ထောပတ်သီးတစ်လုံးနဲ့ ဘဏ်နှစ်ခုကိုအောင်မြင်စွာ ဓါးပြဝင်တိုက်
popolay.com
|
2019-06-13

ဘဏ်ကို ဓါးပြတိုက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး၊ ကြိုတင်ပြင်ဆင်မှုတွေ ထွက်ပြေးရမယ့်လမ်းကြောင်းတွေအစီစဉ်တွေကို ကြိုချထားတာတောင်မှ လွဲချော်မှုရှိရင် ဖမ်းခံရနိုင်ပါတယ်။
ဒါပေမယ့်အစ္စရေးနိုင်ငံကအမျိုးသားကတော့ ထောပတ်သီးတစ်လုံးထဲနဲ့ ဘဏ်နှစ်ကို တစ်ကိုယ်တော် ဓါးပြဝင်တိုက်နိုင်ခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ်အမျိုးသားဟာ ပြီးခဲ့တဲ့ မေလအလယ်လောက်မှာ Big Beersheba ဈေးဝယ်စင်တာမှာရှိတဲ့ Postal Bank ကို ဝင်ပြီး ငွေထုတ်ကောင်တာကိုသွားပြီးအသင့်ရေးလာတဲ့ စာရွက်ကို ကမ်းပေးလိုက်ပါတယ်။ စာရွက်ထဲမှာ သူ့ကိုပိုက်ဆံပေးဖို့ စားလုံးပေါင်းသတ်ပုံအမှားတွေနဲ့ ရေးထားတာပါ။အဲဒီနောက် ပါလာတဲ့အိတ်ကို ကမ်းပေးလိုက်ပြီး “အိတ်ထဲကို ပိုက်ဆံမြန်မြန်ထည့်၊ ငါဖောက်ခွဲပစ်လိုက်ရမလား” ဆိုပြီးအခြားလက်တစ်ဖက်မှာ ဆုတ်ကိုင်ထားတဲ့ လက်ပစ်ဗုံးသဏ္ဍန် မဲမဲအလုံးကြီးကို ပြကာ ဓါးပြတိုက်ခဲ့ပါတယ်။ ဝန်ထမ်းကလည်း ကြောက်ကြောက်နဲ့အိတ်ထဲပိုက်ဆံတွေထည့်ပေးလိုက်ရာအစ္စရေးငွေကြေး ၁၆,၀၀၀ (ကျပ် ၆၈ သိန်းကျော်) ရသွားခဲ့ပါတယ်။

ဒီနည်းလမ်းအတိုင်းပဲ နောက်ထပ် ၅ ရက်အကြာမှာအခြားနောက်ထပ် ဘဏ်ခွဲတစ်ခုကို ဓါးပြဝင်တိုက်ခဲ့ပြန်ရာအစ္စရေးငွေ ၁၂,၀၀၀ (ကျပ် သိန်း ၅၀ ကျော်) ရသွားခဲ့ပြန်ပါတယ်။





ရဲတွေက စီစီတီဗီပုံရိပ်တွေကို သေချာကြည့်ပြီး စစ်ဆေးခဲ့ရာ ဓါးပြလက်ထဲမှာ ကိုင်ထားတဲ့အမဲရောင်အလုံးကြီးဟာ လက်ပစ်ဗုံးမဟုတ်ပဲ ထောပတ်သီးတစ်လုံးသာဖြစ်ကြောင်း သိခဲ့ရပါတယ်။
ဆက်လက် စုံစမ်းရှာဖွေခဲ့ရာ သူအသုံးပြုတဲ့ ဖုန်းကနေတစ်ဆင့် ခြေရာခံမိခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့ပါတယ်။
သူ့ရဲ့မှတ်တမ်းများကို စစ်ဆေးခဲ့ဟာ ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးသူဖြစ်ပြီး ယခင်ကလည်း ဓါးပြမှုနဲ့ထောင် ၃ နှစ်ကျခဲ့ဖူးသူဖြစ်ကြောင်း သိရှိရသည်။




Some text some message..