မိဘများ ပေါ့ဆမှုကြောင့်ခြောက်လသမီးလေး ဘာလီပုံး(ရေပုံး)အတွင်း ရေနစ်သေဆုံး
popolay.com
|
2019-06-18

ဇွန် ၁၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ ဟင်းသီးဟင်းရွက် ဈေးကြီးတစ်ခုတွင်အသက် ၆ လအရွယ်သမီးငယ်လေး ရေခတ်ရာတွင်အသုံးပြုသည့် ဘာလီပုံး(ရေပုံး) ငယ်အတွင်းသို့ ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ရသည်။

ရဲမှူး Elmer Bonilla ၏အဆိုအရ ကလေးမှာ မိဘများနဲ့အတူ ဈေးအတွင်းရှိ ဈေးဆိုင်ခုံပေါ်တွင်အိပ်စက်နေစဉ် တစ်ဖက်သို့ လိမ့်သွားပြီး ဈေးခုံအောက်တွင် ချထားသော ရေဖြည့်ထားသည့် ရေပုံးငယ်ထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ နံနက်စောစော ၂ နာရီဝန်းကျင်ခန့်က ဖြစ်ပျက်ခဲ့မည်ဟု ခန့်မှန်းထားသည်။ မိဘများက မနက်ရောက်မှ နိုးလာသည့်အခါ ရေပုံးအတွင်း ရေနစ်လျှက် ကလေး သေဆုံးနေကြောင်း တွေ့ကြရသည်။

ရေပုံးထဲရှိ ရေမှာ ဟင်းသီဟင်းရွက်များနဲ့ သစ်သီးတို့ကိုကို သန့်စင်အောင် ဆေးကြောသည့်နေရာမှာအသုံးပြုသည့်အက်ဆစ်အပျော့စားနှင့် ရေတို့ ရောစပ်ထည့်ထားကြောင်း သိရသည်။





Some text some message..