တောင်ကိုးရီးယားရဲ့ နာမည်ကြီးတက္ကသိုလ်မှာ ပညာဆည်းပူးသွားမယ့် ဂျိုလီရဲ့ သားအကြီးဆုံး Maddox
popolay.com
|
2019-08-06

ကမ္ဘာကျော်သရုပ်ဆောင် မင်းသမီးကြီး Angenlina Jolie ရဲ့ သားအကြီးဆုံး Maddox Jolie-Pitt ဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ Yonsei University မှာ ပညာဆည်းပူးသွားမှာဖြစ်ပါတယ်။ Maddox ဟာပြီးခဲ့တဲ့ စက်တင်ဘာ ၂၀၁၈ မှာ ဝင်ခွင့်စာမေးပွဲဖြေခဲ့ပြီး ကိုးရီးယား ဘာသာစကားကို လေ့လာသင်ယူခဲ့ပါတယ်။ Maddox တစ်ယောက် တောင်ကိုးရီးယားမှာ ကျောင်းတက်ရောက်ဖို့ ဘာကြောင့် ရွေးချယ်လိုက်တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<



ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ Maddox ဟာအမေဖြစ်သူ ဂျိုလီနဲ့ တောင်ကိုးရီးယားရဲ့ မြို့တော် ဆိုးလ်ကို လာရောက်လည်ပတ်ခဲ့ပါတယ်။ Maddox ကို ဂျိုလီနဲ့ ဘရက်ပစ်တို့မှ ကမ္ဘောဒီးယားနိုင်ငံကနေ မွေးစားခဲ့တာဖြစ်ပါတယ်။



Maddox ဟာလတ်တလောမှာ Kpop နဲ့ ကိုးရီးယားယဉ်ကျေးမှုကို စိတ်ဝင်တစားရှိလှတာကြောင့် တောင်ကိုးရီးယားမှာ ကျောင်းတက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။



ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဝင်ခွင့်စာမေးပွဲဖြေခဲ့ပြီး တောင်ကိုးရီးယားနိုင်ငံရှိ ထိပ်တန်း တက္ကသိုလ်စာရင်းဝင်ထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Yonsei မှာ ဝင်ရောက်ခွင့်ရခဲ့ပါတယ်။ Yosei University ဟာတောင်ကိုးရီးယားနိုင်ငံမှာ နံပါတ်၃အကောင်းဆုံး တက္ကသိုလ်ပဲဖြစ်ပါတယ်။


ဂျိုလီအနေနဲ့ လတ်တလော Marvels ကရိုက်ကူးတင်ဆက်မယ့် Eternals မှာ တောင်ကိုးရီးယားအက်ရှင်မင်းသားကြီး မာဒုံဆော့နဲ့အတူပါဝင်သရုပ်ဆောင်ရမှာ ဖြစ်လို့ ကိုးရီးယားလူမျိုးတွေနဲ့အဆက်အစပ်ရှိနေတယ်လို့ ပြောရမှာပါ။



ဒါတင်မက ဂျိုလီဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၀၁၈ မှာ ဒုက္ခသည်တွေကို ကယ်တင်ဖို့ ပရဟိတအဖွဲ့အစည်းတွေနဲ့အတူ တောင်ကိုးရီးယားကို လာရောက်ခဲ့ရာက သံတမန်ဖြစ်တဲ့ မင်းသား Jung Woo Sung နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဂျိုလီဟာ သားဖြစ်သူ Maddoxအတွက် တောင်ကိုးရီးယားရဲ့ ယဉ်ကျေးမှုနဲ့ ပညာရေးအခြေအနေကိုအသေအချာလေ့လာပြီးမှ တက်ရောက်စေခဲ့ပါတယ်။




Ref:allkpop

(ပိုပိုလေး)




Some text some message..