ဟစ်တလာရဲ့အဖိုးဟာ ဂျူးလူမျိုးဖြစ်ကြောင်း သိပ္ပံပညာရှင်တစ်ဦးက ဆို
shwemom.com
|
2019-08-08

သိပ္ပံပညာရှင်တစ်ဦးက ဟစ်တလာရဲ့အဖိုးဖြစ်သူဟာ ဂျူးလူမျိုးဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒီအချက်ကို ဒေါက်တာ လီယိုနာ့ဒ်ဆက်စ်ဆိုသူက ထောက်ပြခဲ့တာပါ။ လီယိုနာ့ဒ်ဟာ ဟစ်တလာရဲ့ ကိုယ်ရေးကိုယ်တာရှေ့နေဖြစ်သူ ဟန်းစ်ဖရန့်ရဲ့အထောက်အထားကို ကိုးကားထားတာပါ။ ဟန်းစ်ဖရန့်က (၁၉၃၀) ခုနှစ်တုန်းက ဟစ်တလာရဲ့အဖိုးဖြစ်သူဟာ ၎င်းရဲ့အဖွားဖြစ်သူအလုပ်လုပ်ရာနေရာမှာပဲ တစ်အိမ်ထဲ နေခဲ့ဖူးကြောင်း ဆိုခဲ့တာဖြစ်ပါတယ်။

ဟန်းစ်ဖရန့်ကို (၁၉၄၆) ခုနှစ်မှာ စစ်ရာဇဝတ်မှုနဲ့ ခုံရုံးတင် စီရင်ပြီးနောက် ဟန်းစ်ဖရန့်တွေ့ရှိခဲ့တဲ့အချက်တွေဟာလည်း တစ်ခါတည်း ပျောက်သွားခဲ့ပါတယ်။ ဂျာမန်စာရေးဆရာတစ်ဦးဖြစ်တဲ့ နီကိုလက်စ်ဗွန် ပရီရာဒိုဗစ်ချ်ကတော့ (၁၈၃၆) ခုနှစ်တုန်းက ဟစ်တလာရဲ့အဖွား မာရီယာအန်နာကိုယ်ဝန်ရှိစဉ်အချိန်က သြစတြီးယား ဂရက်ဇ်မှာ ဂျူးလူမျိုးတွေမရှိဘူးလို့ ဆိုထားပါတယ်။


Shutterstock/IgorGolovniov

ဒါပေမယ့်လည်း သြစတြီးယန်းအထောက်အထားတွေအရ (၁၈၅၀) မတိုင်ခင် သြစတြီးယားမြို့ထဲမှာ ဂျူးတွေနေထိုင်ခဲ့ဖူးတယ်ဆိုတာကို ဒေါက်တာ ဆက်စ်က တွေ့ရှိခဲ့ပါတယ်။ ဒေါက်တာကတော့ နာဇီလိုလားသူတွေဟာ ဂျူးတွေကို မုန်းတီးတဲ့အတွက် ဟစ်တလာကို သူ့အဖိုးဟာ ဂျူးဖြစ်တယ်ဆိုတာကို ပေးမသိစေခဲ့တာဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

ဟစ်တလာရဲ့အဖွားဖြစ်လာမယ့် မာရီယာအန်နာဟာ ဆင်းရဲတဲ့တောင်သူတစ်ဦးဖြစ်ပြီး ကျေးလက်ဒေသမှာ နေထိုင်ပါတယ်။ သူမအကြောင်းကတော့ သိပ်မသိရပါဘူး။ မာရီယာဟာ ယောကျ်ားမယူပဲ ကလေးတစ်ယောက်မွေးခဲ့ပါတယ်။ နာမည်ကအေလွားစ်ဖြစ်ပါတယ်။ ကလေးရဲ့ ဖခင်ဟာ မည်သူမည်ဝါဆိုတာကိုလည်း မာရီယာက မပြောပြပါဘူး။ ပြီးတဲ့နောက် မာရီယာဟာ ဂျိုဟန်ဂျော့ဟင်ဒလာအမည်ရတဲ့သူတစ်ဦးနဲ့အိမ်ထောင်ပြုလိုက်ပြန်ပါတယ်။ နောက်ပိုင်းတော့အေလွားစ်နဲ့ပထွေးတော်စပ်တဲ့ ဂျိုဟန်ဟာအေလွှားရဲ့တရားဝင်ဖခင်အဖြစ် သတ်မှတ်ခံရပြီး မွေးစာရင်းပါ ပြောင်းလဲခဲ့ပါတယ်။


Shutterstock/Everett Historical

ဒါပေမယ့် နောက်ပိုင်းတော့အေလွားစ်ဟင်ဒလာကနေ ဟီဒလာမဟုတ်ပဲ ဟစ်တလာဆိုပြီး ဘယ်လိုတွင်လာသလဲတော့ မသိရပါဘူး။အေလွားစ်ဟင်ဒလာကတော့ ဂျူးလူမျိုး(၆) သန်းကျော်ကို မျိုးသုဉ်းသတ်ဖြတ်ခဲ့တဲ့အဒေါ့ဖ်ဟစ်တလာရဲ့ ဖခင်ပဲ ဖြစ်ပါတယ်။အဒေါ့ဖ်ဟစ်တလာရဲ့အဖိုးဇာတ်ကြောင်းကိုအဖွားဖြစ်သူ မာရီယာကလည်း မြှုပ်ထားတာကြောင့် ဟစ်တလာရဲ့အဖိုးဟာ တကယ် ဂျူးပဲလားဆိုတာ ဒွိဟဖြစ်စရာပါပဲ။ ဟစ်တလာလက်ထက်တုန်းက စီမံရေးဆွဲခဲ့တဲ့ ၎င်းရဲ့ မျိုးရိုးစဉ်ဆက် ဇယားထဲမှာလည်း သူ့အဖိုးအဖွားတွေဟာ သြစတြီးယန်းဂျာမန်တွေဖြစ်တယ်လို့သာ ဆိုထားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ ဟစ်တလာရဲ့အဖိုးဟာ ဂျူးတစ်ယောက်သာဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေ ပြန့်နှံ့နေဆဲရှိကြောင်းလည်း TheSun သတင်းအရ သိရှိရပါတယ်။

လင်းလင်း (ShweMom)




Some text some message..