ဇွန်လဖွားလေးတို့အတွက် ကံကောင်းခြင်းတွေယူဆောင်လာပေးမယ့် ပုလဲရတနာ
shwemom.com
|
2019-06-03

တစ်နှစ်မှာ ၁၂ လရာသီရှိသလိုပဲ လတိုင်းမှာ မွေးဖွားသူတိုင်းဖို့ birthstone လို့ခေါ်တဲ့ ကံကောင်းခြင်းကိုယ်စားပြုကျောက်လေးတွေလည်း ရှိနေပါတယ်။ တစ်လဆီတိုင်းမှာ မတူညီတဲ့သဘာဝကျောက်ကလေးတွေရှိနေတာဖြစ်ပြီး ကိုယ့်ရဲ့ birthstone လေးတွေကိုအမြဲတစေအဆောင်လို ဝတ်ဆင်ထားမယ်ဆိုရင် ကံကောင်းခြင်းတွေ ယူဆောင်ပေးတတတ်တယ်ဆိုတဲ့အယူအဆလေးဟာ ဘယ်နိုင်ငံမှာမဆိုရှိနေတတ်တာပါ။ ဒီလဟာ ဇွန်လဖြစ်တာကြောင့် ဇွန်လဖွားလေးတွေအတွက် birthstone လေးက ဘာလေးများဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါနော်။


EliasSch_pixabay

ဇွန်လဖွားလေးတွေအတွက် birthstone ကတော့ ပုလဲ ပဲဖြစ်ပါတယ်။ ၁၂ လရာသီတွေရဲ့ birthstone တွေထဲ ပုလဲရတနာဟာ တစ်မူထူးခြားပြီး ပိုမွန်မြတ်တဲ့ရတနာကျောက်တစ်ခုအဖြစ် သတ်မှတ်ခံထားရတာပါ။ တခြားသောကျောက်တွေက ကမ္ဘာမြေကြီးထဲက ရလာတဲ့ဓာတ်သတ္တုတွေဖြစ်နေချိန် ပုုလဲကတော့ ပင်လယ်ရေအောက်က ရေသတ္တဝါလေးတွေဆီကနေ ရလာကြတဲ့ရတနာဖြစ်ပါတယ်။ ဒါကြောင့်လည်း တခြား birthstone တွေနဲ့မတူဘဲ ထူးခြားတယ်လို့ ဆိုကြတာပါ။


Pexels_pixabay

ပင်လယ်သမုဒ္ဒရာမှာ ကြင်လည်ကျက်စားနေတဲ့ ကမာကောင်လေးတွေထဲ ပုလဲဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ ယုတ္တိရှိရှိနဲ့ သိပ္ပံနည်းလမ်းကျသိရှိနေပြီဖြစ်ပေမယ့် သိပ္ပံပညာရပ်တွေမထွန်းပေါက်သေးခင် ရှေးအခါတုန်းက ပုလဲလေးတွေဖြစ်ပေါ်လာတဲ့ ဒဏ္ဍာရီပုံပြင်လေးတွေရှိနေပါတယ်။ ရှေးဂရိတွေကတော့ ပုလဲလေးတွေဟာအဖရိုဒိုက်နတ်ဖုရားမက ပျော်ရွှင်လို့ကျတဲ့ မျက်ရည်စက်လေးတွေလို့ တင်စားကြပါတယ်။ ဂရိဒဏ္ဍာရီအရအချစ်နတ်ဘုရားမအဖရိုဒိုက်နတ်ဖရားမဟာ ပင်လယ်ထဲအပိတ်ခံခဲ့ရပြီးနောက် တစ်ဖန်ပြန်လည်လွတ်မြောက်လာခဲ့ဖူူးပြီးအဲဒီလိုလွတ်မြောက်လာတဲ့အတွက် ပျော်ရလွန်းလို့ ဝမ်းသာမျက်ရည်ကျမိခဲ့ရာမှ လှပလွန်းတဲ့ပုလဲလေးတွေဖြစ်လာခဲ့ပါတယ်တဲ့။ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ကတော့ ကလီရိုပတ်ထရာဟာ မားကတ်အန်တိုးနီးယပ်စ်ကို ပုလဲလက်တစ်ဆုတ်စာနဲ့ စွဲလမ်းလာအောင် လုပ်ယူခဲ့ဖူးပြီး တရုတ်လူမျိုးတွေကတော့ ပုလဲလေးတွေဟာ ပင်လယ်သမုဒ္ဒရာထက်ကို ဖြာကျလာတဲ့ လရောင်ကြောင့် ဖြစ်ပေါ်လာခဲ့တယ်လို့ တင်စားခဲ့ကြပါတယ်။

ဒီလိုရာဇဝင်ဖာတ်လမ်းအမျိုးမျိုးနဲ့ တည်ရှိခဲ့တဲ့ ပုလဲရတနာဟာဆိုရင် ဥရောပရဲ့ ၁၇ ရာစုနှစ်တုန်းက စိတ်ရောဂါနဲ့အားနည်းတဲ့ဝေဒနာတွေကို ကုသရာမှာအဓိကအခန်းကဏ္ဍကပါဝင်နေပြီး တရုတ်မှာဆိုရင်တော့ ၂၀၀၀ ဘီစီမှာကတည်းက ဆေးဝါးအမျိုးမျိုးမှာ ထည့်သွင်းအသုံးပြုခဲ့ကြတာ ယနေ့အထိတိုင်ပါပဲ။


moritz320_pixabay

ဇွန်လဖွားတွေရဲ့ birthstoneအဖြစ် သတ်မှတ်ထားတဲ့ ပုလဲရတနာဟာ ဇွန်လဖွားတွေအတွက် ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတဲ့အပြင် ဇွန်လဖွားတွေရဲ့ စိတ်နေစိတ်ထား၊ ကအသွင်အပြင်၊အကျင်စာရိတ္တစတာတွေကိုလည်း ဖော်ပြနေလေ့ရှိပါတယ်။ ပုလဲတွေဟာ ရိုးသားဖြူစင်ခြင်း၊ ဂုဏ်ကျက်သရေရှိခြင်း၊ ကောင်းမွန်တဲ့စိတ်ခံစားချက်ကိုထောက်ပံ့ပေးခြင်း၊ မကောင်းတဲ့စိတ်အနှောက်တွေကို ရှင်းလင်းဖယ်ရှားပေးခြင်း၊အနုပညာရပ်အတွက် စိတ်ကူးစိတ်သန်းကောင်းများ ဖြစ်ပေါ်စေခြင်း၊ ချစ်ခြင်းမေတ္တာသံယောဇဉ်ကို ပိုမိုခိုင်ခံ့တဲ့ ခံစားမှုကိုပေးခြင်း၊ ကျိုးနွံခြင်း၊ သမာဓိရှိခြင်းနဲ့ ဉာဏ်ပညာကြီးခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဇွန်လဖွားလေးတွေဟာလည်း ဒီလို စိတ်နေစိတ်ထားတွေရှိပါတယ်လို့ ပြောချင်ပါတယ်နော်။


Penny




Some text some message..