Lotayamm

သမ္မတ၏နှုတ်မစောင့်စည်းမှုကြောင့် အမေရိကန် အကြမ်းဖက်ပစ်ခတ်မှုများ ဖြစ်ရဟု ပြောဆိုကြ
yangonmedia.com
|
2019-08-06


နယူးယောက်၊ ဩဂုတ် ၅ အမေရိကန်နိုင်ငံ ဒီမိုကရက်ပါတီသမ္မတလောင်းတစ်ဦးဖြစ်သူ နယူး ဂျာစီပြည်နယ် အထက်လွှတ်တော်အမတ် ကိုရီဘွတ်ကားက အိုဟိုင်းယို နှင့် တက္ကဆက်ပြည်နယ်အတွင်း အကြမ်းဖက်သေနတ်ပစ်ခတ်မှုများ ဖြစ် ပွားရခြင်းသည် သမ္မတဒေါ်နယ်ထရန့်၏ လူနည်းစုများအပေါ် ခွဲခြား ဆက်ဆံသော စကားအပြောအဆို မဆင်ခြင်မှုများကြောင့်ဖြစ်ရသည်ဟု ဩဂုတ် ၅ ရက်က စွပ်စွဲပြစ်တင် ပြောဆိုလိုက်သည်ဟု သတင်းများအရ သိရှိရသည်။ အခြားသော သမ္မတလောင်းများကလည်း လူထုဟောပြောပွဲများ၊ ရုပ်မြင်သံကြားများမှတစ်ဆင့် ထရန့်အပေါ် အလားတူစွပ်စွဲပြစ်တင်မှုများ ပြုလုပ်ခဲ့ကြသည်။ ဒေတွန်နှင့် အယ်လ်ပါဆိုမြို့ အကြမ်းဖက် သေနတ် ပစ်ခတ်မှုများကြောင့် လူပေါင်း နှစ်ဒါဇင်ကျော် သေဆုံးခဲ့ရပြီး ယင်းဖြစ်ရပ် များသည် သမ္မတဒေါ်နယ်ထရန့်၏ လူမည်းများအပေါ် ခွဲခြားအပြစ်တင် သော မိန့်ခွန်းများ ထွက်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည်။ "သမ္မတ၏ အမုန်းတရားစကားများသည် လူအချို့အပေါ် ကူးစက် လာခြင်းဖြစ်သည် " ဟု ကိုရီဘွတ်ကားက ဆက်လက်ပြောဆိုလိုက်သည်။ "သမ္မတ၏ အမျိုးသားရေးဝါဒသည် လူဖြူအကြမ်းဖက်ဝါဒဖြစ်ပြီး လူနည်းစုအပေါ်တွင် ဆွပေးသလိုဖြစ်နေရသည် " ဟု မြို့တော်ဝန် တာ ဘတ်တီဂျိဂ်က ဝေဖန်ပြောဆိုလိုက်သည်။ ကယ်လီဖိုးနီးယားအထက် လွှတ်တော်အမတ် ကမ်မလာဟာရစ်ကလည်း "အကြမ်းဖက် ပစ်ခတ်မှု များသည် သမ္မတ၏ စကားအပြောအဆို မဆင်ခြင်မှုကြောင့်ဖြစ်ရသည် " ဟု ပြောဆိုလိုက်သည်။ "အမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်သူဟာ အမုန်းတရားစကားလုံးများ သုံးစွဲပြောဆိုမိခြင်း မပြုစေရန် စကားလုံးရွေးချယ်သုံးနှုန်းဖို့ လိုအပ်ပါ တယ်" ဟု လပ်စ်ဗီးဂတ်စ်မြို့ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆို လိုက်သည်။ အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးက မြို့တော်ခန်းမတွင် ပြုလုပ်သော အခမ်းအနားသို့ တက်ရောက်ကာ အကြမ်းဖက်ပစ်ခတ်မှု ကြောင့် သေဆုံးရသူများအတွက် ငြိမ်သက်စွာနေပေးခဲ့ပြီး လက်နက်များ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်မှုကို ပြန်လည်ဆန်းစစ်ရန်ပြောဆိုခဲ့သည်။ Ref: AP





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..