ဆီးရီးယားယူဖရေးတီးမြစ် အရှေ့ပိုင်းကို တူရကီက ထိုးစစ်စတင်တော့မည်ဟု အာဒိုဂန်ပြော
yangonmedia.com
|
2019-08-06


အစ္စတန်ဘူ၊ ဩဂုတ် ၅ တူရကီသမ္မတရီစက်တေ ယက်ပ်အာဒိုဂန်က တူရကီစစ်တပ် များသည် ဆီးရီးယားနိုင်ငံ ယူဖရေး တီးမြစ်အရှေ့ဘက်ဒေသသို့ ဝင် ရောက်တော့မည်ဖြစ်ကြောင်း ပြော ကြားလိုက်ကြောင်း ဆင်ဟွာသတင်း က ဩဂုတ် ၅ ရက်တွင် ဖော်ပြ လိုက်သည်။ မိမိတို့တပ်များသည်အဖမ်း၊ ဂျာရာဘလတ်စ်၊အယ်လ်ဘတ် ဒေ သတို့ကို ဝင်ရောက်သွားမည်ဖြစ် ကြောင်း၊ ယခုအခါ မိမိတို့ ယူဖရေး တီးဒေသသို့ ဝင်ရောက်သွားမည် ဖြစ်ကြောင်းအာဒိုဂန်က တူရကီအနောက်မြောက် ဘာဆာမြို့အ ခမ်းအနားတစ်ခုတွင် ပြောကြား လိုက်ခြင်းဖြစ်သည်။အာဒိုဂန်က ဤသတင်းကိုအမေရိကန်နှင့် ရုရှားနိုင်ငံတို့ကို လည်း သတိပေးထားခဲ့ပြီးဖြစ် ကြောင်း ပြောကြားလိုက်သည်။ ကာလကြာသည်တိုင် သော ကရောက်မှု ဆက်လက်ဖြစ်နေရ ကြောင်း၊ မိမိတို့ ဆက်လက်သည်း မခံနိုင်တော့ကြောင်း၊အဆုံးစွန်ထိ သည်းခံခဲ့မှုကုန်သွားပြီဟု ゞင်းက ဆက်လက် ပြောကြားလိုက်သည်။ တူရကီတပ်နှင့် ဆီးရီးယား သူ ပုန်မဟာမိတ်တပ်များကအယ်လ် ဘတ်၊ ဂျာရယ်လပ်နှင့်အဖမ်းမြို့ များကို ှှု တပ်များနှင့် ဆီးရီးယား ကာ့ဒ်စစ်သွေးြွကများထံမှ လွန်ခဲ့သော ထိုးစစ်နှစ်ခုတွင် သိမ်းပိုက်ခဲ့သည်။အမေရိကန်စစ်ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲအသစ်အတွက် တူ ရကီသို့ ဩဂုတ် ၄ ရက်က ရောက် ရှိခဲ့သည်။ ယခင်က ဆွေးနွေးခဲ့သည့် ပူးတွဲလုံခြုံရေး ဇုန်သတ်မှတ်ရန် ကိစ္စမှာ မအောင်မြင်ဘဲပြီးဆုံးသွား ခဲ့သည်။အဆိုပါလုံခြုံရေးဇုန်ကို ကာ့ဒ်စစ်သွေးြွကများဖြစ်သည့် ကာ ကွယ်ရေးတပ်ဖွဲ့(YPG)က သိမ်း ပိုက်ထားသည်။ ဤအဖွဲ့ကို တူရ ကီကအကြမ်းဖက်အဖွဲ့အဖြစ် သတ် မှတ်ထားသည်။ တူရကီက ဆီးရီးယား ယူဖရေး တီးမြစ်အရှေ့ဘက်ကမ်းရှိ YPG တပ်များကို သုတ်သင်ရှင်းလင်းရန် ယခင်ကတည်းက ပြောကြားထား ခဲ့သည်။အမေရိကန်နှင့် ဆွေးနွေး ပွဲမအောင်မြင်၍ တူရကီက ゞင်း ၏တပ်များကို YPG တပ်များရှိရာ နယ်ခြားသို့ တိုးမြှင့်ချထားခဲ့သည်။အမေရိကန်နှင့် လုံခြုံရေးဇုန် ဆွေးနွေးပွဲ မအောင်မြင်ပါက တူရ ကီက မိမိဘာသာ လုံခြုံရေးဇုန်ကို ထူထောင်သွားမည်ဟု တူရကီနိုင် ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားလိုက်သည်။ နေတိုးမဟာမိတ်များ ဖြစ်ကြ သည့်အမေရိကန်နှင့် တူရကီတို့ သည် YPG ကာ့ဒ်နယ်မြေ၌ လုံခြုံ ရေးဇုန် ထူထောင်ရန် ယခုနှစ်ဆန်း က သဘောတူခဲ့ကြသည်။ Ref: Xinhua





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..