၂၀၁၉ စင်ကာပူ ကောင်းကင်ယံတွင် မြင်တွေ့ရတော့မည့် မိုးပျံတက္ကစီ
popolay.com
|
2018-10-22

အနာဂတ်ကို စိတ်ကူးပုံဖော် ရိုက်ကူးထားကြတဲ့ သိပ္ပံရုပ်ရှင်ဇာတ်လမ်းတွေမှာ မြင်တွေ့ရလေ့ရှိတဲ့ မိုးပျံယာဉ်များကို ရုပ်ရှင်ထဲမှာတောင် ၂၀၆၂ ခုနှစ်လို့ မျှော်မှန်းထားကြပေမယ့် စင်ကာပူနိုင်ငံကတော့အဲဒီလောက် နှစ်အကြာကြီးကို စောင့်နိုင်ဟန်မတူပါဘူး။

မကြာတော့တဲ့အနာဂါတ်မှာ မိုးပျံတက္ကစီတွေပြေးဆွဲဖို့ လာမယ့် ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှာ စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်သွားတော့မှာပါ။ ဂျာမဏီ လေကြောင်းနည်းပညာ Volocopter နဲ့ ပူးပေါင်းပြီး မိုးပျံတက္ကစီတွေ စင်ကာပူနိုင်ငံမှာ ပျံသန်းပြေးဆွဲနိုင်ဖို့ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။








ဟယ်လီကော်ပတာ ပုံစံဒီဇိုင်းထုတ်ထားတဲ့ Volocopter ဟာ တစ်ကယ်တမ်းမှာတော့ ဒရုန်းနည်းပညာကိုအခြေခံကာ လူလိုက်ပါစီးနင်းနိုင်အောင်အဆင့်မြှင့်တင်ထားတဲ့ မိုးပျံယာဉ်ဖြစ်ပါတယ်။ လူ ၂ ဦးလိုက်ပါစီနင်းနိုင်ပြီး ခရီးအကွာအဝေး ကီလိုမီတာ ၃၀ (၁၉ မိုင်နီးပါး) သွားလာနိုင်မှာဖြစ်ပြီးအလေးချိန် ၁၆၀ ကီလို သယ်ဆောင်နိုင်ပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကုမ္ပဏီရဲ့ ကြေညာချက်မှာတော့ စင်ကာပူသယ်ယူပို့ဆောင်ရေးဝန်ကြီးဌါန၊ စီးပွားဖွံ့ဖြိုးရေး ဘုတ်အဖွဲ့၊ စင်ကာပူလေကြောင်းပျံသန်းရေးအဖွဲ့ တို့ထံမှ စမ်းသပ်ပျံသန်းမောင်းနှင်ရန်အတွက်အထောက်အပံ့များ ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ရေရှည်တွင် ဂျာမန်ကုမ္ပဏီနဲ့အတူ စင်ကာပူနိုင်ငံမှအင်ဂျင်နီယာအဖွဲ့ ပူးပေါင်းပြီး နည်းပညာဒီဇိုင်းများ ပူးပေါင်းလုပ်ဆောင်ရန်လည်း စီစဉ်ထားသည်။

Volocopter ကို လူကိုယ်တိုင်မောင်းနှင်ခြင်း သို့မဟုတ်အဝေးထိန်းစနစ်နဲ့ မောင်းနှင်နိုင်သလိုအလိုလျောက်မောင်နှင်တဲ့ စနစ်မျာနဲ့လည်း မောင်းနှင်နိုင်ပါတယ်။ စင်ကာပူတွင် စမ်းသပ်မောင်းနှင်ရာမှာတော့ ဘယ်လိုနည်းစနစ်နဲ့ စမ်းမောင်းမလဲဆိုတာကို စင်ကာပူလေကြောင်းပျံသန်းရေးအဖွဲ့နဲ့ ညှိနှိုင်းသွားကြမှာဖြစ်ပါတယ်။








မိုးပျံတက္ကစီများကို ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံတွေမှာမှ စတင်ပြေးဆွဲခြင်းမရှိသေးတဲ့အတွက် တရားဝင်ပြေးဆွဲနိုင်ဖို့အသိအမှတ်ပြုလက်မှတ်ရရှိဖို့လည်းအဓိကအာရုံစိုက်ရမယ့်အချက်ဖြစ်ကြောင်း ၊ နောက်ထပ် ၃ နှစ်မှ ၅ နှစ်အတွင်း မိုးပျံတက္ကစီကို ပထမဦးဆုံး ဂျာမဏီနိုင်ငံရဲ့ မြို့တော်ကြီးတွေအပါအဝင်အခြားဘယ်နိုင်ငံမှာတွေမှာ ပြေးဆွဲနိုင်မလဲဆိုတာ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ကုမ္ပဏီကပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလတုန်းက Volocopter ကို ဒူဘိုင်းတွင် သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့်အောင်မြင်စွာ စမ်းသပ်မောင်းနှင်ပြသနိုင်ခဲ့သည်။











Some text some message..