
ဥဇဘက်ကစ္စတန် မျိုနက်ဆိပ်ကမ်းဟောင်းရှိ သဲကန္တရအတွင်း တွေ့ရသော သင်္ဘောဟောင်းများ။ ဓာတ်ပုံ − ဝါရှင်တန်ပို့စ်
ဥဇဘက်ကစ္စတန် မျိုနက်ဆိပ်ကမ်းဟောင်းရှိ သဲကန္တရအတွင်း တွေ့ရသော သင်္ဘောဟောင်းများ။ ဓာတ်ပုံ − ဝါရှင်တန်ပို့စ်
တိမ်ကောလုနီးနီး ဖြစ်နေသည့် အေရယ်ပင်လယ်ကြီး
အေရယ်ပင်လယ်ပြင်သည် တစ်ချိန်က ကမ္ဘာ့စတုတ္ထအကြီးဆုံး ကုန်းတွင်းပိုင်းကျသော ရေကန်ကြီးဖြစ်သည်။ ယခုအချိန်တွင်မူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မလျော်ကန်မှုများ၏ စံနမူနာတစ်ရပ် ဖြစ်လာခဲ့ရသည်။
အာဖဂန်နစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ်စတန်နှင့် တာ့ခ်မေးနစ္စတန် နိုင်ငံ ခြောက်နိုင်ငံရှိ လူပေါင်းသန်း ၆ဝ ကျော်တို့သည် အေရယ်ပင်လယ်ထဲသို့ စီးဝင်သည့် မြစ်များအပေါ် မှီခိုနေရသည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသည့် အချိန်မှစကာ ဆယ်စုနှစ်များစွာအတွင်း နယ်စပ်ဖြတ်ကျော်ကာ ရေကိုအပြိုင်အဆိုင် ရယူသုံးစွဲမှု၊ ရာသီဥတုပြောင်းလဲမှု လျင်လျင်မြန်မြန်ဖြစ်ပေါ်လာခြင်းတို့ကြောင့် ဆိုးရွားသည့်အခြေအနေကို ပိုမို ဆိုးရွားစေခဲ့သည်။
မြစ်ဝှမ်းအတွင်းစီးဝင်းသည့် အာမူဒါရာနှင့် စီယာဒါရာ မြစ်နှစ်စင်း တို့သည် ဆိုဗီယက် စက်မှုလုပ်ငန်းစီမံကိန်းများ ခြေကုပ်ရယူခဲ့သည့်၁၉၆ဝ ပြည့်လွန်နှစ်များမတိုင်မီက အေရယ်ပင်လယ်ပြင်သို့ရေ ၁ဝ ရာခိုင်နှုန်းခန့်ကို ပို့ဆောင်ပေးသည်။ စာရေးဆရာ ၅၇ ဦးပါဝင်ရေးသားထားသည့် စာအုပ်အသစ်တွင် ပင်လယ်ပြင် အပျက်အစီးများကို ဖော်ညွှန်းရေးသားထားသည်။
ပင်လယ်ကြမ်းပြင်၏ စတုရန်းမိုင် ၁၇,ဝဝဝ ခန့်မှာ ကျယ်ပြန့်သော သဲကန္တာရအဖြစ် ပြောင်းလဲခဲ့ကာ ထိုသို့ ပြောင်းလဲခြင်းကြောင့် ဒေသတွင်း ရာသီဥတုကို ပြောင်းလဲစေပြီး တစ်စ တစ်စနှင့် သဲကန္တာရဖြစ်လာခြင်းကို ပိုမိုဆိုးဝါးစေသည်ဟု သုတေသီများက ရေးသားထားသည်။ ကျန်ရှိသည့် ရေပမာဏသည် ပင်လယ်၏ နဂိုမူလ အကျယ်အဝန်း စတုရန်းမိုင် ၂၆,ဝဝဝ ၏ ၁၇ ရာခိုင်နှုန်းမျှကိုသာ ဖုံးလွှမ်းထားသည်။
ရေကို ရေရှည်စီမံကွပ်ကဲနိုင်ရန် အာရှအလယ်ပိုင်း ခြောက်နိုင်ငံအား ချည်နှောင်ထားသည့် တရားဝင်သဘောတူညီချက်အသစ်ဖြင့် ရာသီဥတုပုံမှန်ပြန်ဖြစ်စေရန်နှင့် ရေကို စောင့်ကြည့်မှတ်သားစစ်ဆေးခြင်းတို့ဖြင့် ဖြေရှင်းနည်းများကို အဆိုပါစာအုပ်တွင် အဆိုပြုရေးသားထားသည်။
ယခုလောလောဆယ်တွင် အကြောင်းအမျိုးမျိုးအတွက် ရေလိုအပ်သည့် နိုင်ငံများနှင့် စက်မှုလုပ်ငန်းများအကြား အဆိုပါမြစ်ဝှမ်းသည် အလုအယက် ယှဉ်ပြိုင်နေရသည့်နေရာတစ်ခု ဖြစ်သည်။ သို့သော် ကာဂျစ်စတန်နှင့် ဥဇဘက်ကစ္စတန်တို့က ဆည်ဖို့ရန် ပူးပေါင်းကာ ရာသီအလိုက် ရေအရင်းအမြစ်များကို စီမံခန့်ခွဲကြသည်။ ကာဂျစ်စတန်က လျှပ်စစ်စွမ်းအားထုတ်လုပ်ရန် ဆောင်းတွင်း၌ ရေများကို အသုံးပြုသည်။ မြစ်အောက်ပိုင်းရှိ ဥဇဘက်ကစ္စတန်က အဆိုပါရေကိုပင် နွေရာသီတွင် ရေသွင်းစိုက်ပျိုးရန် အသုံးပြုသည်။ လူသန်းပေါင်းများစွာတို့အတွက် ရေကို ရယူအသုံးချမှုသည် ယခုအခါ အန္တရာယ်ဖြစ်နေသည်ဟု ကမ္ဘာ့ရေအရင်းအမြစ်ဌာနက မကြာသေးမီက အစီရင်ခံစာတင်သွင်းခဲ့သည်။
is2.jpg

သဲကန္တရအတွင်းမှ သင်္ဘောဟောင်းများ။ ဓာတ်ပုံ − ဝါရှင်တန်ပို့စ်
သဲကန္တရအတွင်းမှ သင်္ဘောဟောင်းများ။ ဓာတ်ပုံ − ဝါရှင်တန်ပို့စ်
အေရယ်၏ အရင်းအမြစ်များသည် များပြားကာ ထိုအရင်းအမြစ်များကို မူလအတိုင်း ပြန်လည်ထိန်းသိမ်းရန်နှင့် ကာကွယ်ပေးရာတွင် စိန်ခေါ်မှုများစွာရှိသည်။ ပါဝင်ဆောင်ရွက်သည့် နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်း ကွာခြားကြကာ ပြဿနာများကို စတင် မဖြေရှင်းနိုင်ခင်လွန်ခဲ့သည့် နှစ် ၂ဝ၊ သို့မဟုတ် ၃ဝ အတွင်း ကျွမ်းကျင်သူများနှင့်နည်းပညာများ အဘက်ဘက်က ဆုံးရှုံးမှုကြောင့် လုပ်ငန်းဆောင်ရွက်ရန် အဖွဲ့အစည်းများ တည်ထောင်ရန် လိုအပ်လိမ့်မည်ဖြစ်သည်။
သို့သော်ငြားလည်း အလားအလာရှိသည့် အချို့သော ဖွံ့ဖြိုးတိုးတက်မှု များ ရှိသေးသည်။ ဥဇဘက်ကစ္စတန်က ၂ဝ၁၈ ခုနှစ်တွင် ရေအရင်းအမြစ် စီမံခန့်ခွဲရေးဝန်ကြီးဌာနကို စတင် တည်ထောင်ခဲ့ကာ တာဂျစ်ကစ္စတန်က ရေ အသုံးပြုကို ကွပ်ကဲသည့်နည်းလမ်းကို ပြန်လည်ဖွဲ့စည်းနေသည်။ ၂ဝဝ၅ ခုနှစ်တွင် အပြီးသတ်ခဲ့သည့် အေရယ်ပင်လယ်မြောက်ပိုင်းရှိ ဆည်တစ်ခုက နောက်ထပ် ရေခန်းခြောက်မှုကို ကြိုတင်ကာကွယ်ရာတွင် အထောက်အကူဖြစ်စေသည်။ အေရယ်၏ အဆိုပါအစိတ်အပိုင်းတွင် ရေပမာဏမှာ လွန်ခဲ့သည့် ရှစ်နှစ်အတွင်း တည်ငြိမ်သည့် အနေအထားတွင် ရှိသည်ကို မြင်တွေ့ရသည်။သို့သော် ပင်လယ်ပြင်၏ ကျန်သည့်အပိုင်းရှိ အခြေအနေမှာ စိတ်အား တက်ဖွယ်ရာ မရှိဟု သုတေသီများက ရေးသားထားသည်။ (ဝါရှင်တန်ပို့စ်)
နွယ်နွယ်ယဉ်
ဘာသာပြန်သည်။