ထိုင်းလွှတ်တော်အမတ်ဟောင်းအား သတ်ဖြတ်မှုဖြင့် မြန်မာတစ်ဦးဖမ်းဆီးခံရ
popolay.com
|
2019-08-13
သြဂုတ်လ ၁၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ဆူးပြည်နယ်လွှတ်တော်အမတ်ဟောင်းလည်းဖြစ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့အသက် ၇၂ နှစ်အရွယ် မစ္စတာဖုန်စပ် ဝပ်ထရာနစ် (ခ) ဟီးယားယူကို သတ်ဖြတ်မှုဖြင့် မြန်မာအလုပ်သမားတစ်ဦးကို ထိုင်းရဲအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြပါရှိသည်။



မွန်ပြည်နယ် သထုံမြို့ကအသက် ၁၉ နှစ်အရွယ် မောင်မင်းထွေး ဟာ ထိုင်းနိုင်ငံကိုရောက်ရှိလာပြီး မစ္စတာဖုန်စပ် ၏ လုပ်ငန်းတစ်ခုဖြစ်သည့် ဓာတ်ငွေ့(ဂတ်စ်) လုပ်ငန်းတွင် ဂက်စ်လိုက်ပို့သည့်အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်၊ ၂ လခန့်အလုပ်လုပ်ခဲ့ပြီးနောက် ဂက်စ်ပို့သည့် ယာဉ်ကိုအကြမ်းပတမ်းမောင်းနှင်မှုကြောင့် ပြောဆိုခံခဲ့ရသည့်အတွက် စိတ်ထဲတွင် ရန်ငြိုးထားပြီးအခြားအလုပ်တစ်ခုဖြစ်သည့်အဆောက်အအုံပြုပြင်မွမ်းမံရေးအလုပ်ကို ပြောင်းလဲလုပ်ကိုင်ခဲ့သည်။





အခင်းဖြစ်မည့်နေ့က မောင်မင်းထွေး က မစ္စတာဖုန်စပ် နေထိုင်ရာ ဘန်ကောက်မြို့ ဘန်ဆူးစီရင်စုရှိ ခြံအမှတ် ၄၅၃ ရှိ နှစ်ထပ်ပျဉ်ထောင်အိမ်အတွင်းသို့ ဝင်းရောက်ခဲ့ပြီး မစ္စတာဖုန်စပ် ၏ ဦးခေါင်းကို သံတုတ်ဖြင့်ရိုက်သတ်ခဲ့ပြီးအလောင်းကို ဒုတိယအထပ်ရှိ သစ်သားဘီရိုကြီးထဲတွင်ထည့်ကာ ထွက်ပြေးသွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြပါရှိသည်။






ရဲများက စီစီတီဗီအားပြန်လည်စစ်ဆေးကြည့်ရာအပြာရောင်တီရှပ်နှင့်အနီရောင်ဘောင်းဘီတို ဝတ်ဆင်လျှက် လက်ပတ်အဖြူရောင် ဝတ်ထားသော လူငယ်တစ်ဦးရဲ့ မျက်နှာကိုပါ သဲကွဲစွာတွေ့ခဲ့ရပြီး လိုက်လံစုံစမ်းခဲ့ပါတယ်။
အဲဒီနောက် သူငှားရမ်းနေထိုင်ရာ စမတ်စခွန်စီရင်စုရှိ နေအိမ်ကို သွားရောက်ရှာဖွေပြီး မောင်မင်းထွေး(ခ)ကိုကိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။




Some text some message..