
ဂိမ်းဆိုင်မှာ ကလေးခြင်းရန်ဖြစ်ရာမှ စသည်ဆိုသော တာမွေက လမ်းမကြီးပေါ်မှာအဖွဲ့နှစ်ဖွဲ့အပြန်အလှန် ဓါးနဲ့ခုတ်ကြရင်း လူတစ်ဦးသေဆုံးကာ နှစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့ပြီး ကျူးလွန်သူများကို ရဲအဖွဲ့က ဖမ်းဆီခဲ့သည် ဆိုသော သတင်းတို့ကို မှတ်မိကြဦးမည်ထင်ပါတယ်။ ဒီသတင်းတွေရဲ့ နောက်ကွယ်ကအကြောင်းတွေကို တူမောရိုးနယူးစ်ဂျာနယ်က ဖော်ပြထားတဲ့အကြောင်းအရာကို မူရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။
အမူတစ်ခုဖြစ်ပြီ ဆိုကတည်းကအမှုကိုင် (ဝါ)အမှုစစ်ရဲအရာရှိမှအမှုဖြစ်စဉ်အကျဉ်းချုပ်နှင့် ဖြစ်နိုင်ခြေရှိသော၊ ဖြစ်နိုင်သော၊ ယုတ္တိရှိသော ဥပဒေကို လေးစားသောအားဖြင့်အပြန်ပြန်အဖန်ဖန် သုံးသပ်၍ ဥပဒေအကြောင်း ခြင်းရာ ခိုင်ခိုင်လုံလုံဖြင့်အမှုကိုတည်ဆောက်ကြပါသည်။ လျော့တိ လျော့ရဲ၊ ပေါ့တီးပေါ့ဆဖြင့် မလုပ်ကြပါ။
တရားခံများ၊ ကွင်းဆက်များ၊ နောက်တိုးတရားခံများ၊ သက်သေများ၊အချိတ်ဆက်မိမိအမှုမှန်ပေါ်ပေါက်ရေးအတွက် လိုအပ်သလို စစ်ဆေးမေးမြန်းပြီး ဖမ်းသင့်သူ၊အားပေးကူညီသူ၊ ပူးပေါင်းပါဝင်သူများ ဖမ်းဆီးရေး၊အမှုအခြေခံမှစ၍ ဖြစ်ပျက်ပုံအဆင့်ဆင့်အများထင်သာမြင်သာအောင် စွဲဆို၍တင်ပို့ကြပါသည်။
တာမွေဈေးရှေ့ မင်းမဲ့စရိုက်ဆန်ဆန် လူသတ်မှုဖြစ်စဉ်သည် ဂိမ်းဆိုင်တစ်ဆိုင်မှအစပြုခဲ့ပါ၏။ ဆိုင်ပိုင်ရှင် ထိုင်ဝမ်တရုတ် သူဌေး မစ်္စတာဝမ်ဆိုသူဖြစ်ပြီးအငှားဆိုင် ပိုင်ရှင်၊အငှားမန်နေဂျာ၊အငှားအလုပ် သမားများဖြင့် လုပ်ငန်းလုပ်ကိုင်၍ ၎င်းက နောက်ကွယ်မှ ကြိုးကိုင်ပြီး ကာစီနိုလောင်း ကစားဖြင့်ငွေရှာခဲ့သည်မှာ ငါးနှစ်၊ ခြောက်နှစ်ခန့် ရှိနေခဲ့ပါပြီ။ လစဉ် မှန်မှန် ထိုင်ဝမ် သို့ ငွေလွှဲဖြင့် ဆိုင်လေးငါးဆိုင်မှ ငွေများ ကို ပို့နေကျဖြစ်ပါ သည်။ ယခင် ၎င်းသည် ထိုင်ဝမ်မှ ရဲအမှုထမ်းတစ်ဦး (သုံးပွင့်) ဖြစ် ပြီး ပင်စင်ယူ၍ မြန်မာပြည်တွင်လာရောက် ၍ ကာစီနို လောင်းကစားဂိမ်းဆိုင်များဖွင့်ပြီး စီးပွားရှာခဲ့ပါသည်။
စီးပွားရေး တုတ်နဲ့မထိုးနဲ့ ထိုးတဲ့သူ ရန်သူပါပဲ … ယခင်က သုံးရာသီ ဂိမ်းဆိုင်မှအစပြု ၍ Excel Tower (ရွှေဂုံတိုင်) ပထမထပ် ကြည့်မြင်တိုင်ညဈေးရှေ့ ဂိမ်း ဆိုင် သုံးထပ် (တာမွေရှိအဆိုပါဂိမ်းဆိုင်များ)အပြင် ဆိုင် ငါးဆိုင်၊ ခြောက်ဆိုင်ခန့် ရှိပေမည်။ ဆိုင်တစ်ဆိုင် တစ်နေ့ ပျမ်းမျှဝင်ငွေ သိန်း ၄၀ ကျော်။ တစ်လပျမ်းမျှ သိန်းထောင့်နှစ်ရာ ခန့်၊အလုပ်သမားခ၊အခန်းခ၊ ဌာနဆိုင်ရာများအတွက် စာအိတ်များသည်ပင် တစ်လ သိန်း ၃၀ ကျော်၊ သာရေးနာရေးများ မပါ ဝင်သေး။ တစ်လကုန်ကျစရိတ် သိန်းတစ် ရာကျော်ဖယ်ပြီး ကျန်တာ၎င်း၏ကိုယ်ပိုင်။ ဆိုင်တစ်ဆိုင်သိန်းတစ်ထောင်ကျော်။ ဆိုင် ငါးဆိုင်၊ သိန်းငါးထောင်။ လစဉ်ငွေလွှဲဖြင့် ထိုင်ဝမ်ကိုအချိန်တန်ရင်ပို့နေကျပါ။ လွန် ခဲ့သည့် ငါးနှစ်ကျော်၊ ခြောက်နှစ် ကာလအတွင်း မြန်မာပြည်မှငွေများ မသမာတဲ့ လောင်းကစားနည်းများဖြင့် ရှာဖွေယူငင် ကုပ်သွေးစုပ်နေသည့် ထိုင်ဝမ်တရုတ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆို သည့် လူစားပင်။
အကြံတူရင် ရန်သူ
၎င်း၏ပါတနာ ကူညီပေးနေသူများက တော့ ငြိမ်းချမ်းရေးအဖွဲ့မှ လူများဖြစ်ပြီး ဥပဒေကိုလက်တစ်လုံးခြားလှည့်၍ (Over Stay) ဖြင့် နေထိုင်ပြီး နားလည်မှုမျိုးရှိ ပေလိမ့်မည်။ လုပ်ငန်းလိုင်စင် တိတိကျကျ ရှိဟန်မတူပါ။ ရွှေဂုံတိုင်တွင် တည်းခို၍အငှားတပည့်တပန်းများဖြင့် လုပ်ကိုင်စား သောက်နေသည်မှာ ကြာခဲ့ပါပြီ။ တစ် လောက သူဓားထိုးခံရသည်။ နယ်ခံလူမိုက် ကလေးများ ၎င်းပိုင် ဂိမ်းဆိုင်တွင် ဆော့ ကစားရာမှ ပြဿနာဖြစ်၊ ရှုံးလျှင် ပြန် တောင်း၊အမျိုးစုံနှောင့်ယှက်ကြရာမှ ၎င်း နှင့် ထိပ်တိုက်တွေ့ပြီး ၎င်းကိုဝိုင်း၍ဓားဖြင့် ထိုးရာ လက်ပြင်တွင် ဓားထိပြီး ဆေးကုသ ရန် ထိုင်ဝမ်သို့ ပြန်သွားခဲ့ပါသေးသည်။ နောက်မှ ၎င်း၏ပါတနာအကြံပေးများ၏အကြံ ဉဏ်များအတိုင်း လူဆိုးလူမိုက်များ နှင့်ပူးပေါင်းရန် ကြံစည်ကြကုန်လေ၏။
မည်သူ၏အဆက်အသွယ်မှန်းမသိ သာကေတမှ ဝင်းထွဋ်ဝင်းနှင့်အဖွဲ့ကို တစ်လလျှင် ရှစ်သိန်းဖြင့် ဆိုင်ကိုကာကွယ် စောင့်ရှောက်ရန်၊ လာရောက်၍ ဖျက်ဆီး ရိုက်ခွဲသူ၊ နှောင့်ယှက်သူ၊ ရှုံးလျှင် ပြဿနာ ရှာသူ၊ နည်းမျိုးစုံဖြင့် ၎င်း၏ဆိုင်အတွက်အနှောင့်ယှက်ပေး၊ လူမိုက်များလာရောက် ၍ မသောင်းကျန်းရဲအောင် သာကေတ လူမိုက်များနှင့် ဆွေးနွေးညှိနှိုင်းပြီး ယခင် တစ်လလျှင် ရှစ်သိန်းနှုန်းဖြင့် ဈေးတည့် သွားပြီး သာကေတလူမိုက်များမှ လူမိုက်များအလှည့်ကျထားပေးပြီး လိုအပ်လျှင် ၎င်း တို့အဖွဲ့ကို ဖုန်းဆက်ခေါ်၍ ပြဿနာရှာသူ၊ ပြဿနာဖြစ်သူ မိုက်ကြေးခွဲသူများအားလုံး ကို ဆိုင်အပြင်ဆွဲထုတ်၍ ရိုက်ပုတ်ထိုးနှက် ခြင်းများ၊ ခြိမ်းခြောက်ခြင်းများ ပြုကြ၏။ မစ္စတာဝမ်၏အမိန့်အရ ဆိုင်အတွင်း မည် သည့်ပြဿနာမှ မဖြစ်စေရ။ ဆိုင်နှင့်မပတ် သက်အောင် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ပြဿနာကို ကြည့်ရှင်းကြ။အဓိပ္ပာယ်က ကိုယ်ဖြစ်လျှင် ကိုယ်ခံကြ။ ဆိုင်ကိုဆွဲမထည့် ကြဘဲ တခြားရန်စဖြင့်အပြင်မှာရှင်းကြ ရန် မှာကြားထားပြီးဖြစ်ပါသည်။
ဆိုင်၏လိုင်စင်မှာ စည်ပင် ကလေး ကစားကွင်းလိုင်စင်ဖြစ်ပြီး ကာစီနိုလောင်း ကစားလိုင်စင် လုပ်ငန်းလိုင်စင် မဟုတ်ပါ ကလေးကစားစရာအရုပ်ကလေးများ ဗန်း ပြပြီး မိကျောင်းစက်၊ ငါးမန်းစက်၊ ဂျက် ဘော့စက်၊ ငါးပစ်စက်၊ ဖဲစက်အစရှိသဖြင့် တစ်သောင်း၊ နှစ်သောင်းမှစ၍ လောင်း ကြေး သိန်း ၂၀၊ သိန်း ၃၀၊ ၄၀ ထိ ရှိ ကြ၏။ စက်များကိုလည်း လိုသလို ပြင်ဆင် ထားပြီး မြန်မာပြည်မှငွေများကို လိမ်ညာ နည်းမျိုးစုံဖြင့် လိမ်ညာ၍ ယူငင်နေကြပါ သည်။အလုပ်သမားများ၊ ယောက်ျား လေးအဆောင်တိုက်ခန်း၊ မိန်းကလေးအဆောင်တိုက် ခန်း၊ နိုင်ငံခြားသားစက်ပြင် တရုတ်၊ ကွမ်ကျိုးမှလူများ သီးခြားတိုက် ခန်းများငှား၍ တစ်ဆိုင်ပြီးတစ်ဆိုင် ရန် ကုန်မြို့တွင်း ဖွင့်လှစ်ထားခဲ့ပါသည်။ လုပ် ငန်းများ တိုးချဲ့၍ ကာစီနိုလောင်းကစား ရာဇာကြီး မစ္စတာဝမ်ဆို သူဖြစ်ပါ၏။
ဓားခုတ်ခံရသူ ကိုကြည်ဝင်း၏ သား များ၊ သမက်များ လူငယ်များပီပီ သတိ ပဋ္ဌာန်လမ်းထိပ်ရှိ ဂိမ်းဆိုင်တွင် ကစားကြ ၏။ မိမိတို့နယ်မြေဖြစ်၍ ဂိမ်းဆိုင်မှလူများ နှင့် စကားများရန်ဖြစ်ကြ၏။ လူငယ်များ သဘာဝ ရှုံးသည့် ဒဏ်ကို မခံနိုင်ကြ။ ဒါ သည်ပင် ထိုင်ဝမ်ပိုင် တရုတ်ဂိမ်းဆိုင်၏အငြိုးထားစရာ၊ မခံချင်စရာများ ဖြစ်လာ ခဲ့ပြီး တာမွေဈေးရှေ့ ကိုကြည်ဝင်းတို့အဖွဲ့ ရှိရာသို့ ဝင်းထွဋ်ဝင်းနှင့်အပေါင်းအပါ တစ်စုတို့က မကြာခဏသွား၍ ပါးရိုက်၊ နားရိုက် ခြိမ်းခြောက် ရန်စကြလေ၏။အခင်းဖြစ်သည့်နေ့ မတိုင်ခင်ကလည်း ကလေးချင်း စရင်းနောက်ရင်း ရန်ဖြစ်ရာမှအုတ်ခဲများဖြင့် ဦးကြည်ဝင်း သမက်ဖြစ်သူက ထုသည်ဆိုပြီး ဆရာကြီး ဝင်းထွဋ် ဝင်းကိုအကျိုးအကြောင်းလှမ်းပြောလိုက် ကြ၏။ ဝင်းထွဋ်ဝင်းမှ ဒေါသူပုန်ထပြီး မိမိ တို့စောင့်ရှောက်နေ သောဆိုင်တွင် ပြဿနာ လာလုပ်သည်၊ မိမိတို့ ထမင်းရှာစားနေ တာ လာဒုက္ခပေးသည်ဟုပြောပြီး ကိုကြည် ဝင်းဖုန်းကို ကိုသက်ဆိုသူထံမှ တောင်း၍ ကိုကြည်ဝင်းဆီ ဖုန်းဆက်၏။ ကိုကြည်ဝင်း ကလည်း ဘုမသိ၊ ဘမသိ “ ကလေးတွေဖြစ် ကြတာ မင်းတို့ရှင်းချင်ရင်လည်း လာကြ လေ”ဟု ပြောမိပါသည်တဲ့။ ဒီတော့ ဝင်းထွဋ် ဝင်းက လည်း “အခုလာခဲ့မယ်၊ စောင့်နေ လာခုတ်မယ်၊ လာသတ်မယ်” ဆိုပြီး ဖုန်းချ သွားပါသည်။ ကိုကြည်ဝင်း ဒေါ်ခင်ခင်ဌေးနှင့် သမက် ဖြစ်သူနှင့်အလုပ်သမားတစ်ယောက် စကားပြောရန်၊ ပြဿနာ ဖြေရှင်းရန်၊ တာ မွေဈေးရှေ့တွင် စောင့်စားနေခိုက် ရွှေကံ့ ကော် လက်ဖက်ရည်ဆိုင်ဘေး တာမွေဈေး ရှေ့သို့ ကားသုံးစီးတစ်ပြိုင်တည်း ဝင်လာ ပြီး ဘာမပြောညာမပြောနှင့် ကိုကြည်ဝင်း တို့ သုံးဦးသားကိုအတင်းဝင် ထိုးခုတ်သတ် ကြလေသောအခါ ကိုကြည်ဝင်းနှင့် သမက် ဖြစ်သူ ဒဏ်ရာရပြီး နေရာတွင် သမက် ဖြစ်သူ ပွဲချင်းပြီးသေခဲ့ပါလေ၏။ ရဲများ ရောက်လာပြီး လမ်းများရှင်း၍ လူနာများ၊ သေသူများ ဆေးရုံပို့ကြပါသည်။ ပထမအမှုမှန်၊ ဖြစ်စဉ်မှန် မရေရာ မသေချာ သေးပါ။ ယခင် ရန်ငြိုးရန်စဆိုပြီး ရောချ ထားကြ၏။အမှန်ကတော့ ဂိုဏ်းစတား မစ္စတာဝမ် ဂိမ်းဆိုင်၏အကျိုးဆက်များ ဖြစ်သည်ကို သိရှိသူနည်းပါသည်။ မြန်မာပြည်ကလူတွေအကျင့်ပျက်၊ စာရိတ္တပျက်၊ လောင်းကစားနွံတွေထဲ ရုန်း မထွက်နိုင်လည်း ဖြစ်ချင်ရာဖြစ်ကြ ဘယ် သူသေသေ ငတေမာရင်ပြီးရောထုံး နှလုံး မူပြီး နိုင်ငံခြားက လက်တစ်လုံးခြားဥပဒေ တွေအတိုင်း ဝိသမလောဘသား တရုတ် များ ထင်ရာစိုင်းနေပါပြီ။အမှုဖြစ်စဉ်အမှု တည်ဆောက်ပုံအစ ငွေပေးပြီး ကြေးစား ငှားရာက စတာပါလေ။ ပိုက်ဆံပေးပြီး ကိုယ်လိုချင်ရာ ကိုယ်ဖြစ်ချင်တာအတင်း လုပ်ယူကြပြီးရင် ကိုယ်နဲ့မဆိုင်သလို၊ မဟုတ် သလို မမြင်ဖူး၊ မပတ်သက်ဖူးသလို ခြေ တစ်လှမ်းနောက်ဆုတ်ပြီးအိမ်ကြက်ချင်းအိုးမဲသုတ်ပြီးအခွပ်ခိုင်း၊ ၎င်းတို့စီးပွား ရေးအတွက်၊ လျှောက်နေတဲ့လမ်းအတွက် ဆူးငြှောင့် ခလုတ်ကန်သင်းမှန်သမျှ ဖယ် ရှားပစ်ဖို့ ဝန်မလေးပါ။
ရာဇဝင် သမိုင်းနောက်ခံ
နိုင်ငံသားစိတ်ဓာတ်၊ လူမျိုးရေးစိတ်ဓာတ်များ မရင့်ကျက်သေး သည့် လူဆိုးလူမိုက်များအတွက် မျိုးချစ် စိတ်၊အမျိုးစောင့်ရှောက်သည့် စိတ်များ မွေးမြူပေးရန် လိုအပ်လာပါပြီ။ သတ်တဲ့ လူက ဗမာ၊ သေတဲ့လူကလည်း ဗမာ၊ ခိုင်း တဲ့လူက တရုတ်။ ငွေပေးသည့်လူအပေါ် တာဝန်ကျေမည်၊ သစ်္စာရှိမည်။ ကျန်တာ ဘာမှမသိ။ ပိုက်ဆံပေးသည့်လူဘက်မှပါ မည်။ ပိုက်ဆံပေးသည့်လူသည်သာအမှန်။ တကယ်တော့ တာမွေဈေးရှေ့ မင်းမဲ့စရိုက် ဆန်ဆန် လူသတ်မှုအား ခြုံငုံလေ့လာကြည့် လိုက်ရင် တရားခံဘယ်သူလဲ၊ ဈေးရှေ့မှာ သတ်တာ ဘယ်သူခိုင်းတာလဲလို့ တိတိ ကျကျမေးရင်၊ စုံစမ်းရင်အခြေခံကစရင် တရုတ်သတ်လို့ သေပါသည် . . .ပေါ့။ လောင်းကစားနွံထဲ ဆွဲသွင်းရုံနဲ့အားမရ ဘူး၊ မြန်မာတွေကိုပါသတ်ကုန်ပြီ။ နောက် ကွယ်က ကြိုးကိုင်ပြီး သတ်တဲ့လူတွေအ တွက်အမှုလိုက်ပေး၊ ရှေ့နေငှားပေး၊ ကုန် ကျစရိတ် ထောက်ပံ့ကြဦးမည်။အမှုတည် ဆောက်ပုံအရ၊အမှုဖြစ်စဉ်အရ “အားပေးကူညီ” သည့် လူများ၊အမှုဖြစ်ရန် ဖန်တီးသူများအား နောက်တိုးတရားခံများအဖြစ် ထည့်သွင်းစဉ်းစားသင့်ပါသည်။
မက်လောက်သည့် ငွေကြေးတစ်စုံ တစ်ရာအခွင့်အရေးများ ပေးထားခြင်း တို့ကြောင့် လုံခြုံရေးတာဝန်ရှိသူတို့ နှာစေး နေသည့်အခါ မလိုလားအပ်သည့်အမှုမျိုး၊အရုပ်ဆိုးအကျည်းတန်သည့်အမှုမျိုးများ ပေါ်ပေါက်လာ ရပါသည်။ တာမွေဈေးရှေ့ လူ သတ်မှုတရားခံ ဘယ်သူလဲ။အပျင်းပြေ သတ်တာလား၊ စိတ်မနှံ့လို့သတ် တာလား။ ကားသုံးစီးနဲ့ လူရှစ်ယောက် ဘာမျှမပြောပ လောက်တဲ့ပြဿနာလေးအတွက်နဲ့ လူကို သေအောင် ခုတ်သတ်ကြသည်။ တရားခံ ဘယ်သူလဲ။ ခေတ်ကြောင့်လား၊ စနစ် ကြောင့်လား၊ လူမျိုးရေးလား၊အားလုံးမှား ပါသည်။ သူ့ဆန်စားရင်ရဲရမည်။
အားပေးကူညီခြင်း ၊ ဖိအားပေးခိုင်းစေခြင်း
ဒါဆို ငွေကြောင့်ပေါ့။ ကြေးစား လောက ကြေးစားကမ်္ဘာမှာ မရှိမဖြစ်အလိုအပ်ဆုံးက ဒုတိယဘုရားသခင် လို့ခေါ်တဲ့ ငွေကြောင့်ဆိုရင် မှားမည်မထင်။ နိဂုံးမှာ တော့ တရုတ်သတ်လို့ သေပါသည်ပေါ့။ [ဖြစ်ရပ်မှန်များအမြဲရေးသားပြီးအမှန် တရားတွက်အမုန်းခံနိုင်ပါ၏။ ဤဆောင်း ပါးနှင့်ပတ်သက်၍ လိမ်ညာမှု၊ မမှန်ကန်မှု၊အားနည်းချို့ယွင်းချက်များ မကျေနပ်မှုမျိုးများ ရှိပါက ဂျာနယ်တိုက်မှတစ်ဆင့် ဆင့်ခေါ်၍ ဖြေရှင်းနိုင် ပါကြောင်း။]
Credit –