ယန်ဇီမြစ်ပေါ်က ဆည်ကြီး ကျိုးတော့မည်ဆိုတာ မဟုတ်ကြောင်း တရုတ်အစိုးရခုခံ
popolay.com
|
2019-07-09

လူမှုကွန်ယက် တွစ်တာပေါ်တွင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံ ယန်ဇီမြစ်ပေါ် ဖြတ်ပြီး ဆောက်လုပ်ထားသော ကမ္ဘာ့အကြီးဆုံး ဟိုက်ဒရိုပါဝါဆည်ကြီးမှာ ယခင်ကလို ဖြောင့်တန်းခြင်းမရှိပဲ ကွေးညွတ်လာနေတဲ့အတွက် ဆည်ကျိုးပေါက်မည့်အန္တရာယ်ရှိနေနိုင်ကြောင်း ပျံ့နှံ့ခဲ့ပါတယ်။ တရုတ်အစိုးရက ဒီသတင်းအကြောင်းအရာဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။





အဆိုပါ “Three Gorges” ဆည်ကြီးမှာ စတင် တည်ဆောက်စဉ် ကတည်းကအငြင်းပွားမှုတွေအပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဟိုက်ဒရိုပါဝါပရော့ဂျက် ဖြစ်ပါတယ်။ ဂူးဂဲလ်ရဲ့ ကောင်းကင် ဓါတ်ပုံမှ ရရှိတဲ့ ဆည်ကြီး တည်ဆောက်ပြီးစီးကာစအခြေအနေနဲ့ လက်ရှိအခြေအနေ ဓါတ်ပုံ နှစပုံကို ယှဉ်တွဲကာ ဆည်ကြီးရဲ့ ပုံသဏ္ဍန်ဟာ ပျက်ယွင်းနေကြောင်းအထောက်ထားနဲ့ ပြသခဲ့ပါတယ်။





အစိုးရနဲ့ ပူးပေါင်းပြီး Three Gorges ဆည်ကြီးကို လည်ပတ်နေတဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်း ကျွမ်းကျင်သူများက ဆည်ကြီးဟာအပူချိန်နဲ့ ရေအတက်အကျပြောင်းလဲမှုတို့ကြောင့် မီလီမီတာအနည်းငယ်မျှ ရွေ့သွားတယ်ဆိုတာ မှန်ပေမယ့် ထောက်လှမ်းတိုင်းတာချက်များအရ ရွေ့သွားတဲ့အနေအထားဟာ ဘေးကင်းလုံခြုံစိတ်ချရတဲ့အတိုင်းအတာအခြေအနေထဲမှာပင် ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။





တွစ်တာပေါ်မှာ ဂူဂဲလ်မြေပုံနဲ့တစ်ကွ ထောက်ပြဝေဖန်ခဲ့မှုအပေါ်ကို ဒီပြသနာဟာ ဆည်ကြီးကြောင့်မဟုတ်ပဲ ကောင်းကင်ဓါတ်ပုံရဲ့အားနည်းချက်ကြောင့်သာ ဖြစ်တယ်လို့ ဇူလိုင်လ ၉ ရက်နေ့က ဝေဖန်သူတွေကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။





Three Gorges ဆည်ကြီးဟာ ပေ ၇,၆၆၁ ရှည်လျားပြီးအမြင့်ပေ ၅၇၄ ရှိပါတယ်။ ဒီဆည်ကြီးဟာ တရုတ်ပြည်မှာ ကုန်ကျစရိတ်အများဆုံး ဆည်ကြီးဖြစ်သလို ဆည်တည်ဆောက်ရေးပိုင်း၊ ရွာများရေမြုတ်နိုင်တဲ့အန္တရာယ်၊ သန်းနဲ့ချီတဲ့ လူတွေ နေရာပြောင်းရွေ့မှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု စတဲ့အကြောင်းအရာတွေနဲ့ ပက်သက်ပြီးအမြင်မတူတဲ့သဘောထားတွေ၊ ငြင်းခုန်မှုတွေအများဆုံးဖြစ်နေတဲ့ ဆည်ကြီးဖြစ်ပါတယ်။

ဒီဆည်ကြီးကြောင့် ဒေသတွင်းမှာ မြေငလျှင်လှုပ်တာ၊ မြေပြိုကျတာတွေ ဖြစ်နိုင်ကြောင်း ဝေဖန်သူတွေက ဆိုပါတယ်။





ဒီလိုဝေဖန်မှုတွေကြားကနေ ဆည်ကြီးကို ၅ နှစ်တာကာလ တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပြီးစီးခဲ့ပြီးနောက် ဒီပရော့ဂျက်ကြီးကြောင့် လူမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင်တွေကို ထိခိုက်ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဝန်ခံခဲ့ပြီးအဲဒီအတွက် တရုပ်ယွမ် ၁၂၄ ဘီလီယံကို ထပ်ဆောင်းရံပုံငွေအဖြစ် ထည့်ဝင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒါပေမယ့်အဲဒီကတိအတိုင်း ရရှိမယ့် ငွေကြေးရဲ့ တစ်ဝက်ကိုတောင် ခုချိန်ထိ မရသေးဘူးလို့ ပါလီမန်ကို ကိုယ်စားပြုသူတွေက ဆိုပါတယ်။





ဒီဆည်ကြီးနဲ့ ပက်သက်လို့ နှစ်ရှည်လများ ထောက်ပြဝေဖန်ဆွေးနွေးခဲ့တဲ့ ဘူမိဗေဒပညာရှင် Fan Xiao ကတော့အခုလို ကောလဟာလတွေ ထွက်လာတာဟာ ဒီဆည်ကြီးနဲ့ပက်သက်ပြီး တစ်ဖက်နဲ့တစ်ဖက် စကားစစ်ထိုးဆွေးနွေးပွဲတွေ လုပ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတာ ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။အခုဆိုရင် ဒီဆည်ကြီးဟာ နိုင်ငံတော်ရဲ့အမွေအနှစ်တစ်ခုလို ဖြစ်နေတဲ့အတွက်အခုလိုမျိုးတွေ မဝေဖန်သင့်တော့ဖူးလို့လည်း ဆိုပါတယ်။
ဒီလိုဝေဖန်ပြောဆိုနေလို့ ပြသနာတွေ ပြေလည်သွားမှာမဟုတ်ပဲ ပိုဆိုးလာစရာရှိတယ်လို့လည်း သူ့ရဲ့ လူမှုကွန်ယက် ဝီဘိုမှာ ရေးသားပြောဆိုထားပါတယ်။




Some text some message..