တောင်ကိုရီးယားနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲစုံတွဲတစ်တွဲဖြစ်တဲ့ Song Hye Kyo နဲ့ Song joong Kiတို့စုံတွဲဟာကွာရှင်းပြတ်စဲတာမကြာသေးပါဘူး။နာမည်ကြီးစုံတွဲဟာအတိအလင်းကွာရှင်းပြီးတာတောင်မှ လူပြောများနေတုန်းဖြစ်ပါတယ်။အခုလည်း သူတို့နှစ်ဦးရဲ့မင်္ဂလာဆောင်ဟာ လွန်ခဲ့တဲ့(၁၄)နှစ်တုန်းကဆိုရင် မဖြစ်နိုင်ကြောင်းပြောနေကြပါတယ်။
တောင်ကိုရီးယားအစိုးရဟာလွန်ခဲ့တဲ့(၁၂)နှစ်က သူတို့နှစ်ဦးလက်ထပ်လို့ရစေမယ့် ဥပဒေတစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါကတော့ မျိုးရိုးနာမည်တူတဲ့သူအချင်းချင်း လက်ထပ်တာကိုပိတ်ပင်တဲ့ ဥပဒေကိုပယ်ဖျက်လိုက်တာပါ။တောင်ကိုရီးယားဟာ မျိုးရိုးနာမည်တူတာကိုလက်ထပ်ခွင့်ပိတ်ပင်ထားခဲ့ဖူးပါတယ်။ဒါပေမဲ့မျိုးရိုးနာမည်တူတွေဟာအလွန်များပြားတာဖြစ်ပြီး Gyeongsang နဲ့ Gyeongju ဆိုတဲ့ခရိုင်တွေမှာဆိုရင် Kim ဆိုတဲ့ မျိုးရိုးနာမည်နဲ့ လူမျိုးစု (၂၈၂) စု တောင်မှ နေထိုင်နေကြတာပါ။
ဟိုးအရင်တုန်းကတော့ ဒီလိုစည်းမျဉ်းသတ်မှတ်ထားတာဟာ ပြသနာမရှိပေမဲ့အခုခေတ်မှာတော့ မျိုးရိုးတူချင်းချစ်ကြိုက်လာကြတာများလာခဲ့ပါတယ်။(၂၀၀၅) ခုနှစ်မှာဆိုရင်တော့ မျိုးရိုးတူပေမဲ့အမျိုးတော်စပ်တာမျိုးမရှိဘူးဆိုရင် လက်ထပ်နိုင်တယ်လို့ တရားဝင်ဥပဒေထုတ်ပြန်လိုက်တာပါ။ဒါကြောင့် Song-Song စုံတွဲလက်ထပ်တဲ့အခါမှာ ပရိသတ်တွေကို ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြတာပါ။
Source:koreaboo
Sweet – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
လွန်ခဲ့တဲ့(၁၄)နှစ်အချိန်ကသာဆိုရင် တရားဝင်လက်ထပ်ခွင့်ရမှာမဟုတ်တဲ့ Song Hye Kyo နဲ့ Song joong Ki
တောင်ကိုရီးယားနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲစုံတွဲတစ်တွဲဖြစ်တဲ့ Song Hye Kyo နဲ့ Song joong Kiတို့စုံတွဲဟာကွာရှင်းပြတ်စဲတာမကြာသေးပါဘူး။နာမည်ကြီးစုံတွဲဟာအတိအလင်းကွာရှင်းပြီးတာတောင်မှ လူပြောများနေတုန်းဖြစ်ပါတယ်။အခုလည်း သူတို့နှစ်ဦးရဲ့မင်္ဂလာဆောင်ဟာ လွန်ခဲ့တဲ့(၁၄)နှစ်တုန်းကဆိုရင် မဖြစ်နိုင်ကြောင်းပြောနေကြပါတယ်။
တောင်ကိုရီးယားအစိုးရဟာလွန်ခဲ့တဲ့(၁၂)နှစ်က သူတို့နှစ်ဦးလက်ထပ်လို့ရစေမယ့် ဥပဒေတစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါကတော့ မျိုးရိုးနာမည်တူတဲ့သူအချင်းချင်း လက်ထပ်တာကိုပိတ်ပင်တဲ့ ဥပဒေကိုပယ်ဖျက်လိုက်တာပါ။တောင်ကိုရီးယားဟာ မျိုးရိုးနာမည်တူတာကိုလက်ထပ်ခွင့်ပိတ်ပင်ထားခဲ့ဖူးပါတယ်။ဒါပေမဲ့မျိုးရိုးနာမည်တူတွေဟာ အလွန်များပြားတာဖြစ်ပြီး Gyeongsang နဲ့ Gyeongju ဆိုတဲ့ခရိုင်တွေမှာဆိုရင် Kim ဆိုတဲ့ မျိုးရိုးနာမည်နဲ့ လူမျိုးစု (၂၈၂) စု တောင်မှ နေထိုင်နေကြတာပါ။
ဟိုးအရင်တုန်းကတော့ ဒီလိုစည်းမျဉ်းသတ်မှတ်ထားတာဟာ ပြသနာမရှိပေမဲ့ အခုခေတ်မှာတော့ မျိုးရိုးတူချင်းချစ်ကြိုက်လာကြတာများလာခဲ့ပါတယ်။(၂၀၀၅) ခုနှစ်မှာဆိုရင်တော့ မျိုးရိုးတူပေမဲ့အမျိုးတော်စပ်တာမျိုးမရှိဘူးဆိုရင် လက်ထပ်နိုင်တယ်လို့ တရားဝင်ဥပဒေထုတ်ပြန်လိုက်တာပါ။ဒါကြောင့် Song-Song စုံတွဲလက်ထပ်တဲ့အခါမှာ ပရိသတ်တွေကို ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြတာပါ။