ကမ္ဘာ့အချမ်းသာဆုံး ဇနီးသည်တွေက ဘယ်သူတွေလဲ…
shweinnlay.com
|
2019-10-31



ကမ္ဘာ့အချမ်းသာဆုံး ဇနီးသည်တွေဆိုတာ ဘယ်သူတွေလဲ။ ဘယ်လိုအမျိုးသမီးတွေဖြစ်နိုင်မလဲ။ သေ ချာတာကတော့ သူတို့ ခင်ပွန်းသည်တွေက အောင်မြင်တဲ့သူတွေ၊ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်း ရှင်တွေပဲဖြစ်ကြပါလိမ့်မယ်ဆိုပေမယ့်လည်း အောင်မြင်တဲ့ခင်ပွန်းသည်တွေကို နောက်ကပံ့ပိုးထောက် ပံ့ပေးနေတဲ့ ဇနီးသည်တွေကလည်း တော်ရုံ ပါရမီကောင်းသူတွေ မဟုတ်ကြပါဘူး။ ကမ္ဘာ့အချမ်းသာ ဆုံး ဇနီးသည်တွေဖြစ်လာဖို့ ဒီအမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကလည်း မနည်းပါဘူး။ ဒီတော့ သူတို့ တွေဟာ ဘယ်သူတွေဖြစ်မလဲ။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကလည်း ဘယ်လောက်ထိရှိနေမလဲဆိုတာ ကြည့်ရအောင်နော်…

မီလင်နာဂိတ်

ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ်ဆိုရင် ကမ္ဘာ့အချမ်းသာဆုံး နံပါတ်တစ်နေရာကို ဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒီတော့ သူ့ရဲ့ ဇနီးသည် မီလင်နာဂိတ်ကလည်း ကမ္ဘာ့အချမ်းသာဆုံး ဇနီးသည်တစ်ဦး ဖြစ်လာပါတယ်။ ခင်ပွန်းဖြစ်သူ ဘီလ်ဂိတ်ရဲ့ ပိုင်ဆိုင်မှုခန့် မှန်းတန်ကြေးဟာ ဒေါ်လာ ၈၇.၂ ဘီလျံရှိ တယ်လို့ သိရပြီးတော့ ဇနီးမောင်နှံနှစ်ဦးစလုံးဟာဆိုရင် ကမ္ဘာ့ထိပ်တန်းသူဌေးတွေဖြစ်လာဖို့ အပြိုင် အဆိုင်ကြိုးစားတတ်သူတွေဖြစ်ကြပြီးတော့ အလှူအတန်းတွေအတွက်လည်း နှစ်ဦးစလုံးအမည်နဲ့ ဖောင်ဒေးရှင်းတွေ တည်ထောင်ပြီး လှူတန်းကြပါတယ်။




ဒါရှာဇူကိုဗာ

ရုရှားနိုင်ငံကအချမ်းသာဆုံးအမျိုးသားတစ်ဦးနဲ့ လက်ထပ်ပြီးတော့ ကမ္ဘာ့အချမ်းသာဆုံး ဇနီးသည် ဖြစ်လာပါတယ်။ ခင်ပွန်းဖြစ်သူ ရိုမန်အာဗရာမိုဗစ်ဆိုသူ ရုရှားမှာဆိုရင် အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီးတော့ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၈.၉ ဘီလျံရှိပါတယ်။ ဇနီးသည်ဖြစ်သူ ဇူကိုဗာက ဗိုက်စ် မီဒီယာက တင်ဆက်တဲ့ ဂါးရေ့ဖက်ရှင်နဲ့ အနုပညာမဂ္ဂဇင်းတိုက်ကို တည်ထောင်ထားပြီးတော့ သူမ ရဲ့ ပိုင်ဆိုင်မှုကလည်း မနည်းမနောဖြစ်ကာ ဖက်ရှင်လောကမှာလည်း အောင်မြင်နေတဲ့ အမျိုးသမီး တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။




ပရီစီလာချန်

ကမ္ဘာကျော်လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်တည်ထောင်သူရဲ့ နောက်ကွယ်ကအကောင်းဆုံး ပံ့ပိုး ထောက်ပံ့ပေးနေတဲ့ ဇနီးသည်ဖြစ်ပါတယ်။ တရုတ်နိုင်ငံသူ ပရီစီလာချန်က မက်ဇူဘတ်နဲ့ဟားဘတ် တက္ကသိုလ်မှာ ဆုံစည်းချစ်ကြိုက်ခဲ့ရာကနေ ဘဝလက်တွဲဖော်ဖြစ်လာတဲ့အခါ ခင်ပွန်းဖြစ်သူရဲ့အလုပ် အကိုင်မှာလည်း ပံ့ပိုးကူညီပြီး အကောင်းဆုံးဖြည့်ဆည်းပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ နဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ ရရှိလာတဲ့ လုပ်ငန်းဝင်ငွေမှာလည်း ဒေါ်လာ ၆၂.၇ သန်းရှိတယ်လို့ သိရပါတယ်။




မက်ကန်ဇီဘီဇို့စ်

အမေဇုန်သူဌေး ဂျက်ဘီဇို့စ်ရဲ့ ဇနီးသည်ဖြစ်ပါတယ်။ ဘီဇို့စ်နဲ့ ချစ်ကြိုက်ပြီး သုံးလတွင်းမှာပဲ လက်ထပ်ထိမ်းမြှားခဲ့တယ်လို့ သိရပါတယ်။ ဇနီးသည် မက်ကန်ဇီဘီဇို့စ်နဲ့ ယူပြီးနောက် အနည်းငယ် အကြာမှာပဲ အမေဇုန်ဒေါ့ကွန်းလုပ်ငန်းကို စတင်တည်ထောင်လုပ်ကိုင် ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီကစလို့ အောင်မြင်လာတဲ့ အလုပ်အကိုင်နဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ဘီလျံ ၈၀ ပိုင်ဆိုင်ထားတယ်လို့လည်း သိရပါ တယ်။




မီလာနီယာထရန့်

အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်ရဲ့ ဇနီးသည် မီလာနီယာထရန့်က စလိုဗေးနီးယားမော်ဒယ် ဟောင်းတစ်ဦးဖြစ်ပါတယ်။ ကမ္ဘာကျော်ထိတ်တန်းသူဌေးကြီး တစ်ဦးဖြစ်ပြီး အောင်မြင်နေတဲ့ စီးပွား ရေးလုပ်ငန်းရှင် ဒေါ်နယ်လ်ထရန့်နဲ့ ဆက်ဆံရေး ကတောက်ကဆတွေ များစွာဖြစ်ပြီး နောက် ပိုင်းမှာတော့ ဒေါ်လာ ၁.၅ သန်းတန်ကြေးရှိတဲ့ စေ့စပ်လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်း ခံခဲ့ပြီးတော့ ၂၀၀၅ ခုနှစ် ဖလော်ရီဒါ၊ ပန်းလ်ကမ်းခြေမှာ လက်ထပ်ခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိအချိန် မှာဆိုရင် ထရန့်က အမေရိကန်သမ္မတတစ်ဦးဖြစ်လာပြီး မီလာနီယာဟာ လည်း First lady တစ်ဦး ဖြစ်လာပါတယ်။ ပိုင်ဆိုင်မှုတန်ကြေးကတော့ ၃.၅ ဘီလျံရှိတယ်လို့ ခန့်မှန်း ထားကြပါတယ်။




မေ(ရွှေအင်းလေး)




Some text some message..