တရုတ်အစိုးရကို လျှော့မတွက်ဖို့ ဟောင်ကောင်ဆန္ဒပြသူများအား သတိပေး
popolay.com
|
2019-08-06

ဟောင်ကောင်တွင် ဆန္ဒပြမှုများ လနဲ့ချီကြာမြင့်နေခဲ့ပြီးအစပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြရာမှအကြမ်းဖက်မှုများအသွင်ဆောင်လာသည့်အပေါ် တရုတ်ဗဟိုအစိုးရက သူ့တို့ကို လျှော့တွက်ပြီးအားမစမ်းသင့်ကြောင်း ဟောင်ကောင်က ဆန္ဒပြသူတွေကို သြဂုတ်လ ၆ ရက်နေ့က သတိပေးလိုက်ပါတယ်။
ဘေကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟောင်ကောင်နဲ့ မကာအို တို့ရဲ့ ပြည်ထဲရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ Yang Guang က “မီးနဲ့ကစားတဲ့သူတွေဟာ မီးကြောင့်ပဲ ပျက်ဆီးတတ်တယ်” လို့ ပြောကြားလိုက်ပါတယ်။



“အခြေအနေတွေကို ထိန်းလို့မရဘူးဆိုရင် ခံရမယ့်သူတွေက ဘယ်သူတွေလဲ၊ ဒီအကျိုးဆက်တွေရဲ့ ရလာဒ်ကို ဘယ်သူတွေကပဲ ပြန်ခံစားရမလဲ..?” လို့ ပြောကြားခဲ့ပါတယ်။
အစွန်းရောက် ဆန္ဒပြသူတွေရဲ့ လုပ်ရပ်က ဟောင်ကောင်ကိုအသူတရာနက်တဲ့ ချောက်ထဲ တွန်းချနေတာ ဖြစ်တယ်၊အခုလိုအဖြစ်ပျက်တွေကို တရုတ်မလိုလားသူတွေက နောက်ကွယ်ကနေ ကြိုးကိုင်ပြီး တရုတ်ပိုင်နက်ထဲမှာအကြမ်းဖက်မှုတွေ ဖြစ်အောင် လုပ်နေတယ်ဆိုတာကို သတိထားကြဖို့ ပြောကြားခဲ့ပါတယ်။


Yang Guang က ဟောင်ကောင် ပြည်သူပြည်သားတွေအားလုံး သူတို့ချစ်တဲ့ ဟောင်ကောင်နိုင်ငံကို ကာကွယ်ဖို့ နိုးထကြပြီး လစ်လျူရှုမှုတွေအနိုင်ကျင့်မှုတွေကို လက်မခံကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက်မှုတွေကိုအဆုံးသတ်ပြီး မြို့တော်ကြီးကို နေသားတကျရှိအောင်အရင်ဆုံးလုပ်ဆောင်ရမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။




Some text some message..