
ငွေစက္ကူဆိုတာ နေ့စဉ်လိုလို ထိတွေ့သုံးစွဲနေတဲ့ အရာတစ်ခုပါ။ ကမ္ဘာအနှံ့မှာ ငွေစက္ကူတွေ အသုံးပြုနေတာတွေ အစား ဒစ်ဂျစ်တယ်ငွေကြေးစနစ်တွေ ပြောင်းလဲလာခဲ့ပေမယ့်လို့ ငွေစက္ကူကိုင်ပြီး အသုံးပြုရတဲ့ ဓလေ့တော့ တော်ရုံနဲ့ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ကမ္ဘာအနှံ့က ငွေစက္ကူတွေကို နိုင်ငံအသီးသီးက ကိုယ်ပိုင်ပုံရိပ်၊ လုံခြုံရေးစနစ်တွေနဲ့ လွယ်လွယ်ကူကူ ကူးယူလို့မရအောင် လုပ်ဆောင်ထားတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။
သြစတြေးလျ ငွေစက္ကူ

Shutterstock/VCG
ဒီလို ငွေစက္ကူတွေထဲမှာ သြစတေးလျနိုင်ငံက ငွေစက္ကူကတော့ တမူထူးခြားနေပါတယ်။ သြစတေးလျငွေဟာ ရေစိုခံအောင် ပြုလုပ်ထားတာပါ။ ဒါ့အပြင် ငွေစက္ကူရဲ့ ဒီဇိုင်းအပြင်ကလည်း ရှုပ်ရှုပ်ထွေးထွေး ရေးဆွဲထားတာကြောင့်လည်း အတုလုပ်ဖို့ မဖြစ်နိုင်လောက်အောင်ပါပဲ။ ငွေစက္ကူတွေကို ဖယောင်းချက်တွေ ကိုင်ရသလိုဖြစ်ပြီး တကယ်တော့ ပိုလီမာနဲ့ ပြုလုပ်ထားပါတယ်။ ပိုလီမာနဲ့ ငွေစက္ကူပြုလုပ်တဲ့ နိုင်ငံတွေထဲမှာ သြစတေးလျနိုင်ငံက ပထမဆုံးနိုင်ငံဖြစ်ခဲ့ပြီး သူ့နောက်မှာတော့ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ပိုလီမာနည်းကိုအသုံးပြုခဲ့ကြပါတယ်။

Shutterstock/VCG
၂၀၁၅ ခုနှစ်မှာ စထုတ်တဲ့ တရုတ် ယွမ် ၁၀၀ တန်ကတော့ အဆင့်မြင့်နည်းပညာတွေ အသုံးပြုထားပါတယ်။ ရှုပ်ထွေးပြီး အတုလုပ်ဖို့ အင်မတန်ခက်ခဲတဲ့ ကောက်ကြောင်းတွေနဲ့ ပြုလုပ်ထားပြီး အဆင့်မြင့်နည်းပညာတွေနဲ့ ပေါင်းစပ်ကာထုတ်လုပ်ထားခြင်းပါ။ တရုတ် ယွမ် ၁၀၀တန် စထွက်ထွက်လာခြင်းမှာ တရုတ် ATM စက်တွေဟာ ငွေစက္ကူရဲ့ မြင့်မားတဲ့ နည်းပညာကြောင့် ချက်ချင်းမဖတ်နိုင်ခဲ့ပါဘူး။ အစိုးရကတော့ ငွေစက္ကူအသစ်ကို အသိအမှတ်ပြုဖို့အတွက် ATM စက်တွေကို မြင့်တင်သွားပါ့မယ်လို့ ကြေငြာချက်တောင် ထုတ်ခဲ့ပါသေးတယ်။

Wikimedia Commons
ဗင်နီဇွဲလားကမ်းရိုးတန်းအနီးတစ်ဝိုက်မှာရှိတဲ့ Aruban ဆိုတဲ့ ကျွန်းနိုင်ငံလေးက ငွေစက္ကူဒီဇိုင်းကတော့ တော်တော်လှပါတယ်။ ၁၀ တန်၊ ၂၅ တန်၊ ၅၀ တန်၊ ၁၀၀ တန်၊ ၅၀၀ တန် စသဖြင့် တန်ကြေးအလိုက် ငွေစက္ကူရဲ့ အရောင်တွေ ပြောင်းလဲသွားပြီး ငွေစက္ကူုပေါ်မှာ ခရုခွံ၊ မြွေ ဇီးကွက်၊ ဖားပြုတ်တို့ကို ရိုက်နှိပ်ထားပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ပိုစ့်စကတ်တစ်စောင်လိုပါပဲ။
ဒီလို တိရစ္ဆာန်တွေကို ရိုက်နှိပ်ထားခြင်းဟာ အဆိုပါ တိရစ္ဆာန်တွေဟာ နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ဆက်စပ်မှုရှိလို့ပါလို့ ဆိုပါတယ်။

Facebook/South African Reserve Bank
၁၉၆၁ မှာတော့ တောင်အာဖရိကနိုင်ငံဟာ ရီပဘလက်နိုင်ငံဖြစ်လာချိန်မှာတော့ နိုင်ငံရဲ့ ငွေစက္ကူ အသစ်တွေကိုပါ စတင် ထုတ်လုပ်ခဲ့ပါတယ်။ ငွေစက္ကူရဲ့ နောက်ကျောဘက်မှာတော့ Big Five လို့ ခေါ်ကြတဲ့ တိရစ္ဆာန်အကောင်ငါးကောင်ရဲ့ ပုံကို ရိုက်နှိပ်ထားတာပါ။
အဲဒီအကောင် ငါးကောင်ကတော့ ကြံ့၊ ဆင်၊ ခြင်္သေ့၊ ကျွဲ၊ ကျားသစ်တို့ပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ငွေစက္ကူရဲ့ တစ်ဖက်မျက်နှာကို တောင်အာဖရိကနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးဖြစ်တဲ့ နယ်လ်ဆင်မင်ဒဲလားရဲ့ ပုံရိပ်ကို ရိုက်နှိပ်ထားတာပါ။

Twitter/CBC
မတ်လ ၂၀၁၈ မှာ အသစ်ထုတ်လိုက်တဲ့ ကနေဒါနိုင်ငံရဲ့ ငွေစက္ကူအသစ်ကတော့ ငွေစက္ကူထဲမှာ တော်တော်လေး ထူးခြားတဲ့ ဒီဇိုင်းပါ။ များသာအားဖြင့် ငွေစက္ကူတွေဟာ အလျားလိုက်ပုံစံသာရှိပြီး အခု ငွေစက္ကူအသစ်ကတော့ ဒေါင်လိုက်ပုံစံနဲ့ ထုတ်လုပ်ထားပါတယ်။ ရှေ့မျက်နှာစာမှာတော့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ Viola Desmond ရဲ့ ပုံရိပ်ကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ငွေစက္ကူထဲမှာပဲ တစ်ဖက်နဲ့တစ်ဖက် ဖောက်မြင်ရတဲ့ ပုံစံနဲ့ပါ။ ပိုက်ဆံနဲ့မတူသော ပိုက်ဆံပါပဲ။
YYK