၂၀၁၉ ခုနှစ် ပထမနှစ်ဝက် တောင်ကိုရီးယား ခရီးသည်တင်ကားတင်ပို့မှုဝင်ငွေ ၆ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်
mmtimes.com
|
2019-07-26

(အမေရိကန်ရောက် တောင်ကိုရီးယားလုပ်ကားအချို့ EPA)

၂၀၁၉ ခုနှစ် ပထမနှစ်ဝက် တောင်ကိုရီးယား ခရီးသည်တင်ကားတင်ပို့မှုဝင်ငွေ ၆ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်

သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော ခရီးသည်တင်ကားများကို ကမ္ဘာတစ်ဝန်းပိုမိုအသုံးပြုလာသည့်အတွက် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တွင် တောင်ကိုရီးယားခရီးသည်တင် ကားတင်ပို့မှုဝင်ငွေ ၆ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်လာကြောင်းအကောက်ခွန်ရုံးစာရင်း များအရ သိရသည်။

ယခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ ခရီးသည်တင်ကားတင်ပို့မှုမှ ဒေါ်လာ ၁၉ ဒသမ ၈ ဘီလီယံရရှိခဲ့ပြီး ရှေ့နှစ်ကာလတူနှင့်ယှဉ်လျှင် ၆ ဒသမ ၁ ရာခိုင်နှုန်း တက်လာခြင်းဖြစ်သည်။ စီးရေအားဖြင့် ခရီးသည်တင်ကား ၁ ဒသမ ၂၆ သန်းတင်ပို့ ရောင်းချခဲ့ရပြီး ရှေ့နှစ်ကထက် ၂ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်လာသည်။

အမေရိကန်၊ ကနေဒါနှင့် ရုရှားတို့က ကိုရီးယားခရီးသည်တင်ကားများကို တိုးတက်မှာယူလျက်ရှိသည်။

တောင်ကိုရီးယားသည် ယခုနှစ်ပထမနှစ်ဝက်အတွင်း ဇိမ်ခံခရီးသည်တင်ကားတင်သွင်း မှုသည် ရှေ့နှစ်ကာလတူနှင့်ယှဉ်လျှင် ၁၉ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံဖိုးရှိခဲ့သည်။ စီးရေအားဖြင့် ၁၄၀ဝဝဝ ရှိခဲ့ကာ ရှေ့နှစ်ကာလတူနှင့် ယှဉ်လျှင် ၁၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခြင်းဖြစ်သည်။




Some text some message..