မွေးနေ့လက်ဆောင်ရတဲ့ BMW ကားအသစ်ကို မကြိုက်လို့ မြစ်ထဲပစ်ချ (ရုပ်သံ)
popolay.com
|
2019-08-13

အိန္ဒိယနိုင်ငံက လူငယ်တစ်ဦးဟာ သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် BMW ကားအသစ်စက်စက်ကို မိဘတွေက ဝယ်ပေးခဲ့ပေမယ့် သူလိုချင်တဲ့ Jaguar တံဆိပ် မဟုတ်တာကြောင့် စိတ်ဆိုးပြီး BMW ကား ကို မြစ်ထဲတွန်းချပစ်ခဲ့ပါတယ်။



အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ‘အကတ်ရှ်’အမည်ရတဲ့ လူငယ်ဟာ မိဘတွေဆီကနေ ရူပီး ၃.၅ သန်း(ကျပ်သိန်း ၇၀၀ ကျော်)တန် BMW M3 ကားသစ်ကြီးကို မွေ့နေ့လက်ဆောင် ကားအသစ်ကိုရခဲ့ပေမယ့် သူတစ်ကယ်လိုချင်နေတာက ရူပီး ၅ သန်းတန် Jaguar ကားဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဆိုးပြီး ကားကို မြစ်ထဲ တွန်းချခဲ့ပါတယ်။



ကားက မြစ်ထဲကျသွားပြီး မျေားသွားတဲ့အခါကျမှ စိတ်ပြောင်းသွားပြီး မြစ်ထဲခုန်ချကာ ကားကိုလိုက်ဆယ်ခဲ့ပေမယ့် ကားကာ ရေစီးအတိုင်းမျောပါသွားခဲ့ပါတယ်။ မြစ်ကမ်းတစ်နေရာမှာ မြက်ပင်ရှည်တွေနဲ့ တစ်နေခဲ့ပြီးမှ ကားကို ပြနလည်ဆယ်ယူနိုင်ခဲ့ပါတယ်။


‘အကတ်ရှ်’ ရဲ့ မိဘတွေဟာ မြေပိုင်ရှင်သူဌေးတွေဖြစ်ကြပါတယ်။ လူငယ်ဟာ ကားကိုရေထဲတွန်းမချရင် ရုပ်သံရိုက်ထားခဲ့တာကြောင့် ဖြစ်စဉ်အစဆုံး မှတ်တမ်းတင်နိုင်ခဲ့ပြီးအွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ကာ ထိုးနှက်ဝေဖန်မှုတွေနဲ့ ဆူညံခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ကားကိုအခြားသူတွေရဲ့အကူညီနဲ့ ပြန်လည် ဆယ်တင်နိုင်ခဲ့ပါတယ်။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..