အိန္ဒိယဖက်မှ မြန်မာ့ပဲကို ခွဲတမ်းထက်ပိုမိုဝယ်ယူမှုကြောင့် ပြည်တွင်းပဲဈေး အဆများစွာတက်
mmtimes.com
|
2019-11-03

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ ပဲစိုက်ခင်းတွင် အလုပ်လုပ်နေကြသူများ။ ဓာတ်ပုံ- အီးပီအေ

အိန္ဒိယဖက်မှ မြန်မာ့ပဲကို ခွဲတမ်းထက်ပိုမိုဝယ်ယူမှုကြောင့် ပြည်တွင်းပဲဈေး အဆများစွာတက်

အိန္ဒိယပဲကုမ္ပဏီများက အိန္ဒိယပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် မြန်မာ့ပဲအား သတ်မှတ်ခွဲတမ်း တန်ချိန် တစ်သိန်းထက် ထက်ပိုမိုဝယ်ယူနေသည့်အတွက် ပြည်တွင်းပဲဈေးအဆများစွာတက်လာကြောင်း မြန် မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များ အသင်းမှသိရသည်။

“ လက်ရှိမှာအိန္ဒိယဖက်က ခွဲတမ်းသက်မှတ်ထားတဲ့ တန်ချိန်တစ်သိန်းခွဲက အောက်တိုဘာလကုန်မှာ တင်ပို့ပြီးသွားပြီ ။ သတ်မှတ်ထားတဲ့အချိန်ကာလလည်းပြီးသွားပြီဖြစ်သလို ဝယ်လည်းဝယ်လို့ပြီးသွား ပြီ။ ဒါပေမယ့် ဝယ်လို့ပြီးခါနီးမှာ အန္ဒိယပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်နဲ့ လိုင်စင်သီးသန့်ရရှိတဲ့ ကုမ္ပဏီ သုံးခုလောက်က ဒီရက်တွေမှာ ဆယ်လပိုင်းကုန်လောက်ကစပြီးတော့ တောက်လျောက်ဝယ်လာတာ အခုပဲဈေးတွေက တရိပ်ရိပ်ပြန်တက်လာတယ်။ အဓိကက မတ်ပဲဈေးက အခု ၁၁ သိန်း ၇ သောင်း ရှိသွားပြီ ။ သူတို့ခွဲတမ်းသတ်မှတ်ပြီး ဝယ်နေတဲ့အချိန်တုန်းကတောင် ၈ သိန်းခွဲလောက်ပဲရှိသေး တယ်။ ၈ သိန်းခွဲကနေ ၁၁ သိန်း ၇ သောင်းအထိအဆအများကြီးတက်သွားတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေး မှူး ဦးမင်းကိုဦးက နိုဝင်ဘာ ၃ ရက်တွင် မြန်မာ တိုင်းမ်နေ့စဉ်သို့ ပြာဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့ ပဲတိုက်ရိုက်တင်ပို့ရာတွင် ဘဏ်စနစ်များကြောင့် အဆင်မပြေနိုင် သေးကြောင်း ထို့ကြောင့်အိန္ဒိယကုမ္ပဏီများကို အဓိကထားတင်သွင်းခွင့်ပြုခြင်းဖြစ်ကြောင်း လက်ရှိတွင် နီပေါ ၊ ဘင်္ဂလားဒေ့ရှ် ၊ ပါကစ္စတန် ၊ မလေးရှား ၊ အင်ဒိုနီးရှားနှင့် ဒူဘိုင်းနိုင်ငံများသို့ ပဲတင်ပို့ရောင်းချနေကြောင်းသိရသည်။

“အဓိကအနေနဲ့ အိန္ဒိယဖက်မှာ ရာသီဥတုအခြေအနေကြောင့်ပဲထွက်အရမ်းနည်းတယ်။ စက်တင်ဘာ မှာ မတ်ပဲထွက်ရှိမှုအရမ်းအားနည်းတဲ့အတွက် လက်ရှိ အန္ဒိယမှာတင်အရင်ဈေးတက်တယ်။ ပဲလိုအပ် ချက်ကို ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်တွေနဲ့ ဆယ်လပိုင်း လလယ်လောက်ကနေ မြန်မာ့ပဲကိုစဝယ် ရင်းနဲ့ တဖြေးဖြေးပဲဈေးတွေက ပြည်တွင်းမှာလည်းပြန်တက်လာတယ်။ ယခင်က FOE တစ်တန်ကို ဒေါ်လာ ၅၀၀ လောက်ရောင်းရကနေ အခုဆိုရင် တစ်တန်ကို ၇၈၅ လေက်အထိဖြစ်နေတယ် ။ အဓိ ကက အိန္ဒိယဖက်က ခွဲတမ်းအပြင်ကို ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်နဲ့ ထပ်ပြီးဝယ်နေတယ်။ အဲဒီဝယ် ယူတဲ့ အားကြောင့် လက်ရှိမှာ ဈေးတက်လာတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

အိန္ဒိယအစိုးရက ၂၀၁၇ခုနှစ် သြဂုတ်လကစတင်ကာ ပြည်ပပဲတင်သွင်းခွင့်ကို ကန့်သတ်ခဲ့ရာ မြန်မာပဲတောင်သူများနှင့် ပဲကုန်သည်များ အခက်တွေ့ခဲ့ရသည်။

ထို့ကြောင့် ပဲဈေးကွက်တည်ငြိမ်ရေး နှင့် အကြောင်းအားလျော်စွာပဲဈေးကျဆင်းခဲ့ပါက ကောင်းမွန်စွာဖြေ ရှင်းနိုင်ရန်အတွက် စီးပွား/ကူး သန်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ပဲနှမ်းအသင်းကုန်စည်ဒိုင်တို့ ညှိနှိုင်းဆွေးနွေးမှု မူကြမ်း အရ အိန္ဒိယနိုင်ငံသို့ ခွဲတမ်းစနစ် သီးသန့်ရရှိရန်တောင်းဆိုရန်၊ ပြည်တွင်း၌ငွေကြေး လိုအပ်ချက် များ အရ SME ချေးငွေများကိုနိုင်ငံတော် အစိုးရက ချပေးနိုင်ရန်နှင့် ပဲဈေးများကျဆင်းခဲ့ပါက ကုန်သည် များကပဲဈေးကို ထိန်းညှိဝယ်ယူ ရေးတို့ကိုပြင်ဆင်ခဲ့ကြောင်းသိရသည်။




Some text some message..