ယောက္ခမနဲ့ ရန်ဖြစ်ပြီး လသားသမီးလေးကို မြစ်ထဲလွှင့်ပစ်လိုပ်တဲ့ မိခင် (ရုပ်သံ)
popolay.com
|
2019-08-06

တရုတ်နိုင်ငံတွင် သြဂုတ်လ ၃ ရက်နေ့က သမီးယောက္ခမ စကာများကြရာမှ ချွေးမဖြစ်သူက မကျေမနပ်ဖြစ်ကာ ၁၀ လအရွယ် သမီးငယ်လေးကို ကြိုးတံတားပေါ်မှ မြစ်ထဲသို့ လွှင့်ပစ်ချခဲ့မှုတစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့က Zhou ဟုအမည်ရတဲ့အမျိုးသမီးဟာ သူမရဲ့ သမီးလေးနဲ့အတူ ယောက္ခမဖြစ်သူရဲ့ နေအိမ်ကို သွားရောက်ခဲ့ပြီး ယောက္ခထီးဖြစ်သူ၏ နာရေးတွင် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို ကျေအေးရန် ပြောဆိုဆွေးနွေးခဲ့ကြသည်။ ဒါပေမယ့် ပြေလည်မှုမရပဲ သမီးယောက္ခမ နှစ်ဦး စကားများခဲ့ကြပြီးနောက် Zhou က ကလေးချီကာအိမ်ပြန်လာခဲ့သည်။
အိမ်ပြန်လမ်းတွင် ဒေါသက မပြေသေးပဲ တနုတ်နုတ်နဲ့ ခံစားနေရာမှ သူမရဲ့ ဒေါသကို သမီးလေးပေါ်သို့ ပုံချကာ ကလေးကို ကြိုးတံတားပေါ်ကနေ မြစ်ထဲလွှင့်ပစ်ခဲ့ပါတယ်။အဲဒီနောက် သူမကိုယ်တိုင်လည်း ခုန်ချပြီးအဆုံးစီရင်ရန် ကြိုးစားစဉ် လမ်းသွားလမ်းလာများက ဝိုင်းဝန်းဆွဲထားခဲ့ပါတယ်။


Zhou နဲ့ ယောက္ခမတို့ဟာ ဟိုးအရင်ကတည်းက ချွေးမနဲ့ယောက္ခမ ထုံးစံအတိုင်း ပြဿနာပေါင်းစုံဖြစ်ခဲ့ပြီး ပြေလည်မှုမရကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။ လက်ရှိမှာတော့ မြစ်ထဲကို ပစ်ချခံလိုက်ရတဲ့ ကလေးကို လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။




Some text some message..