ဆန္ဒပြတောင်းဆိုမှုတွေ ဆက်လက်ဖြစ်ပေါ်လာတဲ့အခြေအနေကြောင့် ဟောင်ကောင်လေဆိပ် လေယာဉ် ခရီးစဉ်ပေါင်း ၁၀၀ ကျော်ဖျက်သိမ်း
myanmaplatform.com
|
2019-08-05



ဟောင်ကောင်၊ သြဂုတ် ၅

မြို့တော်တစ်လွှား ဆန္ဒပြတောင်းဆိုလှုပ်ရှားမှုတွေအရှိန်မြင့်လာတဲ့အခြေအနေနဲ့ ဆက် လက်ဖြစ်ပေါ်လာတာ ကြောင့် ဟောင်ကောင်နိုင်ငံတကာလေဆိပ်ကနေ လေကြောင်းလိုင်း ခရီးစဉ် ၁၀၀ ကျော်ကို ယနေ့မှာ ဖျက်သိမ်း လိုက်တယ်လို့အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ ဟောင်ကောင်နိုင်ငံတကာလေဆိပ်ဟာ ကမ္ဘာ့လေကြောင်းခရီးစဉ်အများဆုံးသွားလာတဲ့ လေဆိပ်တစ်ခုလည်းဖြစ်ပါတယ်။

“ ယနေ့ သြဂုတ် ၅ ရက်နေ့မှာ ဖြစ်လာနိုင်တဲ့အခြေအနေတွေကြောင့် လေကြောင်းလုပ်ငန်းတွေအားလုံးမှာ သက်ရောက်နိုင်ပါတယ်။ လေကြောင်းအာဏာပိုင်တွေကနေ ခရီးသည်တွေ မိမိခရီးစဉ်နဲ့ပတ်သက်ပြီး နောက် ဆုံးထုတ်ပြန်တဲ့သတင်းအချက်အလက်ကို စစ်ဆေးဖို့ လိုပါတယ်” လို့ လေကြောင်းအာဏာပိုင်ရဲ့အစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။

လေကြောင်းခရီးစဉ်အများအပြား ခရီးစဉ်ဖျက်သိမ်းမှုနဲ့ပတ်သက်ပြီးတော့ မည်သည့်သတင်းအကြောင်းအရာ တစ်စုံတစ်ရာမျှ ထပ်မံပေးပို့ဖော်ပြခြင်းမရှိဘူးလို့ သိရပါတယ်။ လေဆိပ်ပြော ခွင့်ရသူတစ်ဦးရဲ့ ပြောကြားချက်ကိုအေအက်ဖ်ပီသတင်းစာ ဖော်ပြချက်ထဲ လေကြောင်းခရီးစဉ် များ ဖျက်သိမ်းခြင်းနဲ့ပတ်သက်ပြီး မည်သည့်အကြောင်းပြချက်ပေးခြင်းမရှိဘူးလို့ သိရပြီး ခရီးသည်တွေမှာ ဆိုက်ရောက်ထွက်ခွာခြင်းတွေအကြောင်းကို စစ် ဆေးဖို့ တိုက်တွန်းပြောကြား ထားတယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့မှာ ဟောင်ကောင်ရဲတပ်ဖွဲ့က သတင်းပေးပို့ချက်အရ ဆန့်ကျင်ဆန္ဒပြ သူတွေဟာ လမ်းမတွေပေါ် ကိုးရက်မြောက် ဆန္ဒပြတောင်းဆိုမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။ ဆန္ဒပြ တောင်းဆိုသူတွေနဲ့အာဏာပိုင်ရဲတပ်ဖွဲ့အဓိကရုဏ်းနှိမ်နင်း သူတွေကြား ထိပ်တိုက်တွေ့ခြင်းတွေဖြစ်ပေါ်ခဲ့ပြီးအဓိကရုဏ်းဖြိုခွင်းနှိမ်နင်း မှုတွေလုပ်ဆောင်ခဲ့ ရတယ်လို့ သိရှိရပါတယ်။

Source:sputniknews.com




Some text some message..