အမျိုးသမီး (၂)ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အမှုဖွင့်ခံထားရတဲ့ သရုပ်ဆောင် Kang Ji Hwan
popolay.com
|
2019-07-10

အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင် Kang Ji Hwan ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက် Gwangju ရဲစခန်း သတင်းထုတ်ပြန်ချက်အရ လုပ်ဖော်ကိုင်ဖက်အမျိုးသမီး နှစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားခဲ့ကြောင်း သိရှိရပါတယ်။ သရုပ်ဆောင် Kang Ji Hwan ဟာ လူပျိုလူလွတ်တစ်ယောက်ဖြစ်ပြီး နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲမင်းသား တစ်လက်လဲဖြစ်ပါတယ်။ Kang Ji Hwan တစ်ယောက်အမျိုးသမီး နှစ်ဦးကို ဘယ်လို စော်ကားမှုမျိုး ပြုမူခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<


A နဲ့ Bအမျိုးသမီးနှစ်ယောက်ဟာ ဇူလိုင်လ ၉ ရက်နေ့ ညမှာ သရုပ်ဆောင် Kang Ji Hwan နဲ့အရက်အတူသောက်ခဲ့ကြပါတယ်။ A ကို မုဒိမ်းကျင့်ပြီး B ရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ကိုင်တွယ်ခဲ့ပါတယ်။အမှုဖြစ်ပြီးတဲ့အချိန်မှာ A နဲ့ B နှစ်ယောက်ထဲက တစ်ယောက်ဟာ ဆိုးလ်မှာရှိတဲ့ သူငယ်ချင်းကိုအောက်ပါအတိုင်း မက်ဆေ့ချ်ပို့ခဲ့ပါတယ်။


“ငါတို့ Kang Ji Hwan ရဲ့အိမ်မှာအရက်သောက်နေရင်းကအခုတော့ ထောင်ချောက်မိသွားပြီ” ဆိုပြီး စာတစ်စောင်ပို့ခဲ့ပါတယ်။အဆိုပါ မက်ဆေ့ချ်ရရှိသူဟာ ရဲစခန်းကိုတိုင်ကြားပြီး လက်ရှိမှာ Kang Ji Hwan ကို ရဲလက်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီးဖြစ်ပါတယ်။



Kang Ji Hwanအနေနဲ့ ရဲစခန်းမှာအရက်သောက်တဲ့အချိန်ကလွဲလို့ ကျန်တာဘာမှ မမှတ်မိတော့ကြောင်း ထွက်ဆိုထားပါတယ်။ ဒီအမှုဟာအမှန်တကယ် ကျူးလွန်မှုလား လုပ်ကြံမှုလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Source-koreaboo

(ပိုပိုလေး)







ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..