ကမ္ဘာလှည့်ခရီးသွားတွေကြောင့် ဖြစ်ပွားခဲ့ရတဲ့ စိတ်ပျက်စရာဖြစ်ရပ်(၁၅)ခု
shwemom.com
|
2019-09-09

ကမ္ဘာလှည့်ခရီးသွားတွေထဲမှာ စက်ဆုတ်ရွံရှာဖွယ်ကောင်းပြီးအနှောင့်အယှက်ဖြစ်စေတဲ့လူတွေလည်းရှိပါတယ်။ သူတို့ရဲ့လုပ်ရပ်ဟာ ဘယ်လောက်ထိဆိုးဝါးလဲဆိုရင်အပြည်ပြည်ဆိုင်ရာခေါင်းကြီးပိုင်းသတင်းတွေမှာပါ ထည့်သွင်းရေးရလောက်အောင်ကို ဆိုးဝါးလွန်းပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းကအနေအထိုင်အပြောအဆိုမတတ်တဲ့ကမ္ဘာလှည့်ခရီးသွားတော်တော်များများရှိခဲ့ပါတယ်။ selfieအရိုက်ကောင်းတာ၊ ဒေါ်လာသိန်းပေါင်းများစွာတန်ဖိုးရှိတဲ့ပန်းချီကားတစ်ခုပျက်စီးသွားခဲ့တာ ၊ ကံကောင်းစေဖို့ ပစ်လိုက်တဲ့ဒင်္ဂါးပြားဟာ လေယာဉ်အင်ဂျင်ထဲကိုရောက်သွားခဲ့ဲ့တဲ့အတွက် လေယာဉ်ခရီးစဉ် နှောင့်နှေးခဲ့ရတာ စတာတွေဖြစ်ပွားခဲ့ပါတယ်။အဲ့လိုခရီးသည်တွေကြောင့်အဆင်မပြေမှုတွေ၊စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။အဲ့လိုကမ္ဘာလှည့်ခရီးသည်တွေကြောင့် ဆိုးဆိုးဝါးဝါးထိခိုက်မှုတွေဖြစ်ပွားခဲ့တဲ့အကြောင်းတွေကိုအခုလိုပဲဖော်ပြပေးလိုက်ပါတယ်။


(၁)။လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော်ကတည်းကအလိုအလျောက်ဖြစ်နေတဲ့သဲနံရံပေါ်မှာ လက်သရမ်းခဲ့တဲ့ ခရီးသည် ၂ ဦး


Illinois ပြည်နယ် Starved Rockအပန်းဖြေဥယျာဉ်ကိုလာရောက်လည်ပတ်တဲ့ခရီးသည်(၂ )ဦးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀၀)ကျော်ကတည်းက သဲမုန်တိုင်းတိုက်ခတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့သဲနံရံကြီးပေါ်မှာ လက်သရမ်းပြီးပုံဆွဲတာတွေလုပ်ဆောင်ခဲ့ပါတယ်။ GotYour6Commဆိုတဲ့တွစ်တာအကောင့်ပိုင်ရှင်က လူအများလာရောက်လည်ပတ်ပြီး လေ့လာလို့ရတဲ့နေရာမှာ မြင်မကောင်းအောင်ပုံတွေဆွဲခဲ့တဲ့ခရီးသည် (၂)ယောက်ရဲ့ပုံကိုဓာတ်ပုံရိုက်ယူခဲ့ပြီး သူ့ရဲ့တွစ်တာမှာတင်ခဲ့တာ ဖြစ်ပါတယ်။

 


Utica IL
These two were pictured actively vandalizing council overhang today!!! If you know them please contact the state park at 1-815-667-4726. PLEASE SHARE!

pic.twitter.com/yBPT6rYsFZ — GotYour6Comm (@GotYour6Comm)

September 2, 2019 (၂)။ ကမ်းခြေကသဲတွေကိုအိမ်ကိုသယ်ဖို့ကြိုးစားခဲ့တဲ့ ခရီးသွားဧည့်သည် ၂ ဦး


အီတလီနိုင်ငံ Sardinia ကျွန်းရဲ့ကမ်းခြေတွေမှာအဆိုးဝါးဆုံးခြိမ်းခြောက်မှုဖြစ်ပွား ခဲ့ပါတယ်။အဲတာကတော့ ဒီကမ်းခြေတွေကသဲတွေကို ခရီးသွားဧည့်သည်တွေကအိမ်ပြန်လက်ဆောင်အဖြစ်သယ်သွားကြတာကြောင့်ပါ။ ပြင်သစ်ခရီးသွားဧည့်သည်(၂)ယောက်ဟာ Sardinia ကျွန်းရဲ့တောင်ဘက်ကမ်းခြေပေါ်မှာရှိတဲ့ သဲတွေကို ပလတ်စတစ်ဘူး(၁၄)ဘူးထဲအပြည့်ဖြည့်ပြီးအိမ်ကိုသယ်ဖို့ကြိုးစားခဲ့တာကြောင့်ဖြစ်ပါတယ်။အဲ့လိုသဲတွေကိုအိမ်ကိုသယ်ဖို့ကြိုးစားခဲ့တဲ့သူတဲ့သူနှစ်ဦးကိုရဲကဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။


(၃)။မြင်းရုပ်ထုကြီးပေါ်တက်ပြီး selfie ရိုက်ဖို့ကြိုးစားရာကနေအောက်ပြုတ်ကျခဲ့သူ


အီတလီနိုင်ငံ Turin မြို့မှာရှိတဲ့ Piazza Bodoni မြင်းရုပ်ထုကြီးနဲ့ selfie ရိုက်ဖို့မြင်းပေါ်တက်ခဲ့တဲ့အမေရိကန်နိုင်ငံ သားခရီးသည်တစ်ဦးဟာ ပြုတ်ကျမှုဖြစ်ပွားခဲ့ပြီး ဦးနှောက်ခွဲစိပ်မှုပြုလုပ်ရကာအသက်အန္တရာယ်ထိခိုက်စေလောက်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။


Olena Kosynska/Shutterstock


(၄)။Auschwitzအကျဉ်းစခန်းရှိ ရထားလမ်းရဲ့သတ္တုအစိတ်အပိုင်းတွေကိုခိုးဖို့ကြိုးစားခဲ့တဲ့ ခရီးသွား


အမေရိကန်ခရီးသွားဧည့်သည်တစ်ဦးဟာ ဒုတိယကမ္ဘာစစ်အတွင်း သေခြင်းတရားစခန်းတွေလို့နာမည်ကြီးတဲ့စခန်းတစ်ခုဖြစ်တဲ့ Auschwitzအကျဉ်းစခန်းတစ်ခုကိုသွားရောက်လည်ပတ်လေ့လာခဲ့ပါတယ်။အဲ့ဒီခရီးသွား ဧည့်သည်ဟာအကျဉ်းစခန်းကိုသွားတဲ့သမိုင်းဝင်ရထားလမ်းရဲ့သတ္တုအပိုင်းအစတွေကိုခိုးယူဖို့ကြိုးစားခဲ့ပါတယ်။ ရထားကနေတစ်ဆင့်စခန်းကိုပို့ဆောင်ပေးရတဲ့ဂိတ်တွေမှာ လူ(၁.၁)သန်းကျော်သေဆုံးမှုဖြစ်ပွားခဲ့တဲ့ ဒီလိုသမိုင်းဝင်နေရာတစ်ခုကအရေးကြီးတဲ့ပစ္စည်းတစ်ခုကို ခိုးယူဖို့ကြိုးစားခဲ့တဲ့အဲ့ဒီခရီးသွားဧည့်သည်ကို တရားစွဲဆိုမှုတွေလုပ်ခဲ့ပါတယ်။


(၅)။လေယာဉ်ခရီးစဉ်လွဲချော်ခဲ့လို့အရာရှိတစ်ဦးကိုပါးရိုက်ခဲ့တဲ့ ခရီးသည်


လေယာဉ်ခရီးစဉ်လွဲချော်မှုဖြစ်ခဲ့တဲ့အတွက် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တစ်ဦးကိုပါးရိုက်ခဲ့တဲ့ ဗြိတိန်ခရီးသွား ဧည့်သည်တစ်ဦးဖြစ်တဲ့ Auj-e Taqaddas ကိုအင်ဒိုနီးရှားထောင်မှာ ထောင်ဒဏ်(၆)လကျခံစေခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာ (၂၀၁၈)ခုနှစ်ဇူလိုင်လမှာဖြစ်ပွားခဲ့တာပါ။ Taqaddas ဟာအင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းရှိ I Gusti Ngurah Raiအပြည်ပြည်ဆိုင်ရာလေဆိပ်မှာအရာရှိတစ်ဦး ရဲ့မျက်နှာကိုရိုက်ခဲ့တာပါ။သူမဟာအင်ဒိုနီးရှားအာဏာပိုင်တွေပေးတဲ့အင်ဒိုနီးရှားမှာနေထိုင်ခွင့်ဗီဇာရက်(၁၆၀)ပြည့်သွားတဲ့အတွက် စင်ကာပူကိုသွားဖို့လုပ်ဆောင်ရာကနေအဲ့ဒီလေယာဉ်နဲ့လွဲချော်ခဲ့တာကြောင့်စိတ်ကယောင်ချောက်ခြားတွေဖြစ် ပြီးအရာရှိတစ်ဦးရဲ့ပါးကိုရိုက်ခဲ့တာဖြစ်ပါတယ်။

Arrest of UK woman convicted of slapping immigration official This video shows the arrest in Lippo Kuta Mall in Denpasar, Bali, on Wednesday of UK national Auj-E Taqaddas, 43. A video apparently showing Taqaddas slapping an Indonesian immigration officer went viral last year.She was detained after previously ignoring three summons to attend trial.Denpasar District Court sentenced her to six months in prison for resisting state officials on Wednesday. (Courtesy of the Attorney General Office)


Posted by

The Jakarta Post on Wednesday, February 6, 2019


(၆)။နယူးဇီလန်နိုင်ငံကိုလာရောက်လည်ပတ်ရင်းအကြမ်းဖက်ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တဲ့ မိသားစု


နယူးဇီလန်နိုင်ငံကိုလာရောက်လည်ပတ်တဲ့ လူ(၁၂)ယောက်ပါဗြိတိန်မိသားစုတစ်စုဟာ သူတို့လာရောက်လည်ပတ်တဲ့တစ်လအတွင်းလူတွေကိုအကြမ်းဖက်ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီမိသားစုထဲမှာပါတဲ့ကလေးနှစ်ယောက်ဟာ စတိုးဆိုင်တစ်ဆိုင်မှာဈေးဝယ်ထွက်ရင်း ခရစ်စမတ်သစ်ပင် တစ်ပင်ကိုခိုးယူခဲ့တာကို စတိုးဆိုင်မှာတပ်ထားတဲ့ကင်မရာကနေတစ်ဆင့်တွေ့ခဲ့ရပါတယ်။သူတို့မိသားစုဟာ စာသောက်ဆိုင်တော်တော်များများမှာ စားထားပြီးသားအစားအစာဖိုးအတွက်ကုန်ကျစရိတ်ရှင်းဖို့ကိုအမြဲငြင်းဆန်ခဲ့ပါတယ်။သူတို့ရဲ့အစားအသောက်တွေဟာ သူတို့အိတ်ထဲမှာပါလာပြီးသားလို့အမြဲငြင်းဆိုပြီး စားထားပြီးသားတွေကိုမရှင်းပဲထားခဲ့ပါတယ်။တည်းခိုတဲ့မိုတယ်ရဲ့ကြမ်းပြင်ပေါ်ကိုလည်း စားထားသောက် ထားပြီးသားပစ္စည်းတွေကို ဒီအတိုင်းပစ်ချထားပြီး ဝန်ထမ်းတွေအပေါ်အပြစ်ပုံချ ခဲ့ပါတယ်။ဒါ့အပြင်ဒေသခံမိသားစု တစ်စုကိုလည်းအကြမ်းဖက်ခြိမ်းခြောက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ဒါကြောင့် နယူးဇီလန်အစိုးရက သူတို့မိသားစုကို (၂၈)ရက်အတွင်း ဒီနိုင်ငံကထွက်ခွာဖို့နဲ့လည်ပတ်ခွင့်ဗီဇာကိုလည်းပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။


(၇)။ပြတိုက်အတွင်းရှိ တန်ဖိုးကြီးပန်းပုရုပ်ကိုဖျက်ဆီးခဲ့တဲ့ ခရီးသွား


(၂၀၁၈)ခုနှစ်ဒီဇင်ဘာလတုန်းက ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ Denver Art Museum ကိုလာရောက်လည်ပတ်တဲ့အသက်(၁၈)နှစ်အရွယ် Jake Siebenlistကိုပန်းပုပစ္စည်းတစ်ခုကိုအပိုင်း(၁၀)ပိုင်းကွဲအောင်ဖျက်ဆီးခဲ့ပြီးဆူ ပူရမ်းကားခဲ့တဲ့အတွက် Denverအာဏာပိုင်တွေကဖမ်းဆီးခဲ့ပါတယ်။


(၈)။ Great Pyramid ရဲ့အပေါ်ဘက်မှာ မဖွယ်မရာပြုမူခဲ့ကြတဲ့ ဓာတ်ပုံဆရာနဲ့မော်ဒယ်


အီဂျစ်နိုင်ငံ Giza မြို့မှာရှိတဲ့ Great Pyramid ရဲ့အပေါ်ဘက်မှာ Danish ဓာတ်ပုံဆရာ Andreas Hvid ဟာ မော်ဒယ်တစ်ဦးရဲ့အဝတ်မပါတဲ့ပုံတွေကို ဓာတ်ပုံရိုက်ကူးနေရင်းအဲဒီမော်ဒယ်နဲ့မဖွယ်မရာဖွယ်ပွားခဲ့ကြပါတယ်။ ဓာတ်ပုံဆရာ Andreas Hvid ဟာ သူနဲ့အဲဒီမော်ဒယ်တို့ ဒီပိရမစ်ပေါ်ကိုတက်ပြီး သွားရောက်စူးစမ်းလေ့လာနေတယ်ဆိုတဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာပေါ်မှာတင်လိုက်ရာကနေ သူတို့နှစ်ယောက်ရဲ့မဖွယ်မရာပုံတွေ ဗီဒီယိုထဲပါသွားခဲ့တာဖြစ်ပါတယ်။ဒီပုံကိုတွေ့တဲ့အီဂျစ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ပုံတွေကိုဖျက်လိုက်ပေမယ့်လည်း ဆိုရှယ်မီဒီယာမှာ ပြန်လည်ဝေမျှမှုတွေပြုလုပ်ခဲ့တာကြောင့်အင်တာနက် မီဒီယာပေါ်မှာဆက်လက်ရှိနေတုန်းပဲဖြစ်ပါတယ်။


Shutterstock / Waj


(၉)။ စပိန်နာမည်ကြီးပန်းချီဆရာ Goya ရဲ့ပန်းချီကားကိုဖျက်ဆီးခဲ့ကြတဲ့ ခရီးသွားဧည့်သည်အဖွဲ့တစ်ဖွဲ့


ရုရှားနိုင်ငံYekaterinbur မြို့ရှိ နိုင်ငံတကာအနုပညာစင်တာပင်မရိပ်သာကိုအမျိုးသမီးအဖွဲ့တစ်ဖွဲ့လာရောက် လည်ပတ်ခဲ့ပါတယ်။အဲ့ဒီစင်တာထဲမှာ စပိန်နာမည်ကြီးပန်းချီဆရာကြီးတွေဖြစ်တဲ့ Goya နဲ့ Salvador Dalí တို့ရဲ့ပန်းချီကားချပ်တွေရှိပါတယ်။အဲ့ဒီအမျိုးသမီးတွေဟာ ပန်းချီကားတွေနဲ့ဓာတ်ပုံလိုက်ရိုက်ရင်းပန်းချီဆရာကြီး Goya ရဲ့ဘောင်သွင်းထားတဲ့ပန်းချီကားတစ်ချပ်ကိုတိုက်မိပြီး မှန်ကွဲသွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကို စင်တာရဲ့စောင့်ကြည့် ကင်မရာကနေရိုက်ယူခဲ့နိုင်ခဲ့ပါတယ်။ Yekaterinburg ရဲတပ်ဖွဲ့က ပြစ်မှုဆိုင်ရာအမှုဖွင့်ဖို့လုပ်ဆောင်ခဲ့ပေမယ့် ကျူးလွန်ခဲ့တဲ့အမျိုးသမီးတွေတော့ သူတို့မလုပ်ဘူးလို့ငြင်းဆိုခဲ့ကြပါတယ်။

(၁၀)။ ထိုင်းနိုင်ငံရဲ့အထင်ကရနေရာတစ်ခုကို မှုတ်ဆေးတွေနဲ့အရောင်ခြယ်ခဲ့သူတွေ


ထိုင်းနိုင်ငံမြောက်ဘက်ကိုလာရောက်လည်ပတ်တဲ့ ကနေဒါနိုင်ငံခရီးသွား Brittney Schneider နဲ့အမေရိကန်နိုင်ငံကလာတဲ့ Lee Furlong တို့ဟာ ရှေးဟောင်းအထင်ကရနေရာတစ်ခုဖြစ်တဲ့ Tha Pae Gate ရဲ့အနီးရှိနံရံတွေပေါ်မှာ ဆေးရောင်စုံစပရေးတွေလိုက်ဖြန်းနေတာကိုတွေ့ရှိခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးကလည်းအရက်သေစာသောက်စာထားကြပြီးမူးပြီးလက်သရမ်းကာပတ်ဝန်းကျင်အလှအပကိုဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီလိုတွေလုပ်ဆောင်ခဲ့တဲ့သူတို့နှစ်ယောက်ကို ရဲကတစ်ပတ်အတွင်းဖမ်းဆီးထောင်ချခဲ့ပြီးအမေရိကန်ဒေါ်လာ(၆၀၀၀) ဒဏ်ကြေးပေးဆောင်ကာအာမခံနဲ့နေရပါတယ်။


(၁၁)။ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းကရှိခဲ့တဲ့ကျောက်ဆောင်ကိုတွန်းမိခဲ့တဲ့ ခရီးသွားလူငယ်တစ်စု


အင်္ဂလန်နိုင်ငံမှာရှိတဲ့ ခရီးသွားဧည့်သည်တွေစိတ်ဝင်စားတဲ့နေရာတစ်ခုဖြစ်တဲ့ Brimham Rocks ကိုလာရောက်လည်ပတ်တဲ့ လူငယ်(၅)ယောက်အဖွဲ့တစ်ဖွဲ့ဟာအချွန်အထက်အဖုအထစ်တွေရှိတဲ့ ကျောက်ဆောင်မြင့်မှာရှိတဲ့ ကျောက်တုံးတစ်တုံးကိုတွန်းမိသွားခဲ့ပါတယ်။ဒီနေရာဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းကရှိခဲ့တဲ့ ကျောက်ဆောင်မြင့်တွေရှိရာနေရာတစ်ခုပါ။ဒီဖြစ်ရပ်မှာ ပျက်စီးဆုံးရှုံးမှုတွေမရှိခဲ့ပေမယ့်အခြားလာရောက်လည်ပတ်မယ့် ခရီးသွားတွေအတွက်တော့အန္တရာယ် ရှိနိုင်တယ်လို့ရဲကပြောခဲ့ပါတယ်။


(၁၂)။ နှစ်ပေါင်း(၈၀၀)သက်တမ်းရှိတဲ့ သဲကျောက်ခေါင်းတစ်ခု ခရီးသွားမိသားစုတစ်စုကြောင့် ပျက်စီးသွားခဲ့ရ


မိသားစုတစ်ခုဟာ ဗြိတိန်ပြတိုက်တစ်ခုအတွင်းမှာရှိတဲ့ နှစ်ပေါင်း(၈၀၀)သက်တမ်းရှိတဲ့ သဲကျောက်ခေါင်းတစ်ခုထဲကို သူတို့ရဲ့ကလေးကိုထည့်ပြီးဓာတ်ပုံရိုက်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့လိုကြိုးစားရင်းနဲ့အဲဒီသဲကျောက်ခေါင်းဟာ ပျက်စီးသွားခဲ့ပါတယ်။


(၁၃)။ AirFranc လေကြောင်းခရီးစဉ်ထဲကနေ blacklist သွင်းခံလိုက်ရတဲ့ ခရီးသည်တစ်ဦး


(၂၀၁၇)ခုနှစ်ဇွန်လက တရုတ်ကနေပဲရစ်ကိုသွားမယ့် AirFranc လေကြောင်းခရီးစဉ်မှာပါတဲ့ခရီးသည်တစ်ဦးဟာ သူမစီးမယ့်လေယာဉ်ခရီးစဉ်အတွက် check-in ဝင်ရမယ့်လမ်းကြောင်းကိုမှားနေတာကိုသိရှိပြီးတဲ့နောက်မှာတော့ check-in ဝင်ရမယ့်ဂိတ်မှာစောင့်နေတဲ့အေးဂျင့်ကို ရိုက်နှက်မှုတွေပြုလုပ်ခဲ့ပါတယ်။ သူမဟာအရေးကြီးဆွေးနွေးပွဲတစ်ခုကိုတက်ရောက်ဖို့အတွက်အသွားမှာ ဒီလိုတွေဖြစ်ရတာကြောင့် စိတ်မထိန်းနိုင်ပဲအခုလိုတွေလုပ်မိခဲ့တာဖြစ်တယ်လို့ လေယာဉ်ဝန်ထမ်းတွေကိုပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ သူမကိုဖမ်းဆီးခဲ့ပြီး AirFrance လေကြောင်းလိုင်းရဲ့ blacklist စာရင်းထဲကိုပါထည့်သွင်းလိုက်ပါတယ်။


(၁၄)။အမေရိကန်ဒေါ်လာ(၈)သိန်းတန်ပြပွဲပစ္စည်းတစ်ခုကို ဖျက်ဆီးခဲ့တဲ့ခရီးသွား


ပန်းချီပညာရှင်Yayoi Kusama ရဲ့ Infinity Mirrors လို့ခေါ်တဲ့ စိတ်တိမ်းညွတ်ဖွယ်ပစ္စည်းတွေနဲ့အလှဆင်ထားတဲ့ ပြပွဲဟာ သေချာပေါက်ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတစ်ခုပါ။ဒီနေရာကိုလာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တစ်ဦးဟာ ဓာတ်ပုံရိုက်ရင်းအမေရိကန်ဒေါ်လာ(၈)သိန်းတန်ဖိုးရှိတဲ့ ဖန်ဖရုံသီးတစ်ခုကိုတိုက်မိ ခဲ့ပြီး ပျက်စီးအောင် လုပ်ဆောင်ခဲ့ပါတယ်။ဒီဖြစ်ရပ်ပြီးနောက်ပြပွဲကို(၃)ရက်ကြာပိတ်ထားခဲ့ရတယ်လို့ The New York Time သတင်းစာကဖော်ပြခဲ့ပါတယ်။

 


(၁၅)။အမေရိကန်ဒေါ်လာ(၄၄၀၀၀)တန်ဖိုးရှိတဲ့ကျောက်စိမ်းလက်ကောက်ကိုချိုးခဲ့တဲ့ ခရီးသွား


တရုတ်နိုင်ငံအနောက်တောင်ဘက်ရှိ ရတနာဆိုင်တစ်ခုကိုဈေးဝယ်ထွက်လာတဲ့အမျိုးသမီးတစ်ဦးဟာအမေရိကန်ဒေါ်လာ (၄၄၀၀၀)တန်ဖိုးရှိတဲ့ ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို မတော်တဆချိုးမိသလိုဖြစ်သွား ခဲ့ပါတယ်။ဒီကျောက်စိမ်းလက်ကောက်ကိုဝတ်ကြည့်ပြီး ဈေးနှုန်းကိုကြည့်လိုက်တဲ့အခါအရမ်းကိုဈေးကြီးနေတာကို တွေ့ရတဲ့အတွက်အံ့အားသင့်ပြီး လက်ကောက်ကိုအလျင်အမြန်ချွတ်လိုက်တဲ့အချိန်မှာလက်ကောက်ဟာထက်ပိုင်း ကျိုးသွားခဲ့တာဖြစ်ပါတယ်။ဆိုင်ပိုင်ရှင်ကတော့ သင့်လျော်တဲ့လျော်ကြေးငွေနဲ့ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

Thae Su

Source : Insider , MSN

 




Some text some message..