တချို့အင်္ဂလိပ်စကားလုံးတွေရဲ့ စိတ်ဝင်စားဖွယ် နောက်ကြောင်းရာဇဝင်များ
shwemom.com
|
2019-09-10

အင်္ဂလိပ်စကားလုံးတွေထဲမှာ တချို့စကားလုံးတွေရဲ့ မူလဇစ်မြစ်တွေက ထူးဆန်းပါတယ်။ တခါတလေ စကားလုံးတွေကို စတင်သုံးစွဲသူရဲ့အမည်နာမကိုလိုက်ပြီး ခေါ်ဝေါ်တာမျိုးတွေလည်းအများကြီးပါ။ ဒီထဲကမှ တချို့စကားလုံးတွေရဲ့ ထူးဆန်းတဲ့ မူလ ဇစ်မြစ်တွေကို စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Pasteurization

Wikimedia Commons


Pasteurization ဆိုတာ နွားနို့လိုမျိုး နို့ထွက်အစားအသောက်တွေကို သတ်မှတ်ထားတဲ့အပူချိန်ပေးပြီး ပိုးသတ်တဲ့ လုပ်ငန်းစဉ်ကို ခေါ်ဆိုတာ ဖြစ်ပြီး ဒီနည်းလမ်းကို စတင်တွေ့ရှိခဲ့တဲ့ ပြင်သစ် သိပံ(အောက် ပစောက် ထည့်ရန်)ပညာရှင် Louis Pasteur ကို ဂုဏ်ပြုတဲ့အနေနဲ့ Pasteurization လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။

Casanova
မြာပွေတဲ့ယောက်ျား၊အမျိုးသမီးတွေနဲ့ ပယောပယီနေရတာကို နှစ်သက်တဲ့ယောက်ျားတွေကို တင်စားခေါ်ဝေါ်တဲ့ Casanova ဆိုတဲ့အမည် ဟာလည်း တကယ့်လူသားတဦးကြောင့် ဖြစ်ပေါ်လာတာပါ။ ၁၇၂၅ ခုနှစ်ကနေ ၁၇၉၈ ခုနှစ်အထိ နေထိုင်ခဲ့တဲ့အီတလီလူမျိုး ဂီယာကိုမို ကာဆာနိုဗာ ရဲ့အီတလီနဲ့ ဥရောပတခွင်ကအချစ်ဇာတ်လမ်းတွေကြောင့် နောက်ပိုင်းကာလတွေမှာ သူ့လို့ မြာပွေတဲ့ ယောက်ျားတေကို Casanova လို့ တင်စားခဲ့ကြတာပါ။ ဂီယာကိုမို ကာဆာနိုဗာဟာ သူရဲ့ပထမဆုံးချစ်သူကိုအသက်(၁၁)နှစ်အရွယ်မှာတင်ရခဲ့တာဖြစ်ပြီးအသက် (၁၇)နှစ်အရွယ်မှာ သူ့ရဲ့ လူပျိုဘဝကို သူရဲ့ချစ်သူ ညီအစ်မ(၂)ဦးဆီမှာ ဆုံးရှုံးခဲ့တာတဲ့။

Boycott
ဆန္ဒပြတယ် ဆိုတဲ့ ဒီစကားလုံးဟာ နိုင်ငံရေးနယ်ပယ်က ဆင်းသက်လာတယ်လို့ ထင်ရင်တော့ သင်မှားနေပါပြီ။ တကယ်တော့ သူရဲ့ ဇစ်မြစ်က ၁၈၈၀ ပြည့်နှစ်က စတာပါ။အဲဒီတုန်းကအင်္ဂလန်က လယ်မြေတွေမှာအလုပ်လုပ်တဲ့ လယ်သမားတွေဟာ သူတို့ကို လယ်ငှားခ တွေ တိုးကောက်တဲ့၊ မပေးနိုင်တဲ့သူကိုအတင်းဖယ်ရှားခိုင်းတဲ့ လယ်ပိုင်ရှင်ကြီးတယောက်ကိုအလုပ်မလုပ်ဘဲ စတင်တော်လှန်ဆန္ဒပြခဲ့ကြ ပါတယ်။အဲဒီ မတရားလုပ်တဲ့အရင်းရှင်လယ်ပိုင်ရှင်ကြီး နာမည်က Charles C. Boycott ပါတဲ့။အဲဒီဖြစ်ရပ်အပြီး နောက် (၈)နှစ်အကြာမှာအဘိဓာန်တွေထဲကို Boycott ဆိုတဲ့စကားလုံး စတင်ထည့်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

Morse Code

Wikimedia Commons


တယ်လီဖုန်းလိုင်းတွေ မပေါ်ခင်တုန်းက တနေရာ နဲ့ တနေရာ ဆက်သွယ်ရာမှာအသုံးပြုတဲ့ Morse Code ဆက်သွယ်ရေးစနစ်ကို ကြားဖူး ကြမှာပါ။ ဒီ Morse Code ဆိုတဲ့အမည်ကိုလည်း ဒီစနစ်ကို စတင်တီထွင်ခဲ့တဲ့အမေရိကန်လူမျိုး ဆမ်မြူရယ်မော့စ် ရဲ့ နာမည်ကို ဂုဏ်ပြုပြီးအမည်ပေးထားတာ ဖြစ်ပါတယ်။

Sandwich
ဆန်းဒွစ်ချ် ဆိုတဲ့အသားညှပ်ပေါင်မုန့်ကိုတော့အားလုံးသိကြမှာပေါ့။ ဒါပေမဲ့ ဒီနာမည်ဘယ်လိုဖြစ်လာသလဲလို့ မေးရင်ကော…။အဖြစ်က ဒီလိုပါ။ ၁၇၆၂ ခုနှစ်ဝန်းကျင်တုန်းက ဗြိတိန်လူမျိုး လူကုံထံတဦးဖြစ်တဲ့ John Montagu ဆိုသူဟာ လောင်းကစားလုပ်နေရင်း ဗိုက်ဆာ လာလို့ စားပွဲထိုးကို စားစရာမှာပါတယ်။ ဖဲရိုက်နေတာကြောင့် လက်တွေနဲ့ ဖဲချပ်မှာ ပေကျန်ကုန်မှာကို မလိုချင်လို့အသားကို ပေါင်မုန့် (၂) ချပ်ညှပ်ပြီး ယူခဲ့ဖို့ မှာလိုက်ပါသတဲ့။အဲဒီ ဗြိတိန်ဂုဏ်သရေရှိ လူကြီးမင်း John Montagu ရဲ့ ဘွဲ့အမည်တခုက Earl of Sandwich ဖြစ် တာကြောင့် နောက်ပိုင်းမှာ Sandwich လို့အမည်ပေးရင်း လူသိများလာခဲ့တာပါတဲ့ဗျာ။ (ကျွန်တော်တို့ တက္ကသိုလ်စားသောက်ဆိုင်တွေမှာ စားခဲ့ဖူးတဲ့ စိုးမြင့်ကြော် ကို သတိရလို့ ပြုံးမိသွားကြတယ်မလား၊ ကိုစိုးမြင့်လည်း လူကုံထံဆိုရင် ဒီထက်နာမည်ကျော်နိုင်မယ် ထင်ပါရဲ့ဗျာ :P)

KYM

Ref : Wikipedia




Some text some message..