ယောကျ်ားများအပေါ့စွန့်နေပုံ၊ တကိုယ်ရေအာသာဖြေပုံတို့ကိုအများသုံးအိမ်သာတွင် ဗီဒီယိုခိုးရိုက်ကာ မိမိကိုယ်မိမိ လိင်စိတ်နိုးကြားအောင်ပြုလုပ်သူ ထောင်ဒဏ်ချမှတ်ခံရ
shweinnlay.com
|
2019-08-25


စင်္ကာပူရှိ နန့်ယန်းပေါ်လီတက္ကနစ်ကျောင်းတွင် ယောကျ်ားများအပေါ့စွန့်နေပုံ၊
တစ်ကိုယ်ရေအာသာဖြေပုံတို့ကိုအများသုံးအိမ်သာ၌ ဗီဒီယိုခိုးရိုက်ကာ မိမိကိုယ်မိမိ
လိင်စိတ်နိုးကြားအောင်ပြုလုပ်သူအား စင်္ကာပူ တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ကြောင်း
စင်္ကာပူအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ပေါ်လီတက္ကနစ်ရှိ ယောကျ်ား ၁၀ ဦးခန့် ယင်းသို့ ဗွီဒီယိုရိုက်ကူးခြင်းခံခဲ့ရသည်ဟု ဆိုသည်။
ဗွီဒီယိုရိုက်ကူးသူမှာ ကွမ်ကျားဟောင်ဟူသည့်အသက် ၃၄ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်သည်။
ကွမ်ကျားဟောင်ကို ညစ်ညမ်းဗွီဒီယိုရိုက်ကူးမှု၊ လက်ဝယ်ထားရှိမှုတို့ဖြင့် စွဲချက်တင်ကာ
ပြစ်မှုထင်ရှားသောကြောင့် ထောင်ဒဏ် တစ်လခွဲချမှတ်လိုက်သည်ဟု ဆိုသည်။
ကွမ်သည်အခြားအမျိုးသားတို့၏ လိင်အင်္ဂ ါများကို ကြည့်ရှုရလျှင်
လိင်စိတ်နိုးကြားလာလေ့ရှိသည်ဟု ဆိုသည်။
ယခင်ကလည်း ဗွီဒီယိုများစွာ ခိုးဝှက်ရိုက်ကူးခဲ့ဖူးပြီး ယင်းဗွီဒီယိုများကို
မဖျက်ပစ်မီတွင် ကြိမ်ဖန်များစွာကြည့်ရှုခဲ့သည်ဟု ဆို၏။
နောက်ဆုံးတွင်အသက် ၁၈ နှစ်အရွယ်ရှိ ပိုလီတက္ကနစ်ကျောင်းသားတစ်ဦးက
ကွမ်၏ သွားလာလုပ်ဆောင်ပုံများကို သံသယရှိသောကြောင့် စောင့်ကြည့်ခဲ့ရာမှ
ဗွီဒီယိုခိုးဝှက်ရိုက်ကူးနေပုံကို တွေ့ရှိသွားခြင်းဖြစ်သည်။
အဆိုပါကျောင်းသားက ကွမ်နှင့် ထိပ်တိုက်ရင်ဆိုင်ပြီး လက်ကိုင်ဖုန်းကို တောင်းရာ
မပေးသောကြောင့် ရဲတပ်ဖွဲ့သို့ ဆက်သွယ်တိုင်တန်းခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီးနောက် ကွမ်၏ဖုန်းကို သိမ်းဆည်းစစ်ဆေးရာ
အိမ်သာများအတွင်း ခိုးဝှက်ရိုက်ကူးထားသည့် ညစ်ညမ်းဗွီဒီယိုဖိုင်များ တွေ့ရှိခဲ့သည်။
၎င်းထံတွင် တွေ့ရှိရသောအခြားဖုန်းတစ်လုံးအတွင်းတွင်လည်းအမျိုးသားများ
အပေါ့သွားနေပုံ၊ တစ်ကိုယ်ရေ ဆန္ဒဖြေဖျောက်နေပုံ ဗွီဒီယိုဖိုင်များ
ခိုးဝှက်ရိုက်ကူးထားသည်ကို တွေ့ရှိခဲ့ရသည်။
ကွမ်၏ ရှေ့နေက တရားရုံးတွင် လျှောက်လှဲချက်ပေးရာ၌
ကျောင်းမှ ဆရာများ၊အပေါင်းအသင်းများ၏ ထောက်ခံချက်များကို ကိုးကား၍
ကွမ်သည်အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ကြောင်း၊အခိုက်အတန့်အားဖြင့်
စိတ်၏လှုံ့ဆော်မှုနောက် လိုက်ပါမိခြင်းသာဖြစ်ခြင်းကြောင့်
ဒဏ်ငွေသာချမှတ်အရေးယူသင့်ပါကြောင်း လျှောက်လှဲခဲ့သည်။
တရားလိုရှေ့နေကမူ ကွမ်၏ လုပ်ရပ်မှာအခြားသူတို့၏ တကိုယ်ရေလွတ်လပ်ခွင့်ကို
ကျူးကျော်ဝင်ရောက်ခြင်းဖြစ်ကြောင်းနှင့် ပထမဆုံးအကြိမ်လည်းမဟုတ်ခြင်းကြောင
ထောင်ဒဏ်ချမှတ်သင့်ကြောင်း လျှောက်လှဲခဲ့သည်။
ကွမ်က တရားရုံးတွင် ထွက်ဆိုရာ၌အခင်းဖြစ်ပွားသောနေ့က ကျောင်းသို့ နံနက် ၁၁ နာရီခန့်တွင်
ရောက်ရှိခဲ့ကြောင်း၊ ၃ နာရီခန့် ကြာမြင့်ပြီးနောက် မိမိ၏ iPhone ကိုအသုံးပြုကာ
အိမ်သာများအတွင်း ဗွီဒီယိုခိုးဝှက်ရိုက်ကူးခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ထိုနေ့ နေ့လယ် ၂း ၁၀အချိန်တွင် ကွမ်သည်အမျိုးသား ၅ ဦး
အပေါ့စွန့်နေပုံ ၅၇ စက္ကန့် ကြာမြင့်သည့် ဗွီဒီယိုဖိုင်တစ်ခု ရိုက်ကူးခဲ့သည်။
အဆိုပါ ၅ ဦးတွင်အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးလည်း ပါဝင်သည်။
ထိုကျောင်းသားက ကွမ်၏ လှုပ်ရှားပုံဟန်ပန်များကို သံသယရှိကာ
အချိန်ပိုမိုသတိထားစောင့်ကြည့်ရန် တွေးမိခဲ့သည်။
၅ မိနစ်ခန့်ကြာသောအခါ ကွမ်သည်အခြားအမျိုးသားတစ်ဦး
အပေါ့စွန့်နေပုံကို ၁ မိနစ် ၄ စက္ကန့်ကြာ ဗွီဒီယိုခိုးရိုက်ခဲ့ပြန်သည်။
ယင်းနောက် လက်ဆေးကန်သို့သွားကာ လက်ဆေးခြင်း၊ ခေါင်းဖြီးခြင်းများ ပြုလုပ်ခဲ့ပြီး
အိမ်သာမှ ထွက်ရန်ပြင်ချိန်တွင် စောင့်ကြည့်နေသောကျောင်းသားက လက်ကိုင်ဖုန်းကို တောင်းခံခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။

Cherie(ရွှေအင်းလေး)




Some text some message..