ပထမဦးဆုံးရေခဲပြင် စကိတ်အားကစားကွင်း ဖွင့်ပွဲကျင်းပ
pissayanews.com
|
2019-04-30



မြန်မာနိုင်ငံမှာ ပထမဦးဆုံးရေခဲပြင် စကိတ်အားကစားကွင်းဖွင့်ပွဲကို ရန်ကုန်မြို့ ၊ ၉ မိုင် တော်ဝင်လမ်းမှာရှိတဲ့အဆောက်အဦး မှာ ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

Ice Skate နဲ့ဘိုးလင်းကစားကွင်းကို ၂၀၁၉ ခုနှစ် မေလ(၁) ရက်နေ့မှစတင်ကာ နေ့စဉ် နံနက် (၁၀) နာရီမှ ည (၁၀)နာရီအထိ ဖွင့်လှစ် သွားမှာဖြစ်ပြီး Ice Skate စီးသူများအတွက် ဂျပန် Trainer (၁) ဦး နဲ့ မြန်မ Trainer (၅) ဦးမှ ကူညီပြသပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါစကိတ်ကွင်းမှာ စားသောက်ဆိုင်များနဲ့အခြားဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရပါတယ်။

#Pissaya_ News





Some text some message..