အမျိုးသမီးယောင်ဆောင် ထောင်မှထွက်ပြေးဖို့ကြိုးစားသူ ထပ်မံအဖမ်းခံရ
popolay.com
|
2019-08-06

ပြီးခဲ့တဲ့အပါတ် စနေ့နေ့က ဘရာဇီးနိုင်ငံ Rio de Janeiro မြို့အနောက်ဖက် Gabriel Ferreira Castilhoအကျဉ်းထောင်တစ်ခုမှာအမျိုးသမီးတစ်ဦးအဖြစ်အယောင်ဆောင်ကာ ထွက်ပြေးဖို့ ကြိုးစားတဲ့အဖြစ်အပျက် ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာအသက် ၄၂ နှစ်အရွယ်အကျဉ်သား Clauvino Da Silva ဟာ သူ၏သမီးဖြစ်သူ မျက်နှာတွေ ၊အဝတ်အစားတွေကို ဝတ်ဆင်ပြီး ထွက်ပြေးဖို့ ကြံစဉ်ခဲ့တာပါ။




Clauvino Da Silva ဟာ မျက်နှာမှာ ဆီလီကွန် မျက်နှာဖုံး၊ ဆံပင်အတု ၊ မျက်မှန် တို့ကို ဝင်ဆင်ပြီး မိန်းကလေးအသွင် ဖန်တီးကာ ထွက်ပြေးဖို့ လုပ်ခဲ့ပါတယ်။ (၁၉) နှစ်အရွယ် သမီးနဲ့ ထောင်ဝင်စာ တွေ့ပြီးနောက်မှာ သူ့သမီးနဲ့အတူ နောက်ကနေ ပါလာခဲ့ပါတယ်။ ဒါပေမယ့် သူအကြံအစဉ်ဟာအောင်မြင်ခဲ့ခြင်းမရှိဘဲ တံခါးဝမှာပဲ ထောင်အာဏာပိုင်တွေက ရိပ်မိပြီး ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။




Clauvino Da Silva ကိုထောင်မှ လွတ်မြောက်အောင်အကူအညီပေးခဲ့တဲ့ သမီးဖြစ်သူနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအဖြစ် ရုပ်ဖျက်ထားတဲ့အပါင်းအပါ (၇) ဦးကို ဘရာဇီးအာဏာပိုင်တွေက ဖမ်းဆီးထိမ်းသိမ်း လိုက်ပါတယ်။အကျဉ်းသား Da Silva ကိုလည်း ထပ်တိုးပြစ်ဒဏ်အနေနဲ့ လုံခြုံရေးအဆင့်မြင့်မားတဲ့ ထောင်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။




Some text some message..