ဆိုင်ကယ်လုသမားကို လက်သီးစာကျွေးပြီး မောင်းထုတ်လိုက်တဲ့ (၁၁) နှစ်အရွယ် ကလေးမလေး
yoyarlay.com
|
2019-05-27



အာဂျင်တီးနားနိုင်ငံကအသက် (၁၁) နှစ်အရွယ် ကလေးမလေးက သူ့အမေရဲ့ ဆိုက်ကယ်ကို လုဖို့ ကြိုးစားခဲ့တဲ့အမျိုးသားတစ်ဦးကို ညာလက်နဲ့ထိုးပစ်ခဲ့ပြီး မောင်းထုတ်ခဲ့ပါတယ်။ မှတ်တမ်းဗီဒီယိုထဲမှာတော့အာဂျင်တီးနားနိုင်ငံရဲ့ ဒေသစံတော်ချိန် ည (၉) နာရီခွဲအချိန်လောက်မှာအဲဒီကလေးမလေးကအိမ်ရှေ့ဝင်ပေါက်တံခါးဝမှာ ဆိုင်ကယ်လုယက်ဖို့ ကြိုးစားခဲ့တဲ့အမျိုးသားကို ပညာပေးလိုက်တာဖြစ်ပါတယ်။




ဆိုင်ကယ်သူခိုးက လမ်းကြားကနေ ပြေးထွက်လာပြီး မိခင်ရဲ့ဆိုင်ကယ်ကို လုယက်နေတဲ့အချိန်မှာ ကလေးမလေးကအိမ်အဝင်ပေါက် လှေကားထစ်ကနေ ပြေးဆင်းလာခဲ့ပြီး သူခိုးရဲ့မျက်နှာတည့်တည့်ကို ညာလက်နဲ့အားပြင်းပြင်း ထိုးပစ်ခဲ့ပါတယ်။ မိခင်ကလည်း သူခိုးရဲ့အင်္ကျီကို ဆွဲကိုင်ခဲ့ပြီး တွန်းချလိုက်တဲ့အခါ သူခိုးက ပြန်ပြေးခဲ့ရပါတယ်။

ကလေးမလေး နဲ့ မိခင်တို့က သူခိုးပြေးသွားတဲ့နောက်ကို ပြေးလိုက်ခဲ့ပေမဲ့လည်း မမှီတော့ဘဲ သူခိုး လွတ်သွားခဲ့ပါတယ်။အာဂျင်တီးနားမြို့ခံရဲတွေက ဆိုင်ကယ်လုယက်သူကို မဖမ်းနိုင်ခဲ့ကြောင်းနဲ့ လွတ်သွားခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ကလေးမလေးကအရွယ်သာငယ်ပေမဲ့လည်း သူ့အမေ့ကို ဆိုင်ကယ်လုသမားရန်ကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။


ကြည့်ရှုရန် ဗီဒီယိုလင့်ခ် –

http://tiny.cc/iiub7y


Ref: Dailymail “Shocking moment a VERY feisty 11-year-old girl PUNCHES a robber who tries to steal her mother’s scooter and sends him running for his life in Argentina”
Ah Ko Latt (ရိုးရာလေး)




Some text some message..