
အိမ်ထဲမှာ ခြင်၊ ယင်နဲ့ ပိုးဟပ်တွေပေါလို့ စိတ်ညစ်နေတယ်ဆိုရင်တော့အောက်မှာဖော်ပြထားတဲ့အပင်တွေကို စိုက်ပျိုးကြည့်ဖို့အကြံပြုလိုက်ပါရစေ။ လူတွေက ခြင်၊ယင်တွေ့တာနဲ့ ဓာတုဗေဒဖြန်းဆေးတွေလောက်ပဲအားကိုးနေတာ များပြီး ဒီဖြန်းဆေးတွေကြောင့် ကိုယ်ကိုတိုင်ရော ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတာ မသိကြပါဘူး။အခုဖော်ပြပေးမှာကတော့ fabiosa ကနေ ကောက်နုတ်ထားတဲ့အိမ်တွင်းမှာ ပိုးမှက်ခြင်ယင်တွေပြေးစေနိုင်တဲ့အစွမ်းသတ္တိနဲ့အပင်တွေအကြောင်းပဲ ဖြစ်ပါတယ်။ တချို့အပင်တွေဆိုရင် ဆေးဘက်လည်းဝင်တဲ့အတွက် ပိုးကောင်မွှားကောင်တွေကို ရှင်းလင်းစေရုံတင်မကပဲ လူတွေအတွက် ဆေးဖက်ဝင်ကာ စားသုံးလို့လည်း ရပါတယ်။
စပါးလင်

NUM LPPHOTO
ခြင်ပြေးဆေးတွေ ပြုလုပ်ရာမှာအဓိကပါဝင်ပစ္စည်းက စပါးလင်ဖြစ်ပါတယ်။ စပါးလင်အပင်ကိုအိုးတွေထဲထည့်ပြီး စိုက်ပျိုးနိုင်ပါတယ်။ ပြီးတော့အပင်က တယုတယထားစရာ မလိုပါဘူး။ ပစ်ထားလို့ရပြီးအချိန်တန်ရင် သူ့ဘာသာသူ ပွင့်လန်းလာတဲ့အပင်မျိုး ဖြစ်ပါတယ်။
ကြောင်ဆေးပင်

Anna Hoychuk
ကြောင်ဆေးပင်ဟာ ဈေးကွက်ထဲမှာ တွေ့ရတဲ့ ခြင်ပြေးဆေးဖြန်းဘူးတွေထက် (၁၀) ဆ ပိုမိုအာနိသင်ရှိပါတယ်။ သူကတော့ နည်းနည်းဂရုစိုက်ဖို့လိုတဲ့အပင်တစ်မျိုးဖြစ်ပြီး လေတိုက်တာ သိပ်မကြိုက်ပါဘူး။
ပင်စိမ်း

This Is Me
ပင်စိမ်းကို ဂရိနိုင်ငံမှာတော့အိမ်တိုင်းလိုလို စိုက်ပျိုးကြပါတယ်။ သူ့ကို စိုက်ထားရင် တော်တန်ရုံပိုးကောင်တွေ မလာပါဘူး။ ပင်စိမ်းနံ့ကို ပိုးကောင်တွေက ကြောက်ပါတယ်။ ဥပမာ ပင်စိမ်းရွက် ခပ်သေးသေးတစ်ရွက်ကို ပြတင်းပေါင်ပေါ် တင်ထားရုံနဲ့ ပိုးကောင်တွေက ဝေးဝေးပြေးကြပါတယ်။ ရိုးရာမြေထဲပင်လယ်ဒေသ ဟင်းခွက်တွေထဲမှာလည်း ပင်စိမ်းဟာ မပါမဖြစ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်ပါတယ်။
လာဗင်ဒါ

Igor Marusichenko
လာဗင်ဒါပန်းရဲ့ ရနံ့ကို ဖြန်းဆေးတွေအဖြစ် နေရာအများအပြားမှာ သုံးကြပါတယ်။ ပန်းရနံ့က စူးတာကြောင့် သူ့ကို ခြင်တွေ၊ ယင်ကောင်တွေ မကြိုက်ကြပါဘူး။ လာဗင်ဒါပန်းကိုတော့ ပြတင်းပေါင်တွေ၊ လေသာဆောင်တွေပေါ်မှာ ကောင်းကောင်းစိုက်ပျိုးနိုင်ပါတယ်။ ပန်းခြံထဲမှာတော့ မရှိမဖြစ် ထားသင့်တဲ့အပင်မျိုးပါပဲ။
အခြားအပင်များ

nnattalli
ကြက်သွန်ဖြူပင်၊ ကရဝေးပင်၊ ရို့စ်မေရီပင်နဲ့ ကြောင်ဆေးပင်တို့ဟာ ပိုးဟပ်ပြေးစေတဲ့အပင်တွေ ဖြစ်ပါတယ်။ တချို့အပင်တွေကိုတော့ နကျယ်ကောင်တွေ၊ ပျားတွေလည်း ကြောက်ကြပါတယ်။ ဥပမာ ဒေါနပင်ဆိုရင်အင်းဆက်တွေကြောက်တဲ့အပင်ဖြစ်ပါတယ်။ ဒီအပင်ကို လေသာဆောင်နဲ့ ဆင်ဝင်တွေမှာ စိုက်ထားရင် ပိုးကောင်မွှားကောင်တွေအိမ်ထဲမလာနိုင်တော့ပါဘူး။အိန္ဒိယကာနေးရှင်း၊ ဟင်းမွှေးရွက်နဲ့ ပူဒီနာရွက်တွေဟာလည်း လူတွေအတွက်အကျိုးပြုတာကြောင့် စိုက်ပျိုးသင့်တဲ့အပင်လေးတွေဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။
လင်းလင်း (ShweMom)