ငါးလွှာတိုက်ခန်းဝရံတာပေါ်မှာ လိင်ဆက်ဆံနေစဉ် ပြုတ်ကျသေဆုံး
shweinnlay.com
|
2019-09-11



ထိုင်းနိုင်ငံ ပတ္တရားမှာရှိတဲ့ တိုက်ခန်းတစ်ခုမှာ ဇန်နဝါရီ၈ရက်နေ့က ဖြစ်ပွားခဲ့တာပါ။အသက် ၂၅နှစ်အရွယ် Reece Vella လို့အမည်ရတဲ့ ဗြိတိန်နိုင်ငံခြားသား တစ်ဦးနဲ့ ငါးလွှာတိုက်ခန်း ဝရံတာပေါ်မှာ လိင်ဆက်ဆံခဲ့တဲ့ ထိုင်းအမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။




Wannipa Janhuathon လို့အမည်ရတဲ့အသက်၂၆နှစ်အရွယ်အဆိုပါအမျိုးသမီးဟာ Sky နိုက်ကလပ်မှာ bar မယ်အဖြစ်အလုပ်လုပ်ကိုင်နေသူတစ်ဦးလို့ သိရပါတယ်။ သူမ မသေဆုံးခင် ညက ဗြိတိန်နိုင်ငံခြားသားတစ်ဦးကို ဘားမှာ ဧည့်ခံခဲ့တာဖြစ်ပြီးအဆိုပါ နိုင်ငံခြားသားက သူနဲ့အတူအိပ်ဖို့အတွက် သူမကို ထိုင်းဘတ်ငွေ ၁၅၀၀ ပေးပြီး နေအိမ်တိုက်ခန်းကို ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ခန်းရဲ့ ဝရံတာပေါ်မှာ လိင်ဆက်ဆံနေစဉ် ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်တယ်လို့ Reece Vella က ဝန်ခံခဲ့ပါတယ်။




ဒါပေမယ့် ဒီအမှုကို စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာတော့ သေဆုံးသူအမျိုးသမီးဟာ ကာမစိတ်ကြွဆေး သုံးစွဲထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့အဆိုပါမှုခင်းနဲ့ ပတ်သတ်တဲ့ နိုင်ငံခြားသားကို ကာမစိတ်ကြွဆေးသုံးစွဲမှု၊ ဝရံတာမှာ မဖွယ်မရာလိင်ဆက်ဆံရာမှ လူသေဆုံးတဲ့အထိ ကာမဆက်ဆံမှုနဲ့ တည်ဆဲဥပဒေအရ တရားစွဲဆိုထားတယ်လို့ သတင်းများအရ သိရပါတယ်။



နန်း(ရွှေအင်းလေး)




Some text some message..