မင်္ဂလာဆောင်တွေမှာ လိုက်ခိုးနေတယ်ဆိုတဲ့အမျိုးသမီးကို ရဲတပ်ဖွဲ့ ဆုကြေးထုတ်
yoyarlay.com
|
2019-08-15



”မင်္ဂလာပွဲကို ဖျက်ဆီးသူ”လို့ သမုတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကိုအမေရိကန်ရဲတပ်ဖွဲ့က ရှာဖွေနေပြီး ဆုကြေးထုတ်ထားပါတယ်။အမည်ဖော်ပြခြင်းမရှိတဲ့အမျိုးသမီးဟာ တက္ကဆက်ပြည်နယ်တောင်ပိုင်းက မင်္ဂလာဆောင်တွေမှာ လက်ဆောင်ပစ္စည်းတွေ ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနောက်ပိုင်းအနည်းဆုံး မင်္ဂလာဆောင် လေးခုကို မဖိတ်ဘဲ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

လက်ဆောင်ကတ်တစ်ခုသုံးပြီး ဈေးဆိုင်မှာ ဈေးဝယ်နေတဲ့အဲဒီအမျိုးသမီးရဲ့ဓာတ်ပုံကို ရဲတပ်ဖွဲ့က ဝေမျှခဲ့ပါတယ်။ ဒီအမျိုးသမီးကို ဖမ်းနိုင်အောင် သတင်းပေးနိုင်ရင်အမေရိကန်ဒေါ်လာ ၄၀၀၀ ဆုချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ”ဒီအမျိုးသမီးက တခြားသူတွေရဲ့ နေ့ထူးနေ့မြတ်ကို ဖျက်ဆီးနေတာ ခွင့်မပြုနိုင်ပါဘူး။ သူ့ကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်ကြရအောင်”လို့ ကိုမယ်ကောင်တီ ဥပဒေစိုးမိုးရေးရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဇနီးမောင်နှံ ၂ ယောက်ကတော့ သူတို့အလှည့်တုန်းက ဟန်းနီးမွန်းထွက်တော့မှ ငွေသားဒေါ်လာ ရာနဲ့ချီ ပျောက်ဆုံးနေပြီး ဒေါ်လာထောင်ချီတန်တဲ့ လက်ဆောင်ကတ်နဲ့ ချက်လက်မှတ်တွေလည်း ပျောက်ဆုံးနေတာ တွေ့ရလို့ ယူကျုံးမရဖြစ်မိတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)




Some text some message..