူအာနှင့် ဗီယက်နမ်နိုင်ငံတို့တွင်မူ ဒစ်ဂျစ်တယ်ငွေကြေးများကို တရားမဝင် ငွေကြေးအဖြစ် လုံးဝပိတ်ပင်တားဆီးထားသည်။ ၎င်းနိုင်ငံများအနေဖြင့် ဒစ်ဂျစ်တယ်ငွေကြေးများသည် နိုင်ငံ၏ ဘဏ္ဍာရေးစနစ်ကို ခြိမ်းခြောက်မှုဖြစ်လာနိုင်သည်ဟုဆိုကာ ဆုံးဖြတ်ချက်ချမှတ် ပိတ်ပင်ထားကြသည်။

ဒစ်ဂျစ်တယ်ငွေကြေးများကိုအပြုသဘောဆောင်သည့် နိုင်ငံများအဖြစ် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံများဖြစ်သည့်အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ ယူကရိန်း၊အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်း UK၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ နယ်သာလန်နှင့် ဟောင်ကောင်အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် တရားဝင်ခွင့် ပြုထားကြသည်။

၎င်းနိုင်ငံများတွင် ဒစ်ဂျစ်တယ်ငွေကြေးမှတဆင့် ဖြစ်ပေါ်လာနိုင် သည့် လိမ်လည်မှုနှင့် ငွေကြေးခဝါချမှုဆိုင်ရာ ကိစ္စရပ်များအတွက် ဥပဒေပြဋ္ဌာန်းခြင်းများကို လုပ်ဆောင်ထားကြသည်။ ထို့အတူ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများတွင်လည်း မိမိတို့နိုင်ငံ၏ ကိုယ်ပိုင်ဒစ်ဂျစ်တယ်ငွေကြေးများကို တရားဝင် ငွေဖလှယ်မှု ဆိုင်ရာ စည်းမျဉ်းများအတိုင်း လိုက်နာမှုဖြင့် ဖော်ထုတ် ဆောင်ရွက်နိုင်ရန် ခွင့်ပြုထားမှုများ ရှိနေသည်ဟု ၎င်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

သို့သော် မလေးရှား၊အာရပ်ပြည်ထောင်စု၊အာဂျင်တီးနား၊ နိုင်ဂျီးရီးယားအပါအဝင်အခြားနိုင်ငံ များတွင် ဒစ်ဂျစ်တယ်ငွေကြေးများအပေါ် တရားဝင်ခြင်း၊ မဝင်ခြင်းကို တစ်စုံတစ်ရာမူဝါဒပြဋ္ဌာန်းထား ခြင်းမရှိသည့်အခြေအနေတွင် ရှိသည်။ ၎င်းနိုင်ငံများသည် ဒစ်ဂျစ်တယ်ငွေကြေးများကိုအသုံးပြုသူများအတွက်လည်း တစ်စုံတစ်ရာ မူဝါဒချမှတ်ထားခြင်းမရှိသည့် နိုင်ငံများဖြစ်ကြသည်။

မြန်မာနိုင်ငံတွင်လည်း ယခုကဲ့သို့ ဒစ်ဂျစ်တယ်ငွေကြေးများကို တရားဝင် ငွေကြေးအဖြစ် သတ်မှတ်ထားခြင်း မရှိကြောင်း ကြေညာချက် ထွက်ပေါ်လာသော်လည်း ဝယ်ယူ စုဆောင်းနေသူများကိုမှု တားဆီး ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ငွေရေးကြေးရေးပညာရှင် ဦးငြိမ်းချမ်းစိုးဝင်းက ပြောသည်။

"ဗဟိုဘဏ်ရဲ့ကြေညာချက်အရဆိုရင်တော့Digital Cryptocurrency ကို မြန်မာနိုင်ငံမှာ ငွေကြေးအနေနဲ့တော့ တရားမဝင်ဘူးလို့အဓိပ္ပာယ် သက်ရောက်ပါတယ်။ ဒါပေမဲ့လည်း ဥပဒေ၊အမိန့်၊ ကြေညာစာ မဟုတ်ဘဲအသိပေး ကြေညာချက်သာ ဖြစ်တဲ့အတွက် စုဆောင်းတာ၊ ရောင်းဝယ်ဖောက်ကား တာတွေနဲ့ပတ်သက်လို့လည်းအရေးယူ တားဆီးပိတ်ပင်တာတော့ လုပ်လို့မရဘူး"ဟု ၎င်းက ပြောသည်။

ဒစ်ဂျစ်တယ် ငွေကြေးများသည် မြန်မာနိုင်ငံတွင် ဈေးကွက်ကြီးများကျယ်ပြန့်သည့်အခြေအနေမျိုးထိ မရှိသေးကြောင်းလည်း ၎င်းက ပြောသည်။ ထို့အတူ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ဝယ်ယူ စုဆောင်းခြင်းများကို တရားမဝင်သည့် လုပ်ဆောင်ချက်အဖြစ်အရေးယူနိုင်ခွင့်လည်း မရှိသေးကြောင်း ၎င်းက ပြောသည်။

"မြန်မာနိုင်ငံအနေနဲ့က ဈေးကွက်က မရှိသလောက်အခြေအနေမှာသာ ရှိသေးတာပါ။အခုက ဥပဒေ မရှိသေးတဲ့အတွက် ဝယ်ယူစုဆောင်းတာကိုလည်း တရားမဝင်ဘူးလို့တော့ သတ်မှတ်လို့ မရပါဘူး။ တရားဝင်မဝင်သတ်မှတ်ဖို့ဆိုရင် ဥပဒေကြောင်းအရ Digital Cryptocurrency ဆိုတာ ဘာလဲဆိုတာ တိတိကျကျ ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။ ဒုတိယအနေနဲ့ Digital Cryptocurrecyတွေရဲ့အသုံးဝင်မှု၊အကျိုးအပြစ်တွေကို နည်းပညာအရ၊ နိုင်ငံတော်ရဲ့ ပေါ်လစီနဲ့ ကိုက်ညီမှုရှိမရှိ၊ လက်တွေ့ကျမကျ၊ မိမိရဲ့ငွေကြေးခိုင်မာမှုနဲ့ ငွေကြေးပေါ်လစီပေါ်မှာအကျိုးအပြစ်သက်ရောက် စတာတွေအပြင်အချက်အလက် များစွာကို စိစစ်သုံးသပ်ဆွေနွေးပြီးမှ လုပ်ဆောင်ရမှာပါ"ဟု ၎င်းကပြောသည်။

ဒစ်ဂျစ်တယ် ငွေကြေးများသည် နိုင်ငံအလိုက် ဗဟိုဘဏ်များအသီးသီးက တရားဝင် သတ်မှတ်ထားသည့် ငွေကြေးမဟုတ်ခြင်းကြောင့်အနာဂတ်ဈေးကွက်တွင် တန်ဖိုးကျဆင်းခြင်းကို ထိန်းချုပ်ရန် ခက်ခဲနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ကမ္ဘာ့ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်တွင်မူ ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုးဖြစ်သည့် Bitcoin (BTC) သည် ၂၀၁၃ ခုနှစ်တွင်BTC တစ်ကုဒ်လျှင်အမေရိကန်ဒေါ်လာ ၁၃၅ ဒေါ်လာ ဝန်းကျင်သာ ရှိခဲ့ရာမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲတွင်အမေရိကန် ဒေါ်လာ ၁၉,ဝဝဝအထိ ဈေးမြင့်တက်ခဲ့သည်။ ထို့နောက်မှ စ၍BTC တန်ဖိုးများ ကျဆင်းလာပြီး ယခု ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်တွင်BTC တစ်ကုဒ်လျှင် ကန်ဒေါ်လာ ၅,၈၀ဝ ကျော်သာ ရှိတော့သည်ကိုcoinmarketcap.com ၏ ဈေးနှုန်းအချက်အလက်များတွင် တွေ့ရသည်။

ယင်းဈေးကွက်၏ ဈေးနှုန်းများအရအခြားသော ဒစ်ဂျစ်တယ် ငွေကြေးတန်ဖိုးများ ဖြစ်သော Ethereum (ETH) တန်ဖိုးသည် ကန် ၁၇၀ ဒေါ်လာ၊Litecoin (LTC) သည် ၇၄ ဒေါ်လာ၊ နဥှ သည် ၄ ဒေါ်လာဝန်းကျင်ဖြင့်အသီးသီး ရှိနေကြသည်။

ဒစ်ဂျစ်တယ် ငွေကြေးများသည် ဝယ်ယူစုဆောင်းရာတွင် ကိုယ်ပိုင်ငွေစာရင်းတစ်ခုဖြင့် သီးခြားဖွင့်လှစ် သိမ်းဆည်းရခြင်းကြောင့် လွှဲပြောင်းပေးချေရာတွင် သာမန်ငွေကြေးများထက် ပိုမိုလွယ်ကူစေသည့်အားသာ ချက်တစ်ခုလည်း ရှိနေသည်။ သို့အတွက် ဒစ်ဂျစ်တယ်ငွေကြေးကို ကမ္ဘာ့နိုင်ငံများအသီးသီးက တရား-ဝင် ငွေကြေးအဖြစ် တရားဝင် သတ်မှတ်ကာ ရောင်းဝယ်ဖောက်ကား သုံးစွဲမှု များလာပါက ကုန်သွယ်မှုကဏ္ဍတွင်လက်ရှိထက်အဆများစွာ မြန်ဆန်လာနိုင်သည်ဟုလည်း ဦးငြိမ်းချမ်းစိုးဝင်းက ပြောသည်။

သို့သော် တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ရာတွင်လည်း ချမှတ်ရမည့် မူဝါဒ၊ စည်းမျဉ်းစည်းကမ်း များစွာနှင့်အဘက်ဘက်မှ ခြုံငုံသုံးသပ်ရမည့်အခြေအနေတွင် ရှိနေဆဲဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ ဈေးကွက်အခြေအနေအရပင် လက်ရှိတွင် ဒစ်ဂျစ်တယ်ငွေကြေးများ၏ တန်ဖိုးသည်အကျဘက်သို့ ပြန်လည်ရောက် ရှိလာနေကာ တရားဝင်ပိတ်ပင်သည့် နိုင်ငံများလည်း ရှိနေသည်။

မြန်မာနိုင်ငံအနေဖြင့်မူ ကုန်သွယ်ရေး ဆောင်ရွက်မှုများအတွက် တရားဝင်ငွေကြေးများဖြင့် ဆောင် ရွက်ရာတွင်ပင် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလိုအပ်ချက် များစွာရှိနေဆဲဖြစ်သည်။ မြန်မာကျပ်ငွေနှင့် ကမ္ဘာ့နိုင်ငံများအသီးသီးမှ ငွေကြေးများကိုပင်အီလက်ထရွန်းနစ် စနစ်များ ဖြစ်သည့် ဘဏ်ကတ်ဖြင့် ဈေးဝယ်ခြင်း၊ မိုဘိုင်းဘဏ်စာရင်းဖြင့် ဖုန်းမှငွေပေးချေ ခြင်းများသည်ပင်အောင်မြင်မှု မရှိသေးသည့်အခြေအနေတွင် ရင်ဆိုင်နေရသည်။

ထိုသို့သောအခြေအနေများစွာတွင် Digital Cryptocurrency များကိုတရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်း မရှိကြောင်း ဗဟိုဘဏ်၏ ကြေညာချက် ထွက်ပေါ်လာခြင်းက ငွေကြေးဆိုင်ရာအသိပညာအားနည်းဆဲမြန်မာနိုင်ငံအတွက် ကောင်းမွန်သည့်အခြေအနေတစ်ရပ်အဖြစ်သာ မြင်ရမည်ဟု ပြည်တွင်း ငွေရေးကြေးရေးပညာရှင်များက ပြောသည်။




Some text some message..