Lotayamm

အမေရိကန်နိုင်ငံတွင် သေနတ်ပစ်မှု ဆက်တိုက်ဖြစ်ပွားနေခြင်းအတွက် ဝေဖန်မှုများမြင့်တက်
yangonmedia.com
|
2019-08-06


ဝါရှင်တန်၊ ဩဂုတ် ၅ အမေရိကန်နိုင်ငံတွင် အကြမ်း ဖက် သေနတ်ပစ်ခတ်မှု နှစ်ခုဖြစ် ပွား၊ လူ ၂၉ ဦးသေဆုံး၍ ဒါဇင် ပေါင်းများစွာ ဒဏ်ရာရရှိစေခဲ့မှုအ တွက် သက်ဆိုင်ရာမိသားစုများနှင့် အမေရိကန် ပြည်သူအများစုတို့မှာ နာကျင်စိတ်ဆိုးမှုများဖြင့် နိုင်ငံ၏ ခေါင်းဆောင်မှုအပေါ် ပြစ်တင်ဝေ ဖန်ခဲ့ကြသည်။ အယ်လ်ပါဆိုမြို့ ဈေးဝယ်စင် တာ ပစ်ခတ်မှုနှင့် ဒေတန်မြို့ စား သောက်ဆိုင်တစ်ခုအနီး ပစ်ခတ်မှု နှစ်ခုပေါင်းသည် စုစုပေါင်း ၁၃ နာ ရီအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင် ငံအတွင်း သေနတ်ပစ်ခတ်မှုနှုန်း မြင့်မားနေခြင်းကို ပြဆိုနေပေသည်။ ယင်းသည် သေနတ်ပိုင်ဆိုင်မှု ဥပ ဒေ၏ အားနည်းချက်ကို ပြဆိုနေ ခြင်းလည်း ဖြစ်သည်။ သေနတ်ပစ် အကြမ်းဖက်မှု ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခြင်းအတွက် အားလုံး ကပင် အိမ်ဖြူတော် တာဝန်မကင်း ဟု လက်ညှိုးထိုးပြောဆိုခဲ့ကြသည်။ အထူးသဖြင့် သမ္မတဒေါ်နယ်ထရန့် ၏ လူနည်းစုများအား ထိခိုက်ပြော ဆိုခဲ့မှုအပေါ် ဝေဖန်ထောက်ပြခဲ့ ကြသည်။ အယ်လ်ပါဆိုမြို့ ဈေးဝယ်စင် တာတွင် အသက်(၂၁)နှစ်အရွယ် လူဖြူအမျိုးသားတစ်ဦး၏ ပစ်ခတ် မှုကြောင့် လူ ၂၀ သေဆုံးကာ ၂၆ ဦး ဒဏ်ရာရရှိခဲ့ရသည်။ သေနတ် သမားအမည်မှာ ပက်ထရစ်ခရုစီး ယပ်စ်ဖြစ်ပြီး အမေရိကန် လူဝင်မှု စနစ်အား မကျေနပ်နေသူ တစ်ဦး ဖြစ်သည်။ "တက္ကဆက်မှာရှိတဲ့ ဂရိနွယ် ဖွား ကျူးကျော်သူတွေကို သတ်ပစ်" ဟူသော လေးမျက်နှာရှိ စာတမ်း တစ်စောင်ကို ရေးသားကာ အွန် လိုင်းမှတစ်ဆင့် ဖြန့်ချိခဲ့သူဖြစ်သည်။ ဖမ်းဆီးခံထားရသူ ゞင်းနှင့် ပတ်သက်၍ အယ်လ်ပါဆိုခရိုင် ရှေ့ နေချုပ် ဂျိမ်းအက်စ်ပါဇာက " ပြစ်မှု ကတော့ သေဒဏ်ထိုက်တဲ့ ပြစ်မှု ပဲ" ဟု သတင်းထောက်များသို့ ပြော ဆိုလိုက်သည်။ ဒေတန်မြို့ စားသောက်ဆိုင် ပစ်ခတ်မှုတွင် လူကိုးဦး သေဆုံးခဲ့ ရကာ ၂၇ ဦး ဒဏ်ရာများရရှိခဲ့ကြ သည်။ (၂၄)နှစ်အရွယ် လူဖြူအမျိုး သားကော်နာဘက်တ်က အကြောင်း မဲ့ လူသတ်မှုကျူးလွန်ခြင်း ဖြစ်သည် ဟု ရဲအဖွဲ့က ထုတ်ဖော် ပြောဆိုခဲ့ သည်။ ၄င်းအား ပစ်ခတ်မှုဖြစ်ပွားပြီး တစ်မိနစ်အတွင်း ရဲများက အသေ ပစ်ခတ် ဖမ်းဆီးလိုက်နိုင်ခဲ့သည်။ တရားခံသည် ကျည်ကာအင်္ကျီ ဝတ် ဆင်ထားသောကြောင့် ရဲများက အ ချက်ပေါင်း ၁၀ဝ ခန့်ဖြင့် ကျည်ရာ ဆန်ခါပေါက်ဖြစ်အောင် ပစ်ခတ် ခဲ့ရသည်။ အကြမ်းဖက်တရားခံ၏ လက်ချက်ဖြင့် အမျိုးသမီး လေးဦး၊ အမျိုးသား ငါးဦးတို့ သေဆုံးခဲ့ရပြီး အသက် အပိုင်းခြားအားဖြင့် (၂၂) နှစ်မှ (၅၇)နှစ်အတွင်းရှိသူများဖြစ် ကြကာ တရားခံ၏ညီမဖြစ်သူလည်း လူသတ်သမား၏ ပစ်ကွင်းအတွင်း ကျရောက်ကာ သေဆုံးသူများထဲ တွင် ပါဝင်ခဲ့ရသည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သေနတ်ပစ်ခံရ၍ သေဆုံး သူများကို စာနာသောအားဖြင့် နိုင် ငံအဝန်း ဩဂုတ် ၈ ရက်အထိ ငါး ရက်တိုင်တိုင် အမေရိကန်အလံအား တိုင်ဝက်လျှော့ချ လွှင့်ထူကြရန် ညွှန်ကြားလိုက်သည်။ သေဆုံးသူ များ၏ မိသားစုများထံသို့ ဝမ်းနည်း စာနာကြောင်း ပြောဆိုခဲ့သည်။ မြို့ကြီးနှစ်မြို့သေနတ်ပစ် ခတ်မှု ဖြစ်ပွားခဲ့ခြင်းအတွက် အိမ် ဖြူတော်ရှေ့တွင် ဆန္ဒပြခဲ့ကြပြီး "နောက်တစ်ကြိမ် သေနတ်ပစ်မှု တွေ မဖြစ်ပွားပါစေနဲ့တော့ " ဟူ၍ြွေကးကြော်ဆန္ဒပြခဲ့ကြသည်။ Ref: Xinhua





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..