
၂၀၁၈ ဇွန်နဲ့ဇူလိုင်လတုန်းက ထိုင်းနိုင်ငံရဲ့ Tham Luang ဂူကယ်ဆယ်ရေးကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ အသက် ၁၁ နှစ်မှ ၁၆ နှစ်အတွင်း လူငယ်ဘောလုံးအသင်းမှ ကလေး ၁၂ ယောက်နဲ့ အသက် ၂၅ နှစ်အရွယ်ရှိ လက်ထောက်နည်းပြတစ်ဦးတို့ ပျောက်ဆုံးသွားခဲ့ကြတာပါ။ တကယ်တမ်းဘောလုံးအသင်းမှာရှိနေခဲ့တာ ကလေး ၁၃ ယောက်ဖြစ်ပြီး ကံကောင်းသွားခဲ့ရှာတဲ့ ၁၃ နှစ်အရွယ် ချာတိတ်လေးကတော့ အဲဒီနေ့ အိမ်ကလာကြိုတဲ့အတွက်ကြောင့် ပြန်သွားခဲ့ကြပါတော့တယ်။
ဘောလုံးသမားလေး ၁၂ ယောက်နဲ့ လက်ထောက်နည်းပြတို့ဟာ ပြန်လာချိန်တန်လည်း အိမ်ကိုပြန်မလာခဲ့တာကြောင့် မိဘတွေဟာ စိုးရိမ်စိတ်ဝင်ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြကာ စောပြန်ခဲ့တဲ့ ၁၃ နှစ်သားလေးရဲ့ စကားတစ်ခွန်းတည်းနဲ့ Tham Laung ဂူကို သွားရှာခဲ့ပါတယ်။ အရင်ဆုံး နည်းပြဦးဆောင်ကာ ဂူဆီကို လိုက်သွားတဲ့အချိန်မှာတော့ လက်ထောက်နည်းပြနဲ့ ကလေး ၁၂ ယောက်စလုံးရဲ့ စက်ဘီးနဲ့ ကျောပိုးအိတ်တွေ၊ အဝတ်ထုပ်တွေကို ရှာတွေ့ခဲ့ပါတော့တယ်။
စပျောက်သွားခဲ့တာ ဇွန်လ ၂၃ ရက်နေ့ကဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့မှာ အားလုံးကို ရှာတွေ့ခဲ့ပေမယ့် ရေငုတ်ပြီး ကယ်ဆယ်ဖို့အတွက် အားနည်းနေမှုတွေ၊ ပြင်ဆင်စရာတွေရှိတာကြောင့် ဇူလိုင်လ ၁၀ ရက်နေ့မှပဲ လက်ထာက်နည်းပြအပါအဝင် ကလေး ၁၂ ယောက်စလုံးကို အန္တရာယ်ကင်းကင်းနဲ့ ကယ်ထုတ်ခဲ့နိုင်ခဲ့ပါတော့တယ်။ အဲဒီအချိန်က မိုးရာသီဖြစ်တာကြောင့် ဂူထဲဝင်သွားခဲ့ပြီးနောက် မထင်မှတ်ထားဘဲ ပြန်ထွက်မယ့်လမ်းကြောင်းဟာ ရေလွှမ်းသွားခဲ့တာကြောင့် သောင်တင်နေခဲ့ကြတာပါတဲ့။ သို့ပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ ပြည်သူ့ဝန်ထမ်း ရေငုတ်ကယ်ဆယ်ရေးပညာရှင် Saman Kunan ကတော့ နှလုံးအောက်ဆီဂျင်ပြတ်ကာ အသက်ပေးလိုက်ခဲ့ရပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတစ်လျှောက်လုံး Tham Laung ဂူအနားမှာ ပျောက်ဆုံးနေသူတို့ရဲ့မိသားစုတွေ၊ ဘာသာရေးဆရာနဲ့ ခေါင်းဆောင်တွေ၊ လာရောက်ဆုတောင်းပေးသူတွေ၊ ပရဟိတသမားတွေ၊ ကယ်ဆယ်ရေးဝန်ထမ်းတွေ၊ အစိုးရတပ်ဖွဲ့တွေနဲ့ စားသောက်ရေးအတွက် ဈေးဆိုင်တွ၊ ဆုတောင်းပွဲတွေနဲ့ စီစီညံခဲ့တာကိုလည်း အချိန်နဲ့တပြေးညီတင်ပြနေခဲ့တဲ့ မီဒီယာတွေကြောင့် အားလုံးသိပြီးလောက်မှာပါ။

Twitter-@jamiefullerton1

Twitter-@jamiefullerton1
ဒီလိုအဖြစ်ဆိုးတွေ၊ မျှော်လင့်ချက်ဆုတောင်းသံတွေနဲ့ ပြည့်နှက်တွေနဲ့ Tham Laung ဂူကြီးကတော့ အခုလက်ရှိ ထိုင်းနိုင်ငံရဲ့ tourist attraction နေရာတစ်ခု ဖြစ်လို့နေခဲ့ပါပြီ။ “It’s brought a lot of hope.” မျှော်လင့်ချက်တွေကို နိုးထပြည့်မြောက်စေတဲ့နေရာဆိုပြီး နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ Insider ရဲ့ ဖော်ပြချက်အရတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့တုန်းက ချင်းရိုင်ပြည်နယ်ရဲ့သက်ဆိုင်ရာဌာနမှ Tham Laung ဂူကြီးကို ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဖွင့်ပေးလိုက်ခဲ့ပြီဆိုပြီး တရားဝင်ကြေငြာချက်ထုတ်ပြန်လိုက်ပြီလို့ သိခဲ့ရပါတယ်။
ဂူထဲဝင်ရောက်လေ့လာဖို့ကိုတော့ အချိန်ကန့်သတ်ချက်ထားပေးထားပြီး တစ်ခေါက်ကို လူအယောက် ၃၀ စီနဲ့ တစ်ရက်ကို လူပေါင်း ၂ သောင်းလောက် ဝင်ခွင့်ပြုမယ်လို့လည်း သိခဲ့ရပါတယ်။ ဖွင့်ပွဲကိုတော့ အမျိုးသားဥယျာဉ်ဌာနနဲ့ သစ်တောဦးစီးဌာနမှ အရာရှိများ၊ ရုက္ခဗေဒဆိုင်ရာပညာရှင်များ၊ သက်ဆိုင်ရာလူကြီးများ၊ သတင်းထောက်များနဲ့ ဖွင့်ပွဲမင်္ဂလာအတွက် ရွတ်ဖတ်သရဆယ်ပေးမယ့် ဘုန်းတော်ကြီးများ တတ်ရောက်ခဲ့ကြပါတယ်တဲ့။
အရင်ကတည်းက ဂူပေါက်လမ်းကြောင်းတွေ ရှုပ်ထွေးလွန်းလို့ အဆုံးအထိ မလေ့လာနိုင်ခဲ့တဲ့ ဂူကြီးကို သက်ဆိုင်ရာမှ တာဝန်ရှိသူတွေ ခန့်အပ်ထားတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ လည်ပတ်လေ့လာခွင့်ရမှာဆိုတော့ တကယ်စိတ်ဝင်စားဖို့ကောင်းမယ့် အခွင့်အရေးတစ်ခုပါ။ ဂူလမ်းကြောင်းတစ်လျှောက် အရင်လိုမဟုတ်တော့ဘဲ သွားရမယ့်လမ်းကြောင်းတွေကို သံလက်ရန်းတွေနဲ့ သတ်မှတ်ပေးမှာဆိုတော့ လမ်းကြောင်းအတိုင်း သွားသ၍တော့ ဘယ်လိုအန္တရာယ်မှ ကျရောက်မှာမဟုတ်ပါဘူး။ သွားလာဖို့လမ်းကြောင်းကိုတော့ မီတာ ၃၀ အထိ သတ်မှတ်ပေးထားပါတယ်တဲ့။ လမ်းကြောင်းတစ်လျှောက် ဂူရဲ့ ရိုးရာအယူတစ်ခုဖြစ်တဲ့ မင်းသမီး Jao Mae Nang Kon ရဲ့ ပုလ္လင်တော်စုရပ်၊ ကလေး ၁၂ ယောက်သောင်တင်နေခဲ့တဲ့ နေရာတို့လည်း ပါဝင်နေဦးမှာပါ။ ဖွင့်ဖွင့်ချင်းမှာတင် လူပေါင်း ၂ ထောင်လောက် ဝင်ရောက်လေ့လာခဲ့ကြပါတယ်တဲ့။
‘It’s brought a lot of hope’: Thai cave reopens after football team rescue. My
@guardianworld
report from this morning’s visit to Tham Luang cave.
https://t.co/01lOFnHeyA
pic.twitter.com/VwEOevO0HB
— Jamie Fullerton (@jamiefullerton1)
November 1, 2019
Penny