အပုပ်နံ့ထွက်နေတဲ့ သခင့်အလောင်းနားကမခွာဘဲ ရှိနေခဲ့တဲ့ ခွေးလေး
yoyarlay.com
|
2019-07-09



ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ချင်းမိုင်က ဂိုဒေါင်တစ်ခုမှာအပုပ်နံ့ထွက်နေတဲ့ သက်ကြီးပိုင်အမျိုးသားအလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အလောင်းတွေ့ရှိတယ်လို့ သိရတဲ့အချိန်မှာ San Kamphaeng ရဲစခန်းက ရဲတွေ နဲ့ San Kamphaeng ဆေးရုံက ဆရာဝန်တွေက Ban San Pakha ရွာက ဂိုဒေါင်ကိုအပြေးအလွှားသွားခဲ့ရပါတယ်။အလောင်းတွေ့တဲ့နေရာမှာ ရန်ဖြစ်ထားတဲ့ လက်ရာခြေရာလည်းမရှိသလိုအသက် (၈၂) နှစ်အရွယ် Kham Duangya ရဲ့ခန္ဓာကိုယ်မှာလည်း ထိခိုက်ဒဏ်ရာတွေ မတွေ့ရပါဘူး။အလောင်းမတွေ့ရှိခင် နှစ်ရက်ကတည်းကအဲဒီအဖိုးအိုက သေဆုံးနေခဲ့တာဖြစ်တယ်လို့ ဆရာဝန်က ပြောပါတယ်။

တာဝန်ရှိသူတွေ ရောက်သွားတဲ့အချိန်မှာအနက်ရောင်ခွေးလေးတစ်ကောင်ကအပုပ်နံ့တွေဟောင်နေပေမယ့် သူ့သခင်ရဲ့အလောင်းဘေးမှာ ထိုင်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ သေဆုံးသွားတဲ့အဖိုးအိုက သူ့ရဲ့အဖော်အဖြစ် ခွေးလေးကို မွေးခဲ့ပြီး ခွေးလေးက သူ့နောက်အမြဲတမ်းတကောက်ကောက်လိုက်နေတဲ့ သစ္စာရှိခွေးလေးပါလို့အိမ်နီးနားချင်းတွေက ပြောပါတယ်။

အဖိုးအိုရဲ့ခန္ဓာကိုယ်ကို ချင်းမိုင်ဆေးရုံက ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပြီး ဆွေးမျိုးသားချင်းတွေနဲ့အဆက်အသွယ်ရတဲ့အချိန်ထိအဲဒီမှာထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။


Ref: AsiaOne “Dog watched over decomposing body of elderly owner in Chiang Mai”
WL (ရိုးရာလေး)




Some text some message..