တရုတ်စစ်တပ်ကြီး ဟောင်ကောင်အနီးမှာအသင့်နေရာယူထားပြီ
popolay.com
|
2019-08-16
သြဂုတ်လ ၁၅ ရက် ကြာသပတေးနေ့က ဟောင်ကောင်နဲ့ နယ်စပ်မြို့ဖြစ်တဲ့ ရှန်ဇန်းမြို့မှာ ရာပေါင်းများစွာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (တရုတ်တပ်မတော်)မှ စစ်ကားများအသင့်အနေအထား ပြင်ဆင်ထားတာကို တွေ့ရပါတယ်။
ဒီစစ်ကားတွေဟာ ဟောင်ကောင်မြို့ဆီကို ချီတက်ပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့အချိန်မရွေး စေလွှတ်နိုင်တယ်လို့အခုလိုပြင်ဆင်ထားတာနဲ့ပက်သက်ပြီးအမေရိကန်အစိုးရဘက်က ဖွင့်ဟပြောကြားလိုက်ပါတယ်။
တရုတ်သမ္မတ ရှီဂျင်းပင်းအနေနဲ့ ဟောင်ကောင်က ဆန္ဒပြသူတွေကို မျက်နှာစုံညီတွေ့ပြီး ဖြေရှင်းသင့်တယ်လို့အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကြာသပတေးနေ့ကအကြံပြုလိုက်ပါတယ်။
ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာ သီတင်းပတ် ၁၀ ပတ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ဆန္ဒပြသူတွေကအတိုင်းတာနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ကို တရုတ်ပြည်မကြီး ဘေဂျင်း ကနေ လွှမ်းမိုးချုပ်ကိုင်ဖို့ လုပ်ဆောင်နေမှုအပေါ် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
တရုတ်သမ္မတ ’ရှီ’အနေနဲ့ ဆန္ဒပြလူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဟောင်ကောင်အရေးကိုအဆုံးသတ်သင့်ပြီလို့ ‘ဒေါ်နယ်ထရမ့်’ က သူ့ရဲ့ လူမှုကွန်ယက် တွစ်တာပေါ်ကနေ ရေးသားအကြံပေးခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့တော့ သမ္မတ ‘ရှီဂျန်းပိုင်း’အနေနဲ့ ဟောင်ကောင်ကို သွားဖို့အစီစဉ် ရှိ၊ မရှိ ဆိုတာအရိပ်အမြွက်တောင် ပြောကြားခြင်းမရှိသေးပါဘူး။ တရုတ်နိုင်ငံရဲ့ လုံခြုံရေးအထူးအဖွဲ့တွေကတော့ ဟောင်ကောင်နဲ့ နယ်စပ်အနီးမှာ လေ့ကျင့်ရေးတွေ ပြင်ဆင်လုပ်ဆောင်နေကြပါတယ်။ ဒါပေမယ့်အခုချိန်ထိတော့ ဟောင်ကောင်ကို စစ်တပ်တွေ စေလွှတ်တာမရှိသေးကြောင်း VOA သတင်းမှာ ဖော်ပြထားပါတယ်။




Some text some message..