
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpopအဆိုတော်အဖွဲ့ Blackpink မှအငယ်ဆုံးအဖွဲ့ဝင် ထိုင်းမလေး Lisa ဟာဆိုရင်အဖွဲ့ဝင်တွေကိုအမြဲတမ်းလိုလို ဂရုစိုက်ပေးတတ်သူတစ်ဦးပဲဖြစ်ပါတယ်။ Lisa ဟာအသက် ၁၄ နှစ်အရွယ်ကတည်းက YG ကို စတင်ရောက်ရှိခဲ့ပြီး ကိုးရီးယားစကားကို မင်္ဂလာပါ ကလွဲလို့ မပြောတတ်ခဲ့ပါဘူး။ Jennie, Jisoo, Rose’ တို့ရဲ့ ဖေးမကူညီမှုကြောင့် ကိုးရီးယားစကားကို ကျွမ်းကျင်စွာပြောတတ်လာတယ်လို့ Lisa ကိုယ်တိုင်ပြောပြဖူးပါတယ်။ Lisa တစ်ယောက် ကိုးရီးယားစရောက်ချိန်မှာ ရရှိခဲ့တဲ့အခက်အခဲတွေကိုအဖွဲ့ဝင်တွေက ဘယ်လိုကူညီခဲ့လဲ Lisaအတွက် သူတို့တစ်ယောက်ချင်းစီက ဘယ်လောက်ထိအရေးပါတယ်ဆိုတာ သိရှိဖို့ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Lisa ဟာ ပြီးခဲ့တဲ့နေ့ blackpink vlive ထုတ်လွှင့်နေစဉ်အတောအတွင်းအဖွဲ့ဝင်တစ်ယောက်ချင်းစီက သူမဘဝမှာ ဘယ်လောက်ထိအရေးပါကြောင်းကို ပြောပြလာပါတယ်။
Lisa ကိုးရီးယားစရောက်ပြီး YG ကိုစဝင်တဲ့အချိန် Jennie နဲ့အရင်ဆုံးတွေ့ခဲ့တာလို့ ပြောပါတယ်။ Jennie က Lisa ကို ကိုယ်ပိုင်ဘဝနဲ့ idol ဘဝကို ခွဲခြားတတ်ဖို့ Privacy ကို ဘယ်လိုကာကွယ်တတ်ရတယ်ဆိုတဲ့အကြောင်းတွေသင်ပေးတယ်လို့ ပြောပြလာပါတယ်။
တစ်ဖန် Jisoo ကတော့ Lisa ကို စကားများများပြောတတ်ဖို့ ပွင့်လင်းတတ်ဖို့ သင်ပေးခဲ့တယ်လို့ပြောပါတယ်။ Lisaအသက် ၁၄ နှစ်အရွယ်မှာ ကိုးရီးယားစကားမတတ်ဘဲ YG ကိုစဝင်တဲ့အချိန် ဘယ်သူနဲ့မှ မပြောရဲမဆိုရဲ ဖြစ်ခဲ့တုန်းက Jisoo က ကူညီပေးခဲ့တယ်လို့ပြောပါတယ်။အခုဆိုရင် Lisa ဟာစကားတွေအများကြီးပြောတတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေပါပြီ။
Rose’ နဲ့ Lisa ဟာ မြင်မြင်ချင်းပဲ ခင်မိသွားလို့အခုဆိုရင်အမြွှာတွေလိုတောင်ဖြစ်နေပါပြီတဲ့။ Lisa နဲ့ Rose’ ဟာအသက်တူတူပဲမို့ စိတ်ချင်းဆက်နေတဲ့ သူငယ်ချင်းတွေလိုပါပဲ။ YG ကို စရောက်တဲ့အချိန် တခြားသူတွေနဲ့ ခင်မင်ဖို့ ခက်ခဲနေတဲ့ Lisa ဟာ Rose’ နဲ့ YG ရဲ့ တံခါးပေါက်မှာ တွေ့ဆုံခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ပြုံးပြရာက ခင်မင်သွားကြတယ်လို့ပြောပါတယ်။
Lisa က သူအခုလို Lalisa Manoban ဆိုပြီး ရပ်တည်နိုင်တာဟာ Blackpinkအဖွဲ့ဝင်တွေရဲ့ ကျေးဇူးတွေပါလို့ ပြောသွားပါတယ်။အစ်မတွေကိုအရမ်းချစ်သလိုအစ်မတွေ သည်းသည်းလှုပ်ချစ်တာကိုလဲ ခံရတဲ့ ကောင်မလေးပါပဲ။
Ref:koreaboo
(ပိုပိုလေး)