ဥရောပအမြင့်ဆုံးတာဝါကို လက်ဗလာနဲ့ တက်ခဲ့သူရဲ့ ရုပ်သံမှတ်တမ်း
popolay.com
|
2019-07-09
ဥရောပတိုက်တွင်အမြင့်ဆုံးအဆောက်အဦး ဖြစ်သည့်အင်္ဂလန်နိုင်ငံ မြို့လည်ကောင်က Shard မိုးမျှော်အဆောက်အဦးကို ဇူလိုင်လ ၈ ရက်နေ့ နံနက်အစောပိုင်းက တိုက်ရဲ့အပြင်ဘက်ကနေ လက်ဗလာဖြင့် ထိပ်ဆုံးရောက်အောင်တက်နိုင်ခဲ့တဲ့အသက် ၁၉ နှစ်အရွယ် စွန့်စားလူငယ် George King က သူ့ရဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ယက်ပေါ်ကနေ ပြန်လည်ဝေမျှလိုက်ပါတယ်။

အခုလိုအမြင့်ဆုံးမိုးမျှော်တိုက်ကို လက်ဗလာနဲ့ တက်ခဲ့တာဟာ သူ့ရဲ့ဆန္ဒအိမ်မက်ကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ သူဟာအဆောက်အဦးကို တွယ်တက်ရန်ကြိုးတွေ၊ ဆိုင်းကြိုးတွေ ဘာအကူညီမှ မပါပဲ တက်ခဲ့ပါတယ်။ နံနက်စောစော ၅ နာရီ ၁၅ မှာ တာဝါပေါ် တွယ်တက်နေခဲ့တာကိုအခြားသူတွေ စတင်သိရှိခဲ့ပြီး ရဲတွေကိုအကြောင်းကြားခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကလည်း နယ်သာလန်နိုင်ငံ Bjoeks တောင်တက်လေ့ကျင်းရေးစင်တာက ၃၇ မီတာမြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး တောင်တက်နံရံကို ဘာအထောက်အကူမှမပါပဲ လက်ဗလာနဲ့ ပထမဦးဆုံး တက်ပြနိုင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။

အောက်တိုဘာလမှာလည်း ယူကေရဲ့အမြင့်ဆုံး တောင်တက်လေးကျင့်ရေး နံရံကို ဘာအကာအကွယ်ကရိယာမှ မပါပဲ ပထမဦးဆုံး တက်ပြနိုင်ခဲ့ပြန်ပါတယ်။

အခုတစ်ကြိမ် Shardအဆောက်အဦးကို တက်ရတာအခက်ခဲဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ The Shardအဆောက်အဦးကို စတင်တည်ဆောက်နေချိန်မှာ သူ့အသက် ၁၃ နှစ်ရှိပြီဖြစ်ပြီးအဲဒီအချိန်ထဲကတည်းက ဒီအဆောက်အဦး ပြီးသွားတဲ့အခါ တစ်ချိန်ကျရင် တက်မယ်လို့ စိတ်ကူးထားပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

VID

Shardအဆောက်အဦးကို တွယ်တက်တဲ့အခါအထွဋ်အထိပ်ပိုင်းရောက်အောင် တက်ရတဲ့နေရာကအခက်ခဲဆုံးအပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီနေရာအနီးမှာ ဂျင်နရေတာစက်တွေ တပ်စင်ထားတာမို့ စက်တွေကလွင့်လာတဲ့အမှိုက်တွေနဲ့ ချောဆီတွေရှိနေတာမို့အဲဒီနေရာကို ကျော်ဖြတ်ဖို့ ပိုပြီးအားစိုက်ခဲ့ရတယ်လို့ဆိုပါတယ်။

ဒီလိုတက်နိုင်ဖို့ နှစ်အတော်ကြာလေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။ တိုက်ရဲ့ထိပ်ဖျားကို ရောက်တဲ့အခါမှာတော့ ရဲတွေနဲ့ ညှိနှိုင်းဆွေးနွေး စကားပြောခဲ့ရပြီး နောက်ဆုံးမှာတော့အဖမ်းမခံရပဲ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။




Some text some message..