ခွေလေးတွေကို ရေချိုးပေးဖို့အကောင်းဆုံးအချိန်က ဘယ်အချိန်ဖြစ်မလဲ..
trend.com.mm
|
2019-09-13

ခွေးလေးတွေကို ရေချိုးပေးရတဲ့အချိန်ဟာ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့်အခုမှ ခွေးမှစမွေးတဲ့လူတွေကတော့ ခွေးလေးတွေကို ရေချိုးမှားသွားမှာစိုးရိမ်ကြပါတယ်။



ခွေးလေးတွေကို နေ့တိုင်းရေချိုးပေးဖို့ မလိုပါဘူး။ တစ်လကို တစ်ခါလောက် ခွေးရေချိုးဆပ်ပြာ
လေးနဲ့ သန့်စင်ပေးရင်ရပါတယ်။ ဒါဟာ ခွေးလေးငယ်နေတုန်းဆိုအဆင်ပြေပါတယ်။
ခွေးလေးဟာ ရွံ့တွေနဲ့ကစားလာတာတို့ ၊ ဆားငန်ရေထဲ ဝင်ဆော့လာတယ်ဆိုရင်တော့
ချက်ချင်း ရေချိုးပေးဖို့လိုပါတယ်။



ခွေးလေးတွေ ငယ်ငယ်လေးပဲရှိသေးတယ်ဆိုရင် သူတို့အီးပါတာတို့ ၊အခြား ညစ်ညစ်ပတ်ပတ်
အရာတွေ မပေမချင်း ရေချိုးပေးဖို့ မလိုပါဘူး။ ခွေးလေးဟာ ၈ပတ်လောက်ရှိပြီဆိုရင်တော့
ရေစချိုးပေးလို့ရပါပြီ။အဲ့ဒီအရွယ်ဆို သူတို့လေးတွေ ပြေးလွှား ဆော့ကစားဖို့ ထက်သန်နေပါပြီ။


ရေကိုမကြာခဏချိုးပေးတာကောင်းပေမယ့် ခွေးရေချိုးဆပ်ပြာတွေဟာ သူတို့လေးတွေရဲ့
အရေပြားနဲ့ ခဏခဏထိတွေ့ပေးမယ်ဆိုရင်အရေပြားရဲ့သဘာဝထိန်းညှိမှုကိုအနှောင့်ယှက်
ဖြစ်စေပါတယ်။



– သုံးလအရွယ်ဆို တစ်ပတ်တစ်ခါ ချိုးပေးပါ
– ခြောက်လအရွယ်ဆို တစ်လတစ်ခါ
ရေလုံးဝမချိုးပေးဘူးဆိုလည်း ခွေးလေး ကျန်းမာရေးကို ထိခိုက်စေမှာမဟုတ်ပါဘူး။ ဒါပေမယ့်
အနားကပ်ရင်အနံ့ထွက်နေပါလိမ့်မယ်။ ချိုးဖြစ်အောင်တော့ ချိုးပေးပါနော်။ ရေလည်းချိုးပြီး
မွှေးကြိုင်သွားခြင်းက သင့်ရဲ့ခွေးလေးကိုလည်း ပျော်ရွင်စေပါတယ်တဲ့။




Some text some message..