
မည်သူမဆို နိုင်ငံရပ်ခြားသွားတဲ့အခါ တခါတလေ ဘာသာစကားအခက်အခဲတွေနဲ့ကြုံတွေ့ရနိုင်ပါ တယ်။ ကိုယ်ပြောချင်တာတစ်ခြား၊ ဒေသခံတွေနားလည်တာက တစ်ခြားကြုံရတာမျိုးပေါ့။ ကိုယ်က သူတို့ ဘာသာစကားမတတ်ရင် လက်ဟန်ခြေဟန်နဲ့ပြောနိုင်သော်လည်း တချို့သင်္ကေတတွေက နိုင်ငံ ဆိုလိုရင်း ကွာခြားပါတယ်။ တော်ရုံလွဲရင် ကိစ္စမရှိပေမယ့်အလွဲကြီးလွဲသွားရင်တော့ သွားပြီပေါ့။
ဒီတော့ခရီးသွားရင်အထောက်အကူဖြစ်အောင် နိုင်ငံအလိုက်အဓိပ္ပါယ်ကွဲနေတဲ့ လက်သင်္ကေတလေး တွေကို Brightsideအွန်လိုင်း စာမျက်နှာက မှီငြမ်းပြီး ဖော်ပြပေးလိုက်ပါတယ်။
၁။ လက်ညှိးနဲ့လက်မ ဝိုင်းဝိုင်းလေး

jpfotolia/unsplash
အမေရိကန်:အိုကေ
ဂျပန်:ပိုက်ဆံ။
ဘရာဇီး:ရိုင်းတဲ့သင်္ကေတ/ ဆဲနည်းတမျိုး (ဘရာဇီးရောက်ရင် ဒီလိုသင်္ကေတမသုံးမိဖို့ သတိထားနော်)
၂။လက်ညှိုးနဲ့လက်ခလယ်ကြား လက်မလျှိုသည့်ပုံစံ

Servida/Unsplash
အမေရိကန် :စနောက်ခြင်း /ကစားနည်းတမျိုး
တူရကီ: ဆဲနည်းတမျိုး (မဖွယ်မရာဆဲသည်) ။ သဘောမတူကြောင်းပြသည်။ ငြင်းဆိုသည်။
ဘရာဇီး:ကံကောင်းပါစေ
အင်ဒိုနီးရှား :စိတ်အနှောင့်အယှက်ဖြစ်ဟန် ။
အမေရိကန် လက်ဟန်သင်္ကေတ:“T”အက္ခရာ။
၃။ “V” သင်္ကေတ

Haruki_muracallme/Instagram
အမေရိကန်:
.
တရုတ် ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း:ချစ်စဖွယ်ပို့စ်ပေးဟန်
UK ၊ တောင်အာဖရိက ၊ သြစတြေးလျ ၊ နယူးဇီလန် ၊အိုင်ယာလန်:ဆဲနည်းတမျိုး (လက် ၂ ချောင်းထောင်သော်လည်း လက်ဖဝါးကိုယ့်ဘက်လှည့်ဟန်ပြသည်)
အမေရိကန် လက်ဟန်သင်္ကေတ:ဂဏန်း ၂ သင်္ကေတ
၄။ “L”ပုံစံ

VideoBlock/pexels
အမေရိကန်: “Loser” “အရှုံးသမား” (မခံချင်အောင် မထိတထိပြောသည်)
တရုတ် :နံပါတ် ၈ ကိုဆိုလို။ (တရုတ်တွင် ဂဏန်း ၈ သည် lucky numberဖြစ်သည်။)
၅။ လက်မထောင်ပြဟန်

Paramount Pictures/TopGun
အမေရိကန်: တော်တယ်။ ကောင်းတယ်။ ကြိုက်တယ်။ Good ။ (ကားကြုံစီးလိုလျှင်လည်း သုံးသည်)
အီရန် ၊အီရတ်:ဆဲနည်းတစ်မျိုး။
အမေရိကန် လက်ဟန်သင်္ကေတ:ဂဏန်း ၁၀ (လက်မထောင်ပြီး ဘယ်၊ညာ လှုပ်ရမ်းပြသည်)
၆။ လက်ညှိုးထောင်၍ခေါ်ဟန်

Armello/Unsplash
အမေရိကန် ၊အီကွေဒေါ:“Come here.” (တစုံတယောက်ကို ဖျားယောင်းလိုလျှင်လည်း သုံးသည်)
ဖိလစ်ပိုင်:ခွေးခေါ်ရာတွင် သုံးသည်။ (လူတွေကို ညွှန်ပြအသုံးပြုပါက ပြဿနာတတ်နိုင်သည်)
၇။ လက်ဖဝါးထောင်ပြဟန်

Enrico/Pixabay
အမေရိကန်:“stop” ။ နံပါတ် ၅ ။ မအားသေးဘူး။
ဂရိ၊ ဆင်း(ချ်) ဒေသ (ပါကစ္စတန်) :ဆဲနည်းတမျိုး
မက္ကဆီကို ၊ ပနားမား:“hi” (လက်ဖဝါးထောင်ပြီး ထပ်ခါထပ်ခါပြလျှင် သတိပေးချက် ဖြစ်သည်)
မလေးရှား:hi ။ စားပွဲထိုးကိုခေါ်သည် ။ (ယာဉ်မောင်းကို) ကျေးဇူးတင်ကြောင်းပြောသည် ။ လမ်းဖြတ် ကူးရာတွင် ယာဉ်များရပ်ပေးရန် သုံးသည်။
၈။ လည်ပင်းကို လက်ညှိးဖြင့် ဖြတ်ပြဟန်

MSGJ/Unsplash
အမေရိကန်:မင်းတော့သွားပြီ။ ကိစ္စပြတ်ပြီ ။ ပြီးသွားပြီး ။
ဂျပန်:အလုပ်ဖြုတ်လိုက်ပြီ ။
၉။အီတလီလက်ဟန်

Nemesis2772 /reddit
အမေရိကန်:အီတလီလူမျိုးပုံစံ သဏ္ဍန်တူလုပ်ပြ (အီတလီဟန် တုပပြ)
အီတလီ:မင်းဘာပြောလိုက်တာလဲ (တခုခုကို မရှင်းလင်းရာတွင် လုပ်ပြသည်)
မလေးရှား:ခဏစောင့်ပါဦး ( “chup”ဟုအသံထွက်) ၊ စားပါးဦး (လက်ကို ပါးစပ်ထဲထည့်ဟန်)
အမေရိကန် လက်ဟန်သင်္ကေတ:နမ်းပါ (လက်နှစ်ဖက်လုံး စု၍ ထိဟန်)
၁၀။ လက်ဝှေ့ရမ်းဟန်

nakai/unsplash
အမေရိက :နံတယ် (လက်ကို ဘယ် ညာ ဝှေ့၍ လက်ဖဝါးက မျက်နှာနားထိဟန်)
ဂျပန် :နိုး။ မလုပ်ပေးနိုင်ဘူး ။ မဖြစ်နိုင်ဘူး။ မလိုဘူး။ ကျေးဇူးတင်ပါတယ်။
၁၁။ လက်မ၊ လက်ညှိုးနှင့် လက်ခလယ်စုဟန်

Rose_are_rosie/Instagram
အမေရိကန် ၊ ဂျာမနီ:ပိုက်ဆံ (လက်မ၊ လက်ညှိုးနှင့် လက်ခလယ် ထိပ်များစုပြီး ပွတ်ဆွဲပြဟန်)
တောင်ကိုရီးုယား:ချစ်တယ်။အသည်း (လက်မ၊ လက်ညှိုးနှင့် လက်ခလယ် ထိပ်များစုဟန်၊ နှလုံးသား ပုံစံလုပ်ပြ)
၁၂။ လက်ညှိုးနှစ်ချောင်း ခေါင်းပေါ်ထောင်ပြသည့် တိရစ္ဆာန်နားရွက်ပုံစံ

Oldgator/Unsplash
အမေရိကန်:တဖက်လူ / ကလေးများကို စနောက်ဟန်။
ဂျပန်:စိတ်တိုနေတယ်။
၁၃။ လက်ညှိုးနဲ့ လက်ခလယ် cross ပုံစံ

Unbreakabel Kimmy Schmidt/Netflix
အမေရိကန်:ကံကောင်းပါစေ။
ဗီယက်နမ်:အမျိုးသမီးအင်္ဂါပုံစံ ဆင်တူသည်ဟု မှတ်ယူကြသည်။
အမေရိကန် လက်ဟန်သင်္ကေတ:အင်္ဂလိပ်အက္ခရာ R.
၁၄။ လက်ညှိးနဲ့လက်သန်းထောင်ပြသည့်ပုံစံ

Amazon
အမေရိကန်:သဘောကျဟန်၊ ခွင့်ပြုဟန် (လက်ညှိးနဲ့လက်သန်းထောင်ပြသည့်ပုံစံ ရော့ခ်ကာများအသုံးပြုလေ့ရှိသည်) ၊ “rock on” sign ။
အာဂျင်တီးနား ၊ ဘရာဇီး ၊ ကိုလန်ဘီယာ ၊ ကျူးဘား ၊ စပိန် ၊အီတလီ ၊ ပေါ်တူဂီ:(ခင်ဗျား)အိမ်ထောင်ဘက်က လိမ်လည်ဖောက်ပြားနေသည် ။