တရုတ်အမျိုးသမီး ဘောလုံးလာက တိုးတက်ဖို့အတွက် ဒေါ်လာ (၁၄၅) သန်းကိုလှူဒါန်းသွားမည့် ဂျက်မား
popolay.com
|
2019-07-09

Alibaba ကိုတွဲဖက်တည်ထောင်သူ ဂျက်မားဟာ တရုတ်အမျိုးသမီး ဘောလုံးလာက တိုးတက်စေရေးအတွက်အွန်လိုင်းငွေပေးချေမှုပလက်ဖောင်း Alipay နှင့်ပူးပေါင်းကာ ဒေါ်လာ (၁၄၅) သန်း (ဟောင်ကောင် ဒေါ်လာ ၁.၃ သန်း)လှူဒါန်းသွားမည် ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ တရုတ်အမျိုးသမီးဘောလုံးအသင်းကိုအစိုးရမှ ထောက်ပံမှုအားနည်းသည့်အတွက်ကြောင့်အခုလို လှူဒါန်းရခြင်း ဖြစ်တယ်လို့ သိရပါတယ်။




အဆိုပါလှူဒါန်းငွေများမှအသင်းကစားသမားများ၏ ခြေစွမ်းပိုမိုတိုးတက်လာရေးအတွက်အထောက်အကူအပြု ပရောဂျက်များ ၊ ထိခိုက်ဒဏ်ရာရသည့်အခါ ဆေးဝါးအတွက်အသုံးစရိတ်များ ၊ လူငယ်ကစားသမားများ မွေးထုတ်ရေး များတွင်အသုံးပြုသွားမယ် လို့သိရပါတယ်။

တရုတ်အမျိုးသမီးအသင်းဟာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၌ (၇)ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီးအသင်းသမိုင်းတစ်လျှောက်အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၁၉၉၉ ခုနှစ်က ဒုတိယဆုရရှိခဲ့ပါတယ်။




အသက် (၅၄)နှစ်ရှိဂျက်မားဟာ တရုတ်နိုင်ငံ၏ ဒုတိယအချမ်းသားဆုံးပုဂ္ဂိုလ် ဖြစ်ပြီး နည်းပညာနှင့်အွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီ Alibaba ကိုတွဲဖက်တည်ထောင်သူ တစ်ဦးဖြစ်ပါတယ်။




Some text some message..