ရည်းစား ထောင်ကနေလွတ်ဖို့အမေကို ပြန်သတ်တဲ့ သမီး (ရုပ်သံ)
popolay.com
|
2019-08-16

ထောင်ကျနေတဲ့ ရည်းစား လွတ်မြောက်အောင်အာမခံကြေးတင်နိုင်ဖို့အတွက် မိခင်အရင်းကို ကြေးစားလူသတ်သမား နှစ်ယောက်ငှားပြီး သေနတ်နဲ့ပစ်သတ်ခိုင်းတဲ့ သမီးဖြစ်သူကို ရဲအဖွဲ့က ပြီးခဲ့တဲ့ စနေနေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။



ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကအသက် ၂၅ နှစ်အရွယ် ‘ကန်ချနာ သီရိစံ’ ဆိုသူအမျိုးသမီးကအသက်အာမခံကြေးငွေ ရလိုမှုဖြင့်အသက် ၅၅ နှစ်အရွယ် မိခင်ရင်းကို သေနတ်ဖြင့် ပစ်သတ်ပေးရန် ကြေးစားလူသတ်သမား နှစ်ဦးကို ခိုင်းစေခဲ့ပါတယ်။ မိခင်ရဲ့အသက်အာမခံကြေးငွေနဲ့ ထောင်ထဲရောက်နေတဲ့ ရည်းစားကိုအာမခံပေးကာ လွတ်မြောက်အောင် လုပ်ပေးဖို့ ကြံစည်ခဲ့တာပါ။



ဇွန်လ ၂၂ ရက်နေ့က မိခင်ဖြစ်သူဟာ ဆိုင်ကယ်စီးပြီးအိမ်ကိုပြန်လာစဉ် လမ်းမှာ သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။ သူကိုအရေးပေါ် ဆေးရုံတင်ခဲ့ရပါတယ်၊ သေနတ်ဒဏ်ရာကြောင့်အသက်မသေခဲ့ပေမယ့် ဆေးရုံပေါ်မှာ တစ်လကျော်ကြာ ကိုမာ(သတိလစ်မေ့မြော)နေခဲ့ပါတယ်။ တစ်လကျော်ပြီးနောက် တဖြည်းဖြည်းပြန်လည်ကျန်းမာလာခဲ့ပါတယ်။
အမှုကို ရဲတွေက စုံစမ်းစစ်ဆေးရာမှာ သမီးဖြစ်သူရဲ့ လက်ကိုင်ဖုန်းထဲမှာ ကြေးစားလူသတ်သမားနှစ်ယောက်နဲ့ ဆက်သွယ်ပြောဆိုထားတာတွေကို တွေ့ရှိခဲ့ပါတယ်။ သမီးဖြစ်သူ ‘ကန်ချနာ သီရိစံ’ ကို စစ်ဆေးခဲ့ရာ မိခင်ဖြစ်သူကို သတ်ပေးဖို့အတွက် ဘတ်ငွေ ၂ သိန်း ပေးခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။
ရဲတွေက ဆက်လက်စုံစမ်းပြီး ကြေးစားနှစ်ဦးဖြစ်တဲ့ Prachern Krabinrot (၄၀ နှစ်)၊ Dao Chaengpradith (၃၅ နှစ်) တို့ နှစ်ဦးစလုံကိုပါ ပြီးခဲ့တဲ့ စနေနေ့ မွန်းလွဲပိုင်က ဖမ်းဆီးနိုင်ခဲ့ပါတယ်။
‘ကန်ချနာ’ ဟာ ကလေးနှစ်ယောက် မိခင်လည်းဖြစ်ပြီး သူ့အမေသေမှအသက်အာမခံလျှော်ကြေးငွေကို သူမအမွေဆက်ခံရမှာဖြစ်လို့အခုလို ကြံစည်မိကြောင်း ဝန်ခံခဲ့ပါတယ်။


သူမရဲ့ ရည်းစားဖြစ်သူဟာ မူးယစ်ဆေးမှုနဲ့ ထောင်ကျနေပြီးအာမခံပေးနိုင်မှ လွတ်မြောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။



သူတို့ ၃ ဦးစလုံးကို လူသတ်မှုနဲ့ တရားစွဲထားပြီးအမျိုးသားနှစ်ဦးကိုတော့ တရားမဝင်လက်နက်ကိုင်ဆောင်မှုနဲ့ပါ တရားစွဲထားကြောင်း

ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြပါရှိသည်။




Some text some message..